Ko wledge

လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်သူ့ဆီက ဖုန်းဝင်လာတာမျိုး

ဒီလိုကြုံဖူးလား။လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်သူ့ဆီက ဖုန်းဝင်လာတာမျိုး။စိတ်ထဲမှာ ဒါလေးဖြစ်တော့မလားမသိဘူးဆိုတဲ့အချိန်ဖြစ်သွားတာမျိုး။တစ်ခုခုစဉ်းစားနေတုန်းဒီအကြောင်းကို သူငယ်ချင်းကပြောလိုက်သလိုမျိုး။ကိုယ့်အတွက် ယူနီဗာ့ကလမ်းခင်းပေးထားသလိုမျိုးအချက်တွေပြတတ်တယ်။ဒါကို synchronicity လို့ခေါ်ပြီးစိတ်ပညာရှင် Carl Jung က နာမည်ပေးခဲ့တယ်။ ဒီခံစားမှုမျိုးကို တချို့ကspiritual experience လို့ဆိုတယ်။မနက်ခေါင်းထဲပေါ်လာတဲ့အရာကညနေမှာ ဖြစ်လာသလိုမျိုး။ဘာလုပ်ရမယ်ဆိုတာ အိမ်မက်ပေးသလိုမျိုး။ ဒီလို အတွေ့အကြုံမျိုးခံစားဖူးလား။ (P.S တချို့က ဒါကိုConfirmation bias လို့ခေါ်ပြီးတချို့က apopheniaဘက်လိုက်တွေးလို့ခေါ်တယ်။) Phyo Paing @ Derek

လူတစ်ယောက်ကို စဉ်းစားနေတဲ့အချိန်သူ့ဆီက ဖုန်းဝင်လာတာမျိုး Read More »

ပညာတတ်တတ် မတတ်တတ်ပိုက်ဆံရှာ စီးပွားလုပ်လို့ရတယ်

ပညာတတ်တတ် မတတ်တတ်ပိုက်ဆံရှာ စီးပွားလုပ်လို့ရတယ်။ပညာတတ်လေလေအဆင့်မြင့်စီးပွားလုပ်နိုင်လေလေ။ပညာတတ်တွေကိုဦးဆောင်နိုင်လေလေ။ဒါကြောင့် ပညာသင်ကြတယ်။ သားသမီးတွေကို ပညာတတ်ဖြစ်အောင်ပြုစုပျိုးထောင်ဖို့ ငွေကုန်ခံကြတယ်။“တကယ်” ပညာတတ်လေလေအဆင့်မြင့်တဲ့ အလုပ်လုပ်နိုင်လေလေ။ ခေတ်၊ စနစ်နဲ့ တတ်တဲ့ပညာအံဝင်ဂွင်ကျဖြစ်ဖို့တော့ အရေးကြီးနိုင်တယ်။နိုင်ငံသေးလေးမှာ အာကာသသွားချင်လို့မရဘူး။တတိယနိုင်ငံလိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ပထမနိုင်ငံမှာလိုအပ်တဲ့ ကျွမ်းကျင်မှုမတူဘူး။နိုင်ငံသေးလေးမှာလိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့နိုင်ငံကြီးမှာ လိုအပ်တဲ့ကျွမ်းကျင်မှုလဲ မတူပြန်ဘူး။​ ခေတ်၊ စနစ်နဲ့ စကေး ဒီသုံးခုအံဝင်ဂွင်ကျဖြစ်ဖို့လဲလိုနိုင်တယ်။ ကိုယ့်အတတ်ပညာက တစ်နေရာမှာသုံးမရရင်သုံးလို့ရတဲ့နေရာ သွားရမှာကယုတ္တိကျတဲ့အရာတစ်ခု ဖြစ်နိုင်တယ်။ Phyo Paing @ Derek

ပညာတတ်တတ် မတတ်တတ်ပိုက်ဆံရှာ စီးပွားလုပ်လို့ရတယ် Read More »

