ကိုယ်လုပ်ချင်တာလုပ်ပြီးကိုယ်ဖြစ်ချင်တာ ဖြစ်လာတာအောင်မြင်မှုပဲ။ ဒါပေမယ့် လူအများစုရဲ့ ပြဿနာကမအောင်မြင်သေးတာ မဟုတ်ဘူး။ ကိုယ်ဘာတကယ်ဖြစ်ချင်လဲဆိုတာတောင်သေချာမသိသေးတာ။ နောက်ကိုယ်ဘာလုပ်ရတာ ကြိုက်သလဲ။ဘာလုပ်ပြီး အသက်မွေးချင်သလဲ။ဘယ်လိုဘဝမျိုး နေချင်သလဲ။ သေချာမသိတတ်ကြဘူး။ ဒီတော့ ခေတ်စားနေတာ လိုက်လုပ်တယ်။လူတွေ လုပ်နေတာ လိုက်လုပ်တယ်။ပိုက်ဆံရတယ်ဆိုတာ လိုက်လုပ်တယ်။လူအများ လျှောက်နေတဲ့လမ်းကို လိုက်လျှောက်တယ်။ နှစ်တွေကြာလာတော့တစ်ခုခုတော့ ဖြစ်လာတယ်။ ဒါပေမယ့် ကိုယ်ဖြစ်ချင်တာ ဖြစ်လာတာလား။လောကက ဖြစ်စေချင်တာ ဖြစ်လာတာလား။ ဒါကို ပြန်မေးဖို့လိုတယ်။ တချို့တွေက ကံကောင်းတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ကိုယ်ချစ်တဲ့အလုပ်၊ကိုယ်တော်တဲ့အရာ၊ကိုယ်ဖြစ်ချင်တဲ့ပုံစံကိုရှာတွေ့သွားတယ်။ တချို့တွေကတော့နှစ်ပေါင်းများစွာ စမ်းသပ်ရတယ်။ လူတွေ့ရတယ်။နေရာတွေပြောင်းရတယ်။စာတွေဖတ်ရတယ်။မှားရတယ်။ပြန်စရတယ်။ ဒီလိုနဲ့မှကိုယ်ဘာလိုချင်လဲ တဖြည်းဖြည်း ရှင်းလာတယ်။ ဒါကြောင့် ဘဝမှာကိုယ်ပိုင်အတွေးအခေါ် လိုတယ်။ ကိုယ့်အတွက် အောင်မြင်မှုဆိုတာ ဘာလဲ။ကောင်းတဲ့ဘဝဆိုတာ ဘာလဲ။ဘယ်လိုလူတစ်ယောက် ဖြစ်ချင်လဲ။ဘာအတွက် အချိန်ပေးမလဲ။ဘာအတွက်တော့ အချိန်မပေးဘူးလဲ။ ဒီမေးခွန်းတွေအတွက်ကိုယ်ပိုင်အဖြေရှိဖို့လိုတယ်။ ဒါက ပြောသလောက်တော့ မလွယ်ဘူး။ ကိုယ့်ကိုကိုယ် သိဖို့လိုတယ်။လောကကို နားလည်ဖို့လိုတယ်။အတွေ့အကြုံတွေကနေ