“ဘာပဲဖြစ်ဖြစ်”
လူတွေကို စိတ်ဒုက္ခအပေးဆုံးစကားလုံးတစ်လုံးက“အရင်တုန်းကလို”။ ကယ်တင်တဲ့စကာလုံးတစ်ခုက“ဘာပဲဖြစ်ဖြစ်”။ Phyo Paing @ Derek
လူတွေကို စိတ်ဒုက္ခအပေးဆုံးစကားလုံးတစ်လုံးက“အရင်တုန်းကလို”။ ကယ်တင်တဲ့စကာလုံးတစ်ခုက“ဘာပဲဖြစ်ဖြစ်”။ Phyo Paing @ Derek
လူတွေ ဘာကြောင့်လိုတာထက်ပိုစိတ်ဆင်းရဲကြရသလဲ။ မှန်ကန်တဲ့အမြင်မရှိလို့ပါ။ ဒါကြောင့် မဂ္ဂင်ရှစ်ပါးမှာ ပထဆုံးတစ်ပါးက သမ္မာဒိဋ္ဌိ မှန်သော အယူအမြင်ရှိရမယ်တဲ့။ ယုံကြည်မှုတစ်ခုတည်းနဲ့မရဘူး။ မှန်ကန်တဲ့အမြင်လိုပါတယ်။ တိုက် ၁၂ ပေါ်က ခုန်ချရင်မသေဘူးလို့ ယုံကြည်ပြီးသမန်သလင်းပေါ်ခုန်ချမသေရင်တောင် ခြေကျိုးလက်ကျိုးဖြစ်မှာပဲ။ ပညာသင်တယ်ဆိုတာ မှန်ကန်တဲ့အမြင်ရှိဖို့။ လောကသဘာဝအကြောင်းသိဖို့ ရူပဗေဒကိုသင်တယ်။ရေခဲတုန်းကို ပူနေတဲ့ရေထဲထည့်အရေပျော်သွားတဲ့ အစရှိတဲ့ဓာတ်ပြုမှုတွေကိုစနစ်တကျသိဖို့ ဓာတုဗေဒသင်တယ်။ လူတွေရဲ့ခန္ဓာဖွဲ့စည်းပုံသိဖို့ ခန္ဓာဗေဒ anatomy သင်တယ်။ နိုင်ငံ့စီးပွားရေး၊ ကမ္ဘာ့စီးပွားနားလည်ဖို့ဘောဂဗေဒ ပညာသင်တယ်။ အစရှိတဲ့ ပညာရပ်တွေကို “သေချာ”“ထဲထဲဝင်ဝင်” သိလေလေ မှန်ကန်တဲ့အမြင်ရှိလေလေ။ လီကွန်းယူက သူ့နိုင်ငံတည်ဆောက်တော့သူ့ဦးဆောင်သူတွေနဲ့ ဒါတွေကို မလေ့လာပဲ စလုံးကိုတည်ဆောက်လို့ ရမယ်ထင်သလား။မရနိုင်ဘူး။ ပညာသင်တဲ့ ရည်ရွယ်ချက်က မှန်ကန်တဲ့ အမြင်ရှိဖို့။ မှန်ကန်တဲ့ အမြင်ရှိရင်တွေးတတ်ကြံတတ် သမ္မာသင်္ကပ္ပ ရှိမယ်။ပြောဆိုတတ် သမ္မာဝါစာ ရှိမယ်။ လုပ်ကိုင်တတ် သမ္မာကမ္မန္တ ရှိမယ်။
အာရုံထွေပြားအောင်သတင်းတုတွေနဲ့လုပ်တယ်။တစ်ခုတည်းပေါ်အာရုံမစိုက်နိုင်အောင် အပျော်အပါးတွေနဲ့ ဖြားယောင်းတယ်။ သမာဓိမရှိစူးစိုက်မှုတွေ ပျောက်အောင်ဒေါသတွေ နဲ့ နှိုးဆွတယ်။ တစ်ကမ္ဘာလုံးမှာဖြစ်နေတာ။ တန်ဖိုးရှိတဲ့သူတစ်ယောက်ဖြစ်ဖို့ ကိုယ့်ဘဝကိုယ်တာဝန်ယူနိုင်စွမ်းလိုတယ်။ ကိုယ့်မိသားစု ကိုယ်တာဝန်ယူနိုင်စွမ်းလိုတယ်။ ဒီနေ့လို လောကကြီးမှာ အကြည်ဓာတ်ပျောက်ဖို့လွယ်တယ်။အာရုံတွေထွေပြားဝေဝါးဖို့လွယ်တယ်။အာရုံစူးစိုက်အလုပ် လုပ်နိုင်ဖို့ ခက်တယ်။လက်လျော့လိုက်ဖို့လွယ်တယ်။အချိန်ဆွဲဖို့လွယ်တယ်။စည်းကမ်းရှိပြီး အခြေအနေဘယ်လိုဖြစ်နေပါစေနည်းလမ်းရှာပြီး စည်းကမ်းရှိရှိ ဆက်သွားဖို့ခက်တယ်။ အများဆုံးနေတဲ့နေရာကcomment ထဲက အပုပ်နံ့ပြင်းတဲ့နေရာမဖြစ်ဖို့လိုနိုင်တယ်။ ဒီနေ့ခေတ် ၁၀၀ ဘီလီယံဆဲလ်ရှိတဲ့ဦးနှောက်ကို မသုံးတတ်ရင်ပိုခက်မယ်။ အတွေးသိမ်၊ အမြင်သိမ်၊ မေးခွန်းမေးတာမှား၊ အယူအဆမှား၊ ယုံကြည်မှုမှား၊ အားကျစရာကို ဟားတိုက်၊ အားနေအပြစ်ပြော၊ အနာလို တိုက်ခိုက်နဲ့ကောင်းမွန်တဲ့ ဘဝ၊တန်ဖိုးရှိတဲ့ သူတစ်ယောက်အဖြစ်ဘဝတည်ဆောက်ဖို့ မလွယ်နိုင်ဘူး။ ဗုဒ္ဓအဆုံးအမ၊ ဆရာသမားတွေ ရဲ့အဆုံးအမ၊ပျက်စီးယိုယွင်းနေနဲ့ ပတ်ဝန်းကျင်မှာပတ်ဝန်းကျင်ထက်ပိုကြီးအောင်စဥ်းစားနိုင်ဖို့ အားဖြစ်စေတဲ့ အိုင်ဒီယာတွေ၊ ပညာရှင်တွေ၊ လူတော်တွေ၊ တန်ဖိုးရှိတဲ့သူတွေကို ကျေးဇူးတင်မိတယ်။ လူတစ်ယောက်ဟာအတွေးအခေါ် အဆိပ်ခပ်ခံရရင်ပြေဖို့ အတော်ခက်တယ်။ Phyo Paing
လူတစ်ယောက်ဟာ
အတွေးအခေါ် အဆိပ်ခပ်ခံရရင်
ပြေဖို့ အတော်ခက်တယ်။ Read More »
ဘယ်နေရာရောက်ရောက်လူတွေ ကိုယ့်ကိုကူညီစေချင်ရင်အထာနပ်ဖို့လိုတယ်။လူတိုင်းက လူတွေရဲ့အကူအညီလိုတာပဲ။ ပြောတဲ့စကားလုံး။လေယူလေသိမ်း၊ကိုယ်နေဟန်ထား၊ယဉ်ကျေးမှုနဲ့ အထာအထူးအရေးကြီးတယ်။ လူတွေကြား လူဝင်ဆံ့ဖို့တော်တော်ကြိုးစားရပြန်တယ်။ Phyo Paing @ Derek
သူတို့ ငယ်ဘဝ ဖြတ်သန်းမှုကို ပြန်ကြည့်။ ကြမ်းတမ်းတဲ့ဘဝ ဖြတ်သန်းလာတာချင်းတူရင်တောင် အဓိပ္ပာယ်ဖွင့်ဆိုမှုချင်းမတူကြဘူး။ ဘယ်အရာက ကွာသွားစေသလဲ။ သူတို့ရဲ့ ရှင်သန်မှု မဟာဗျူဟာ။ တချို့တွေက လိုချင်တာရဖို့လူတွေအပေါ် nice ဖြစ်ရတယ်။ဆက်ဆံရေးကောင်း လူတွေလိုအပ်ချက်နားလည်ရတယ်။ဒီတော့ social ကောင်းသူကြီးတွေဖြစ်လာတယ်။ တချို့က လူတွေအပေါ်ကောင်းလို့မရဘူး။ချီကျမှ ရတယ်။ ညစ်မှ ရတယ်။ လွယ်လွယ်နဲ့ ပေးမှာ မဟုတ်ဘူး။အညစ်ကြီးတွေ ဖြစ်လာတယ်။ တချို့က လိုချင်တာရဖို့ တခြားသူတွေကို ဂရုအရမ်းစိုက်နေရင်ခံစားချက်တွေများပြီး အလုပ်မလုပ်နိုင်ဘူး။ကိုယ့်ဘဝ ကိုယ်တိုင်တည်ဆောက်မှရတာ။ တချို့က သတင်းတွေ ထိန်းချန်ထားမှရတာ။အကုန်ပေးမသိနဲ့။ မလိမ့်တပတ်လုပ်။ တချို့က တောက်ပထူးချွန်ပြမှရမှာ။ဒါမှ လူတွေငါလိုချင်တာပေးမှာ။ တချို့က ကိုယ်က စိတ်ဓာတ်ကျပြမှလူတွေ ဂရုစိုက်မှာ။ တချို့က လူတွေကို ကူညီမှ လူတွေကို ကိုယ့်ကိုချစ်မှာ။ လူတွေက ဘဝဂိမ်းကို မတူညီတဲ့ မဟာဗျူဟာတွေနဲ့ ပလေးနေကြတယ်။
အနာဂတ်ကိုမြင်တဲ့အတိုင်းလူတွေက ပြင်ကြတာပဲ။ တိရစ္ဆာန်အများစုကအနာဂတ်အတွက် “သေချာစဥ်းစား”မပြင်ဆင်တတ်ကြဘူး။ လူတွေက အနာဂတ်ဝေးဝေးအတွက်ကြံဆပြီး သေချာစဥ်းစားပြင်ဆင်တတ်ကြတယ်။ ဘာဖြစ်နိုင်တယ်။ဘယ်မှာနေမယ်။ဘယ်လို အလုပ်လုပ်မယ်။အနာဂတ်မှာ ဖြစ်နိုင်ခြေအတွက်သေချာစဥ်းစား ပြင်ဆင်မှုတွေလုပ်နိုင်တယ်။ အလုပ်ခွင်ဝင်ဖို့ ကျောင်းပညာသင်ပြီးပြင်ခဲ့ကြတယ်။ အိုစာမင်းစာ ပင်စင်ယူအလုပ်မလုပ်တဲ့အခါအတွက်သန်တုန်းမြန်တုန်းမှာ အလုပ်ကြိုးစားစုဆောင်းပွားများထားကြတယ်။ အနာဂတ် အမြင်ရှိပြီးပြင်ထားနိုင်တာ လူတွေရဲ့အစွမ်းအစပဲ။ဒါကို မေ့နေလို့မရဘူး။ စိတ်၊ ခန္ဓာ၊ ငွေကြေး၊ အလုပ်၊ လူမှုဘဝ။အကုန် သေချာစီမံ ပြင်ထားနိုင်မှတော်ကာကျမယ်။အထူးသဖြင့် ကျွန်တော်တို့လို လူတွေအတွက်ပေါ့။ Phyo Paing @ Derek
လူတွေက အနာဂတ်ဝေးဝေးအတွက်
ကြံဆပြီး သေချာစဥ်းစား
ပြင်ဆင်တတ်ကြတယ်။ Read More »
တစ်ယောက်နဲ့ တစ်ယောက်ဖြစ်ချင်တာမတူဘူး။ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်မတူဘူး။ပြဿနာတုန့်ပြန်တဲ့ပုံမတူဘူး။ လောကရှုမြင်ပုံမတူဘူး။တန်ဖိုးထားမှု မတူဘူး။ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ပုံပြင်၊ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်မတူဘူး။ယုံကြည်မှုတွေ မတူဘူး။ အကြောင်းအရာတစ်ခုအပေါ်အလေးအနက်ထားတာ မတူဘူး။ ဒီလို မတူတဲ့သူတွေကို ကိုယ်နဲ့အတူတူပုံစံ လိုက်စဥ်းစားနေရင်မှားနိုင်တယ်။ Phyo Paing @ Derek
