ဖြစ်ချင်တာ နဲ့ ဖြစ်သင့်တာ
ဘာလုပ်ရမလဲ။
ဖြစ်ချင်တာဖြစ်ဖို့ လုပ်ဖို့လိုတာ၊ မလုပ်ချင်ပေမည့် လုပ်ရမည့်အရာတွေကိုလဲဇွဲရှိရှိနဲ့ လုပ်ဖို့လို့ရင် လုပ်ရမှာပဲ။ Phyo Paing @ Derek
ဖြစ်ချင်တာဖြစ်ဖို့ လုပ်ဖို့လိုတာ၊ မလုပ်ချင်ပေမည့် လုပ်ရမည့်အရာတွေကိုလဲဇွဲရှိရှိနဲ့ လုပ်ဖို့လို့ရင် လုပ်ရမှာပဲ။ Phyo Paing @ Derek
နှလုံးသားခိုင်းစေရာလုပ်ဖို့ကိုယ့်နှလုံးသားအသံနားထောင်တတ်ဖို့လဲလိုတတ်တယ်။ကိုယ့်နှလုံးသားအသံ inner voice ကအပြင်က ဆူညံသံ noise တွေဖုံးနေတာကြောင့် နားထောင်ဖို့ခက်တတ်တယ်။ နေ့စဥ် ပြန်မေးကြည့်ကြည့်ကိုယ့်နှလုံးသားက ဒီနေ့ဘာလုပ်လိုက်လို့ပြောနေသလဲ။ဒါက ရူးကြောင်ကြောင်နိုင်ပေမယ့်ဒီ မက်ဆေ့ကနေ ဘဝရဲ့အကောင်းဆုံးအကြံဥာဏ် လမ်းညွှန်မှုတွေရတတ်တယ်။ တချို့က ဒါကို higher power တဲ့။ တချို့က ဒါကို spirituality တဲ့။ တချို့ကလဲ intuition တဲ့။ ဒါနဲ့ ကိုယ့်နှလုံးသားအသံကိုနားမထောင်တာ ဘယ်လောက်ကြာပြီလဲ။ Phyo Paing @ Derek
လောကီမှာလိုချင်တဲ့ စိတ်ဆန္ဒ၊ တပ်မက်မှု၊ တဏှာတွေကိုဖြည့်ဆည်းရင်းစိတ်ကျေနပ်မှုကိုရှာဖွေကြတယ်။ ကိုယ်ဖြစ်ချင်တာဖြစ်လာတော့ပျော်တယ်။ကိုယ်ဖြစ်ချင်စေချင်တာဖြစ်မလာတော့ ဝမ်းနည်းတယ်။ မဖြစ်စေချင်တာ ဖြစ်လာတော့ဒေါသထွက်တယ်။ ချစ်တယ်။ ကြိုက်တယ်။လိုချင်တယ်။ တောင်းတတယ်။လူတွေအထင်ကြီးစေချင်တယ်။လူတွေအထင်အမြင်သေးရင်စိတ်ညစ်မယ်။ ကိုယ်ကသာနေရင်ပျော်မယ်။နောက်ကောက်ကျနေရင်အားငယ်မယ်။ လောကုတ္တရာကျတော့ကိုယ့်ရဲ့ဖြစ်တည်မှု ပကတိအခြေအနေမှာပစ္စုပ္ပာန်တည့်တည့်ကိုရှုတဏှာနဲ့ တပ်မက်မှုတွေကကိုယ့်စိတ်ကိုလာရောက်နှိုးဆွတာကိုဥာဏ်နဲ့ရှုတယ်။ ဆင်ခြင်တယ်။ သုံးသပ်တယ်။ ငယ်တုန်းမှာ ဖြစ်ချင်တာတွေဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။နောက် စိတ်ထားတတ်အောင်လေ့ကျင့်။ Phyo Paing @ Derek
ငယ်တုန်းမှာ ဖြစ်ချင်တာတွေ
ဖြစ်အောင် မြန်မြန်အကောင်အထည်ဖော်။ Read More »
လုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။ ဒါကသိပ်လက်မခံချင်လဲ သေချာနှလုံးသွင်းနိုင်ရင်ဘဝကိုနေပျော်စေနိုင်တဲ့ အယူအဆတစ်ခုပဲ။ NLP မှာတော့Every behaviour has a positive intentionလို့ဆိုတယ်။ အချိန်ဆွဲ Procrastination တဲ့ရည်ရွယ်ချက်ကရှုံးနိမ့်မှာကြောက်တဲ့စိတ်၊ တခြားသူတွေထားတဲ့မျှော်မှန်းချက်အတိုင်းမလုပ်နိုင်မှာစိုးတဲ့အတွက်စိတ်ဖိစီးမှုများပြီး အချိန်ဆွဲတာဖြစ်ကောင်းဖြစ်မယ်။ အစားအစာအများကြီးစားဖြစ်တဲ့ overeating ကစိတ်ဖိဆီးမှုများတာတွေကို ဖြေဖျောက်ဖို့ကြိုးစားတာဖြစ်ကောင်းဖြစ်မယ်။ လူတွေကို အားနာတတ်တာဟာ သူ့ကိုသဘောကျစေလိုတဲ့စိတ်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော်တို့လုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။ အပြောကြမ်းတာဟာ ကိုယ့်ကိုမနိုင်စားအောင် ကာကွယ်တာဖြစ်ကောင်းဖြစ်မယ်။ ကိုယ့်ရဲ့မကောင်းတဲ့အပြုအမူတွေရှိရင်ကိုယ့်ကိုကိုယ် အရမ်းအပြစ်မတင်လိုက်ပါနဲ့။အရင်းအမြစ်ကို သေချာစဥ်းစားကြည့်ပြီးဖြေရှင်းကြည့်ပါ။ တခြားသူတွေကို စာနာပေးသလိုကိုယ့်ကိုကိုယ် စာနာပေးကြည့်ပါ။ Phyo Paing @ Derek
ကျွန်တော်တို့လုပ်ရပ်တိုင်းရဲ့
နောက်ကွယ်မှာ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။ Read More »
ကိုယ့်ရဲ့ “လက်ရွေးစင်ဆေး” ကဘာလဲ။လူတိုင်းက မသိလိုက် မသိဖာသာဆေးစွဲနေကြတယ်။ဒါကို “Drug of Choice” လို့ခေါ်တယ်။ တချို့က shopping နဲ့ အပန်းဖြေတယ်။တချို့က ရတနာတွေစုရင်း အပန်းဖြေတယ်။တချို့က affordable luxury လေးတွေဖြစ်တဲ့coffee နဲ့ အပန်းဖြေတယ်။တချို့က ကိုရီးယားအချစ်ကားကြည့်အပန်းဖြေတယ်။တချို့က ဝိုင်သောက်တယ်။တချို့က အတင်းပြောတယ်။တချို့က စာဖတ်တယ်။တချို့က အရွက်တွေရှူတယ်။ လူတိုင်းရဲ့ “လက်ရွေးစင်ဆေး”drug of choice ရှိတတ်ကြတယ်။ဒီဆေးသုံးလိုက်တိုင်းဦးနှောက်ရဲ့ ဆုပေးမှုအဖွဲ့အစည်းကိုသွားလှုံ့ဆော်တယ်။ ကိုယ့်ရဲ့ ပျော်ရွင်မှုအတွက်လက်ရွေးစင်ဆေးကဘေးဥပတ်မဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek
ကျွန်တော်ထင်တာနောက်နှစ်နှစ်အတွင်းကို English လိုမတတ်ထားရင် တော်တော်လေးနောက်ကျကျန်ခဲ့တော့မယ်။AI ခေတ်မှာ English လိုဖတ်တတ်တဲ့သူကလိုချင်တဲ့ သတင်းအချက်အလက်ရှာဖွေဖော်ထုတ် “အသုံးပြု”နိုင်တဲ့အချိန်မှာကိုယ်က ဘယ်ဆရာပြောတယ်ဆိုတဲ့လွန်ခဲ့တဲ့ နှစ်ဆယ်ရာစုအတိုင်းသွားနေသေးရင်ပိုပိုဝေးသွားလိမ့်မယ်။ တချို့က ပညာကို ဥစ္စာနဲ့လဲတယ်။တချို့က ဥစ္စာကို ပညာနဲ့လဲတယ်။တချို့က အချိန်ကို ဥစ္စာနဲ့လဲတယ်။ ပညာနဲ့ ဥစ္စာမရှိရင်ဘဝခရီး ထင်သလောက်မလွယ်လှဘူး။ Phyo Paing @ Derek
Relationship တစ်ခု လတ်ဆတ်နေဖို့ နှစ်ဦးစလုံး နေ့စဥ်ပိုကောင်းတဲ့ version ဖြစ်နေဖို့လိုတယ်။ ဒီလိုဖြစ်ဖို့ နှစ်ဦးနှစ်ဖက်စလုံး ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။နောက် ကိုယ့် partner ကို နားလည်ဖို့အရေးကြီးတယ်။ သေချာနားလည်ပြီဆိုရင် သူ့ကို အရှိကို အရှိအတိုင်း လက်ခံနိုင်ဖို့လိုတယ်။ Relationship တစ်ခုမှာ တစ်ယောက်ယောက်က အရင်ကလို အရမ်းကောင်းတဲ့ version မဟုတ်တော့တဲ့အခါကိုယ့်ဖက်က လက်ခံနိုင်မလား အရေးကြီးတယ်။ ယောကျာ်းဆိုလဲ အရင်လို ငွေရှာဖို့ အင်အားတွေမရှိတော့တဲ့အခါ၊ အမျိုးသမီးဆိုလဲ အရင်လိုမလှတော့တဲ့အခါ လက်ခံနိုင်မလား။ အမှန်တော့ relationship ဆိုတာ team building တစ်ခုပဲ။ တန်ဖိုးထားမှုတွေ တူဖို့၊ တူညီတဲ့အနာဂတ်တစ်ခုကို အတူတည်ဆောက်ဖို့တစ်ယောက်နဲ့ တစ်ယောက်နားလည်ဖို့ကလိုတယ်။ ဒါပေမယ့် အလုပ်ခွင်မတူတဲ့အခါ၊ခေါင်းထဲကိုထည့်တဲ့ သတင်းအချက်အလက်တွေမတူတဲ့အခါမြင်တဲ့အမြင်တွေ မတူတဲ့အချိန်တစ်ခု ရောက်လာလိမ့်မယ်။ ဒီလိုမဖြစ်အောင် ပုံမှန်ဆက်သွယ်မှုပြုဖို့လိုသလိုအလုပ်အကြောင်းပြောဖို့လိုတယ်လို့ထင်တယ်။ Phyo
လူတွေကို ကူညီပါ။ ဒါက အောင်မြင်ရေး formula ပဲ။ လူတွေဆီက ပိုယူဖို့ထက်ကိုယ့်ဖက်က ပိုပေးဖို့စဥ်းစားတဲ့အခါလူတွေက ကိုယ့်ကို ပိုယုံကြည်မယ်။ ဒီတော့ ကိုယ့် service ကိုကိုယ့်မျက်နှာကြီးနဲ့ Facebook မှာ boost လုပ်စရာမလိုတော့ဘူး။ အကြံပေး service နဲ့ ပတ်သက်လို့Facebook မှာ ဘယ်တုန်းကမှBoost လုပ်ပြီး မကြော်ငြာဖူးဘူး။ကြော်ငြာမရေးဖူးဘူး။ ဒါပေမယ့် အမြဲပြည့်နေတယ်။ ဘာကြောင့်လဲ ကိုယ့်ကိုကိုယ် ပြန်စဥ်းစားကြည့်တော့ အဖြေက စေတနာဆိုတာ သွားတွေ့တယ်။ လူတွေဆီက ယူတာထက် ပိုပေးဖို့ ကြိုးစားကြည့်ပါ။ ကိုယ့်ရဲ့ အလုပ်အကိုင် ပိုတိုးတက်လာလိမ့်မယ်။ Phyo Paing @ Derek