problem solving

စူးစမ်းလိုစိတ်နဲ့ အဖြေရှာလို့ရတယ်။

ပြဿနာမကြုံတဲ့ လူမရှိဘူး။ပြဿနာမကြုံတဲ့ လုပ်ငန်းလဲမရှိဘူး။အခုမကြုံ နောက်ကြုံမှာပဲ။ စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ပိုင်းဆိုင်ရာ၊လူမှုရေးဆိုင်ရာ၊ငွေကြေးဆိုင်ရာ၊အလုပ်အကိုင်ဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာပြဿနာက ရှိမှာပဲ။ ဒါကြီးကို စိတ်ညစ်ညစ်နဲ့ဖြတ်သန်းလို့ရတယ်။ဒါကို စူးစမ်းလိုစိတ်နဲ့ အဖြေရှာလို့ရတယ်။ Phyo Paing @ Derek =========================No one is without problems. No business is without problems. If you’re not facing a problem now, you will in the future. Problems can be related to: Mental well-beingPhysical healthSocial relationshipsFinancesCareerThoughts and mindsetProblems will always exist. You can go through […]

စူးစမ်းလိုစိတ်နဲ့ အဖြေရှာလို့ရတယ်။ Read More »

ပြဿနာဖြေရှင်းနည်း

သွားကြားထိုးတံလေးရဖို့ သစ်တစ်ပင်လုံး ခုတ်စရာမလိုဘူး။ဘဝမှာ ပြဿနာသေးသေးလေးကိုဖြေရှင်းဖို့ အဖြေအကြီးကြီးစဥ်းစားလေ့ရှိတတ်တယ်။ဒီလို စဥ်းစားရင်းကိုယ့်အဖြေအကြီးကြီးက ပြဿနာကြီးပြန်ဖြစ်သွားတတ်တယ်။ တခါတလေ ကိုယ်ကြုံတွေ့နေတဲ့ပြဿနာကိုဖြေရှင်းဖို့ မတူညီကွဲပြားတဲ့ ဖြေရှင်းနည်းCreative Problem-solving skills လိုတယ်။ ဒီ ပြဿနာဖြေရှင်းနည်းကပဲဘဝကို တိုးတက်အောင် လုပ်ပေးနိုင်တာ။ အပ်နဲ့ထွင်းရမယ့်ဟာကို ပုဆိန်နဲ့ ထွင်းရသလိုမဖြစ်ဖို့လိုတတ်တယ်။ Phyo Paing @ Derek

ပြဿနာဖြေရှင်းနည်း Read More »

စဥ်းစားပုံ၊ စဥ်းစားနည်း
အရေးကြီးတယ်။

ပြဿနာကို အောင်မြင်စွာဖြေရှင်းပြီးတိုင်းပျော်ရွင်မှုရတယ်။ ပြဿနာ မရှိတဲ့ ဘဝ မရှိဘူး။လူတွေ ပြဿနာတွေကို ဘယ်လို တုန့်ပြန်လဲဆိုတာပေါ်မူတည်ပြီး ဘဝတွေ ကွာသွားကြတယ်။ ပြဿနာကို အပြစ်တင်မလား၊ပြဿနာကို အဖြေရှာမလား။ဒီနှစ်ခုပေါ်မူတည်ပြီး ဘဝရဲ့ လားရာတွေ ကွာသွားတယ်။ ပြဿနာ အဖြေရှာဖို့အတွက်စူးစမ်းအဖြေရှာလို၊ သင်ခန်းစာယူစိတ်၊ စဥ်းစားပုံ၊ စဥ်းစားနည်း အရေးကြီးတယ်။ ပြဿနာကြီးကြီးတွေ ဖြေရှင်းနိုင်အောင်ပညာသင်ကြတယ်။ စာဖတ်ကြတယ်။ သုတေသနလုပ်ကြတယ်။ စမ်းသပ်မှုတွေ လုပ်ကြတယ်။ လက်တွေ့ လုပ်ဆောင်ကြတယ်။ သင်ခန်းစာယူကြတယ်။ သူငယ်တန်းကလေး ကြုံတဲ့ပြဿနာနဲ့ တက္ကသိုလ်ကျောင်းသားကြုံတဲ့ပြဿနာ မတူနိုင်ဘူး။ ပြဿနာ မရှိတဲ့ ဘဝကို မျှော်လင့်မည့်အစားပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ကျွမ်းကျင်မှု ကြွက်သားကို တိုးတက်အောင် ကြိုးစားတာကမှန်ကန်တဲ့ အမြင်တစ်ခု ဖြစ်နိုင်တယ်။ Phyo Paing @ Derek

စဥ်းစားပုံ၊ စဥ်းစားနည်း
အရေးကြီးတယ်။
Read More »

