family

မိဘတွေက သားသမီးတွေကို
လေးစားဖို့လိုတယ်။

ဒီနေ့ခေတ်မျိုးဆက်ကတော့အသိတွေရှိလာကြပါပြီ။ မြန်မာပြည်ရဲ့ ပုံစံအရမိဘအများစုက သားသမီးတွေကိုပြီးပြည့်စုံစေချင်ကြတယ်။ဒါက ကောင်းတဲ့အချက်ဖြစ်တယ်။ နောက်ပြီး ကိုယ့်ဘဝမှာအကောင်အထည်မဖော်ဖြစ်ခဲ့တဲ့အိမ်မက်တွေကို သား၊ သမီးတွေကိုအကောင်အထည်ဖော်စေချင်တယ်။ ဒီတော့ ကြိုးစားဖို့အတွက်သားသမီးတွေကို မခံချင်စိတ်ထည့်ပေးဖို့လိုတယ်ဆိုတဲ့ အတွေးတချို့ရှိတတ်ကြတယ်။ မခံချင်အောင် ပြောတတ်ကြသလို၊အောင်မြင်မှုတစ်ခုရတဲ့အခါလဲအသိအမှတ်ပြုမှုကိုဖော်ပြဖို့ ဝန်လေးတတ်ကြတယ်။ စိတ်ကျေနပ်မှုပြလိုက်ရင်မကြိုးစားတော့ဘူးဆိုတဲ့အယူအဆရှိတတ်ကြတယ်။ နောက် ကိုယ့်သားသမီးရဲ့ဖြစ်တည်မှုထက်သူ့လုပ်ဆောင်မှုကနေဖြစ်တဲ့အောင်မြင်မှုပေါ်မှာသာယာ ဂုဏ်ယူတတ်ကြတယ်။ နောက်ပိုင်း ကိုယ့်သား၊ သမီးပျော်ပျော်မပျော်ပျော်ဒါလုပ်လို့ ကိုယ်ပျော်ရင်ကိုယ့်ပျော်ရွင်မှုကို ပိုအလေးပေးမိတတ်ကြတယ်။ လူတွေရဲ့ ဘဝအမူအကျင့်ကိုငယ်ဘဝဖြတ်သန်းမှုကအကြီးအကျယ်လွမ်းမိုးမှုရှိတယ်။ မိဘလုပ်နည်းမသိပြန်ရင်လဲစိတ်ဓာတ်ရာတွေနဲ့ ဖြတ်သန်းရနိုင်တယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်လဲအမြဲသတိထားရတယ်။ သား၊ သမီးမွေးထားတဲ့အခါကိုယ့်ရည်ရွယ်ချက်ကသူတို့ဘဝကို ကိုယ်သတ်မှတ်ထားတဲ့အောင်မြင်မှုရဖို့ မဟုတ်ဘူး။ အဓိက ရည်ရွယ်ချက်ကသူတို့ဘဝလေးတွေ ပျော်ဖို့။ ပျော်ဖို့အတွက်လေးစားမှုလိုတယ်။သူတို့ရဲ့ ဖြစ်တည်မှုအတွက်ဂုဏ်ယူတယ်ဆိုတာ သူတို့သိဖို့လိုတယ်။ဘဝမှာ ရပ်တည်နိုင်တဲ့အသိပညာ၊ အတတ်ပညာတွေသင်ပေးလိုက်ဖို့လိုတယ်။ လက်ပါတဲ့ မိသားစုမှာကြီးပြင်းလာတဲ့ မိသားစုနဲ့နွေးထွေးမှုနဲ့ ကြီးလာတဲ့မိသားစုကသား၊ သမီးတွေမှာမတူညီတဲ့ တုန့်ပြန်မှုပုံစံတွေရှိတတ်တယ်။ သတိပြုပြီး ပြင်နိုင်ရင်ဘဝကို ဒီဇိုင်းလုပ်တဲ့အချိန်ပိုထိရောက်လာမယ်။ Phyo Paing @ […]

မိဘတွေက သားသမီးတွေကို
လေးစားဖို့လိုတယ်။
Read More »

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား

ကြုံဖူးလားတော့ မသိဘူးတချို့လူတွေထွက်ပြေးလို့ မလွယ်တဲ့ အရာက ကိုယ့်အနီးနားဆုံးက toxic ဖြစ်တဲ့ သူတွေပဲဖြစ်တယ်။ ဒါက အဖေလဲဖြစ်နိုင်သလို၊ အမေလဲဖြစ်နိုင်တယ်ဆို အံ့သြသလို ဖြစ်လိမ့်မယ်။ဒါမှ မဟုတ်အမျိုးလဲဖြစ်နိုင်သလို၊တခါတလေ ကိုယ်တိုင်လဲဖြစ်နေနိုင်တယ်။ ဒါကြောင့် ဘာလုပ်လုပ် စဥ်းစား၊ စွန့်လွှတ််၊ စွန့်စား။ Phyo Paing @ Derek

ဘာလုပ်လုပ် စဥ်းစား၊
စွန့်လွှတ််၊ စွန့်စား
Read More »

ကိုယ့်မိသားစုတွေထဲမှာ

ကိုယ်နဲ့အမြဲဆန့်ကျင်ချင်တဲ့သူတွေရှိတတ်ကြတယ်။ဒီလိုဖြစ်ခြင်းက ဘရိတ်ကပ်တဲ့ကားမောင်းနေရသလိုပဲ။လီဗာတော့နင်းတယ်။ရှေ့ရောက်သင့်သလောက်မရောက်ဖြစ်တတ်တယ်။ Phyo Paing @ Derek

ကိုယ့်မိသားစုတွေထဲမှာ Read More »