ဘဝမှာ အရေးကြီးဆုံးက Quality of Life ပဲ။
ပိုက်ဆံကလည်း အရေးကြီးပါတယ်။ဒါပေမဲ့ ပိုက်ဆံထက် ပိုအရေးကြီးတာကကိုယ့်ရဲ့ Quality of Life ပါပဲ။ကိုယ်လုပ်ချင်တဲ့အရာကို လုပ်ချင်တဲ့နေရာမှာလုပ်ချင်သလို လုပ်နိုင်တာ။ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေနဲ့ကိုက်ညီတဲ့အလုပ်တွေကို နေ့စဉ်လုပ်ဆောင်နေနိုင်တာ။ကိုယ်ရော စိတ်ပါ ကျန်းမာကြံ့ခိုင်နေတာ။ကိုယ့်ရဲ့အချိန်နဲ့ ကိုယ့်ဘဝကိုကိုယ်တိုင်စီမံဆုံးဖြတ်နိုင်တာ။ဒါတွေက ကျွန်တော့်အတွက်အရေးကြီးဆုံးအရာတွေပါပဲ။ပိုက်ဆံရှာတယ်ဆိုတာလည်းနောက်ဆုံးမှာ ကိုယ်လိုချင်တဲ့ဘဝကို တည်ဆောက်နိုင်ဖို့ပါပဲ။ပိုက်ဆံက ဘဝရဲ့ပန်းတိုင်မဟုတ်ဘူး။ကိုယ်လိုချင်တဲ့ဘဝကို တည်ဆောက်ဖို့အသုံးချရတဲ့ ကိရိယာတစ်ခုပါပဲ။ဒါကြောင့် ဘဝမှာ အရေးကြီးဆုံးအရာတစ်ခုကိုပြောပါဆိုရင် ကျွန်တော့်အတွက်တော့ Quality of Life ပါပဲ။Phyo Paing @ Derek