ပြဿနာ အဖြေရှာ

ပြဿနာရဲ့သဘောတရားကသူ့ကို ဖြေရှင်းနိုင်ရင်ဆုချတာပဲ။ အခွင့်အလမ်းအရှေ့မှာပြဿနာက အမြဲတွဲပါတယ်။ စျေးကွက်ပြဿနာကိုထိုင်ငြီးတဲ့သူနဲ့ ဖြေရှင်းတဲ့သူကွာသွားမှာပဲ။ ဖြေရှင်းဖို့စဥ်းစားရဲဖို့၊အဖြေရဖို့၊ကိုယ့်အဖြေက သာမာန်ထက်ပိုကောင်းဖို့။ ပြဿနာဆိုတာတဲ့အရာကိုကိုယ့်အတွက် အခွင့်အရေးအနေနဲ့သာပြောင်းလို့ရခဲ့မယ်ဆိုရင်ဘယ်လိုပြောင်းလိုက်မလဲ။ Phyo Paing @ Derek

ပြဿနာ အဖြေရှာ Read More »

ပြဿနာ အဖြေရှာတဲ့အခါ

ပြဿနာတစ်ခု ဖြစ်တိုင်း ဖြေရှင်းလို့ရအောင်နည်းစနစ်တစ်ခု ထုတ်ထားတယ်။ ဖြေရှင်းရမည့်ပြဿနာProblems to Solve ရှိထားတဲ့ သတင်းအချက်အလက်Available Information ဆုံးဖြတ်ချက်ချဖို့ ထပ်လိုတဲ့သတင်းအချက်အလက်What Additional Information Do You Need to Make Optimal Decisions to Reach Your Goals? ကိုယ်လိုချင်တဲ့ အကောင်းဆုံးရလဒ်What is Your Desired Ideal Outcome? ခုလက်ရှိ ရှိထားတဲ့အခွင့်အလမ်း။Is There Any Opportunity Available Right Now? အနာဂတ်အတွက် ရှိထားတဲ့ အခွင့်အလမ်း။What Opportunities Will Be Available in the Future? လက်ရှိမှာ ရှိထားတဲ့ခြိမ်းခြောက်မှု။Are There Any Current

ပြဿနာ အဖြေရှာတဲ့အခါ Read More »

ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။

တချို့က ပြဿနာကို မြင်တယ်။တချို့က အဖြေကို မြင်တယ်။ တချို့က ပြဿနာကို အပြစ်တင်ဖို့ရှာတယ်။တချို့က ပြဿနာကို အဖြေရှာတယ်။ တချို့က ပြဿနာကပေးမည့် ဒုက္ခကိုအဓိက စဥ်းစားတယ်။တချို့က ဖြေရှင်းပြီးရင်ရမည့် သုခကို အဓိက စဥ်းစားတယ်။ လူတိုင်းက ကိုယ့်အမြင်နဲ့ကိုယ်ပဲ။ မှန်တယ်၊ မှားတယ်မရှိဘူး။ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ Phyo Paing @ Derek

ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ Read More »

ပြဿနာဖြေရှင်းနိုင်စွမ်းမြင့်တဲ့သူ
ဘယ်နှစ်ယောက် ရှိလဲ အရေးကြီးတယ်။

သူငယ်တန်းကလေး အယောက် ၁၀၀ ဝိုင်းဖြေလဲဆယ်တန်းကအောင်မှာမဟုတ်ဘူး။အဲ့လိုပဲ ကိုယ့်လုပ်ငန်းမှာလူအယောက် ၁၀၀ ရှိတာကောင်းတယ်။အဲ့အယောက် ၁၀၀ မှာA player ကောင်းကောင်းပြဿနာဖြေရှင်းနိုင်စွမ်းမြင့်တဲ့သူဘယ်နှစ်ယောက် ရှိလဲ အရေးကြီးတယ်။ ကိုယ့်ရဲ့ ဦးဆောင်တဲ့ team ရဲ့brain power ကို အဓိကမြင့်ထားဖို့လိုတယ်။ လူတော်တွေကို train မှလုပ်ငန်းခုန်ပျံကျော်လွှားတိုးတက်မှာ။ လူတွေမှာ A player, B player, C player ရှိတယ်။စွမ်းဆောင်ရည်၊ စွမ်းအင်၊ စိတ်ဓာတ်၊စဥ်းစားပုံ မတူကြဘူး။ ဒီ စ “၄” လုံးမတူတဲ့အတွက် သင်တန်းမပေးခင်အဆင့်အလုပ်ခေါ်တဲ့အဆင့်၊ရွေးချယ်တဲ့အဆင့်က သင်တန်းပေးတဲ့အဆင့်ထက် ပိုအရေးကြီးတယ်။ ဒီလို လူတော်တွေ A player တွေလာအောင်ကိုယ့်လုပ်ငန်းက C player တွေအများကြီး မဖြစ်နေဖို့လိုတယ်။နောက် ဦးဆောင်သူကလဲကိုယ့်ကိုကိုယ် ဖြည့်ထားဖို့အရေးကြီးတယ်။ Phyo Paing @

ပြဿနာဖြေရှင်းနိုင်စွမ်းမြင့်တဲ့သူ
ဘယ်နှစ်ယောက် ရှိလဲ အရေးကြီးတယ်။
Read More »