ဘဝဆိုတာ တစ်သားမတ်ထဲဖြစ်မနေဘူး။
ဘဝဆိုတာ တစ်သားမတ်ထဲဖြစ်မနေဘူး။အသက်အရွယ်အပိုင်းအခြားအလိုက်အနိမ့်အမြင့် အတက်အကျရှိတယ်။အရေးကြီးတာ ကိုယ်ထိန်းချုပ်လို့ရတဲ့အပိုင်းကိုသိ။ထိန်းချုပ်လို့မရတဲ့အပိုင်းကိုသိ။ထိန်းချုပ်လို့ရတာကို ထိန်းချုပ်။ထိန်းချုပ်မရတာကို လျစ်လျူရှု။ကိုယ့်ရဲ့လုပ်ဆောင်နိုင်စွမ်းတိုးတက်နေအောင်နေ့စဉ်အားထုတ်နေဖို့ပဲ။ ကျန်းမာကြံ့ခိုင်ရေးဖြစ်ရင်ဖြစ်မယ်။အလုပ်စီးပွါးဖြစ်ရင်ဖြစ်မယ်။ငွေကြေးစီမံခန့်ခွဲမှုဖြစ်ရင်ဖြစ်မယ်။အချစ်၊ သားသမီး၊ မိသားစုအရေးဖြစ်ရင်ဖြစ်မယ်။ Phyo Paing @ Derek drphyopaing