ကိုယ့်အဖြေအကြီးကြီးကပြဿနာကြီးပြန်ဖြစ်သွားတတ်တယ်

သွားကြားထိုးသံလေးရဖို့သစ်တစ်ပင်လုံး ခုတ်စရာမလိုဘူး။ဘဝမှာ ပြဿနာသေးသေးလေးကိုဖြေရှင်းဖို့ အဖြေအကြီးကြီးစဥ်းစားလေ့ရှိတတ်တယ်။ဒီလို စဥ်းစားရင်းကိုယ့်အဖြေအကြီးကြီးကပြဿနာကြီးပြန်ဖြစ်သွားတတ်တယ်။ တခါတလေ ကိုယ်ကြုံတွေ့နေတဲ့ပြဿနာကိုဖြေရှင်းဖို့ မတူညီကွဲပြားတဲ့ ဖြေရှင်းနည်းCreative Problem-solving skills လိုတယ်။ဒီ ပြဿနာဖြေရှင်းနည်းကပဲဘဝကို တိုးတက်အောင် လုပ်ပေးနိုင်တာ။ အပ်နဲ့ထွင်းရမယ့်ဟာကိုပုဆိန်နဲ့ ထွင်းရသလိုမဖြစ်ဖို့လိုတတ်တယ်။ Phyo Paing @ Derek

ကိုယ့်အဖြေအကြီးကြီးကပြဿနာကြီးပြန်ဖြစ်သွားတတ်တယ် Read More »

လူတွေကို ပြန်လည်ရှင်သန်စေတဲ့အရာမှာ“အချစ်” ပါတယ်

လူတွေကို ပြန်လည်ရှင်သန်စေတဲ့အရာမှာ“အချစ်” ပါတယ်။ အချစ်လို့ပြောလိုက်ရင်လိင်ပိုင်းဆိုင်ရာ အဓိက မဟုတ်ဘူး။အဓိက စိတ်ခံစားမှု။ ဒီစိတ်ခံစားမှုက ခလုတ်သံစဉ်တွေလိုပဲ။သူ့မှာ သံစဉ်လေးတွေရှိိတယ်။ လူတွေက အဲ့ဒီသံစဉ်တွေရှိနေရင်ပြီးပြည့်စုံတယ်လို့ခံစားကြရတယ်။ အဲ့ဒီသံစဉ်တွေက ကိုယ်ငယ်ငယ်ကလိုချင်ခဲ့တဲ့ အဖေ၊ ဒါမှမဟုတ် အမေရဲ့ပုံစံစိတ်ကူးထဲက ပုံမျိုးဖြစ်နိုင်တယ်။ ဥပမာ ကိုယ်ဘာလုပ်လုပ်အပြစ်မမြင်ပဲ မေတ္တာနဲ့ချစ်ပေးတဲ့အဖေကို လိုချင်ခဲ့တဲ့အခါအဲ့လိုလူတွေ့ရင် အရမ်းချစ်မိတာမျိုး။ ဒါမှမဟုတ် ကိုယ့်အဖေ၊ အမေကကိုယ့်ကို အားကိုးတဲ့အခါကိုယ်က တစ်ခုခုဆို ကယ်တင်ချင်စိတ်ဖြစ်ပြီးBroken ဖြစ် ပျက်နေတဲ့အရာကိုပြင်ပေးချင်တဲ့ သူကြီးဖြစ်နေတတ်တာမျိုး။ အချစ်ရေးမှာ တိုင်ပတ်သူကအမြဲ တိုင်ပြန်ပတ်တတ်တယ်။ ဘာကြောင့်လဲဆိုတော့ခေါင်းထဲက သံစဉ်တွေကြောင့်။သေချာမသိနားမလည်ရင်ဒါကို ချိန်ငြိဖို့ ခက်တတ်တယ်။ Phyo Paing @ Derek

လူတွေကို ပြန်လည်ရှင်သန်စေတဲ့အရာမှာ“အချစ်” ပါတယ် Read More »

ကျွန်တော့် page က စာတွေယူတင်တာတွေ့လို့

ကျွန်တော့် page က စာတွေယူတင်တာတွေ့လို့ လာပြောကြတယ်။ဘားမှ မဖြစ်ပါဘူး။ယူတင်လို့ရပါတယ်။Credit မပေးလဲ ဘားမှ မဖြစ်ပါဘူး။ပေးစရာလဲ မလိုပါဘူး။ကျွန်တော့်အနေနဲ့ မှတ်စုပုံစံမျိုးရေးထားတာဖြစ်ပြီးအားလုံးအတွက် အကျိုးတစ်ခုခုရရင်ကိုထင်ထားတာထက် အများကြီးပိုကောင်းနေပါပြီအားတီ၊ အားမေတို့။ Phyo Paing @ Derek

ကျွန်တော့် page က စာတွေယူတင်တာတွေ့လို့ Read More »