လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်က Encarta msn ဆိုတဲ့ မိုက်ခရိုဆော့ကထုတ်တဲ့စွယ်စုံကြမ်းလေးမှာ လူတွေကို ဘယ်အရာက ပျော်စေလဲရှာကြည့်တယ်။ ဖတ်ကြည့်ပြီး P သုံးလုံးနဲ့ အနှစ်ချုပ်ကြည့်တယ်။ သာယာမှု pleasure တွေကလဲ ပျော်စေတဲ့စားချင်တာ၊ သောက်ချင်တာ၊ခန္ဓာကိုယ်တောင့်တမှုတွေကိုဖြည့်ဆည်းနိုင်တာ။ ဒီသာယာမှုတွေက လူတွေကိုပျော်စေတယ်။ နောက် prosperity ချမ်းသာကြွယ်ဝမှုတွေကလဲစိတ်ရဲ့လိုရာ ရွေးချယ်စရာတွေကိုစိတ်ကြိုက်ရွေးချယ်လို့ရတဲ့အတွက်လူတွေကို ပျော်စေတယ်။ နောက်တစ်ခုကတော့ philosophy အတွေးအခေါ်ပညာ။လူတွေအများဆုံးနေတဲ့အိမ်က ကိုယ့်ရဲ့ အတွေးပဲ။ ဒီအတွေးတဲ့ပုံစံ အတွေးအခေါ်ကလဲလူတွေကို ပျော်စေတယ်။ ဂရိဘာသာစကားအရ philo ဆိုတာချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်sophos ဆိုတာ ဥာဏ်ပညာတဲ့။ လူတွေဘဝ နေပျော်၊ နေတော်ဖို့အတွေးအခေါ်တွေနဲ့ ဓာတ်ပြုကြည့်ဖို့blog တွေရေးဖြစ်သွားတယ်။ Phyo Paing @ Derek