ဇီဝကမ္မဖြစ်စဥ် Physiology ဆိုတာ

လူတွေရဲ့ ဇီဝကမ္မဖြစ်စဥ်ကိုသေချာအသုံးချတတ်ရင်ကိုယ့်ရဲ့ circadian rhythm ကိုလိုသလို ပြောင်းလို့ရတယ်။ဘယ်အချိန်အိပ်ပြီးဘယ်အချိန်ထချင်တယ်။ဘယ်လိုအလုပ်လုပ်ချင်တယ်။စွမ်းအင်ကို ဘယ်လိုစီမံခန့်ခွဲမယ်။ ဇီဝကမ္မဖြစ်စဥ် Physiology ဆိုတာခန္ဓာကိုယ် ဘယ်လိုအလုပ်လုပ်တယ်လေ့လာတာ။ဇီဝဗေဒ Biology ရဲ့အခွဲတစ်ခုဖြစ်တယ်။ ဘောလုံးမကန်ခင်မှာသွေးပူလေ့ကျင့်ခန်းဘာကြောင့်လုပ်သလဲ? နှလုံးခုန်မြန်ပြီး သွေးလည််ပတ်မှုကောင်းပြီးကြွက်သားတွေထဲ သွေးပိုရောက်အောင်။ထိခိုက်မှုနည်းစေတယ်၊ပျော့ပြောင်းမှုပိုဖြစ်စေတယ်၊လှုပ်ရှားမှုစွမ်းဆောင်ရည်အတွက် ကူညီပေးတယ်။ဒါက ဇီဝကမ္မဖြစ်စဥ်ကို အသုံးပြုတဲ့သာဓက တစ်ခုပဲ။ အိပ်ချင်နေတယ်၊ အလုပ်ကလဲမပြီးသေးဘူး။ကော်ဖီသောက်လိုက်တယ်။သွေးထဲမှာ adenosine receptor အဒီနိုစင်းလက်ခံကိုသွားပိတ်တယ်။ အရူးသွားလုပ်တယ်။adenosine တွေက သူ့ လက်ခံနဲ့ပေါင်းလို့မရပဲသွေးထဲလည်ပတ်နေတယ်။ဒီတော့ အနားယူမည့် အိပ်ချင်စိတ်ကိုအချိန်တစ်ခုထိ ရပ်ထားဖို့ ကူညီပေးတယ်။ Phyo Paing @ Derekdrphyopaing

ဇီဝကမ္မဖြစ်စဥ် Physiology ဆိုတာ Read More »