ကိုယ်နဲ့အတူတူပုံစံ လိုက်စဥ်းစားနေရင်မှားနိုင်တယ်။ Read More »
လိုချင်အောင်လုပ်ပြီးအလွယ်တကူမရအောင်လုပ်တာLuxury Brand တွေရဲ့ အထာပဲ။စားသောက်ဆိုင်ဆိုလဲ ၂၄ နာရီဖွင့်မထားသလို ကြိုတင် booking ယူရတာမျိုး။ အိတ်ဆိုလဲ ကန့်သတ်ထုတ်တဲ့limited edition လိုမျိုး။ ဆက်ဆံပုံမတူ လူရင်း၊ လူဟောင်းဦးစားပေးဆက်ဆံတာမျိုး။ ပေးတိုင်းပြန်မရပါဘူး။ သက်ရောက်မှုတိုင်းက နေရာ၊ လူ၊ အချိန်မတူရင်တန်ပြန်မှုကလဲ မတူပါဘူး။ စေတနာပေးတိုင်း စေတနာ ပြန်မရတတ်ပါဘူး။ တခါတလေ ဝေဒနာပါဖြစ်တတ်တယ်။ ဒီစာလေးကို ဖတ်နေတဲ့သူက တန်ဖိုးမြင့်အမှတ်တံဆိပ်ပဲ။ ဒီနေ့လို အချိန်မှာလူတိုင်းအတွက် အချိန်တိုင်းမအားပါနဲ့။ Phyo Paing @ Derek
လူတွေကို ပုံသွင်းဖို့ ပုံစံခွက်လိုတယ်။ ကျောင်း၊ အလုပ်၊ အသိုင်းအဝိုင်း၊ ယဥ်ကျေးမှုနဲ့ ထုံးတမ်းစဥ်လာ၊အယူအဆ၊ ယုံကြည်မှုပုံစံခွက်မကြိုက်ရင်ပုံသွင်းမခံနဲ့။ ပုံစံခွက်ထဲက တွေးနည်း၊ ပုံစံခွက်ထဲက ယုံကြည်မှု၊ ပုံစံခွက်ထဲက မေးခွန်း၊ ပုံစံခွက်ထဲက ကြံစည်ပုံ၊ပုံစံခွက်ထဲက လုပ်ဆောင်ပုံ။ ပုံစံခွက်ထဲက ပုံသွင်းခံရတဲ့အိုးပုတ် ချိုးရုပ် လေးဖြစ်မှာ မလိုလားတဲ့သူတွေ အနေနဲ့ကိုယ်မကြိုက်တဲ့ အတွေး၊ ကိုယ်အထင်မကြီးတဲ့ ယုံကြည်မှု၊ကိုယ့်ကိုရင်ခုန်စေတဲ့ ဘဝနေထိုင်မှုတွေနဲ့ပုံသွင်းမခံနဲ့။ Phyo Paing @ Derek
ကြုံဖူးမလားတော့မသိဘူးတချို့သူတွေနဲ့ တွေ့ပြီးရင်ကံဇာတာတွေ ကျသွားသလို အကြည်ဓာတ်တွေ ပျောက်အပူဓာတ်တွေ ရောက်ဖြစ်တတ်တယ်။ တချို့သူတွေနဲ့ တွေ့ရင်ရှင်းနေတဲ့ အရာတွေ ပိုရှုပ်သွားတတ်တယ်။ တချို့သူတွေနဲ့ တွေ့ရင်ရှုပ်နေတဲ့အရာတွေ ပိုရှင်းသွားတတ်တယ်။ ပိုတက်ကြွပြီး အားအင်ပိုရှိလာတတ်တယ်။ လူတွေမှာ ဓာတ်တွေရှိတယ်။ဒီဓာတ်တွေကို အနံ့ခံပြီး ဘယ်သူနဲ့ ပေါင်း၊ဘယ်သူ့ကို ချင့်ချိန်ပေါင်း၊ ဘယ်သူ့ကို စည်းခြား၊ဘယ်သူ့ကို ရှောင် သတိထားဖို့လိုနိုင်တယ်။ အထူးသဖြင့် အခုလို ကာလမှာ။ Phyo Paing @ Derek