အပေါ်ယံပြဿနာကို ဖြေရှင်းတာ ရပ်ပါ။စနစ်ကို ဖြေရှင်းပါ။
လူအများစုက ပြဿနာကြုံရင်ပြဿနာကို ဖြေရှင်းတယ်။ ဝန်ထမ်းထွက်သွားတယ် — လူသစ်ခေါ်တယ်။ရောင်းအားကျတယ် — ကြော်ငြာပိုထည့်တယ်။ဖောက်သည်မကျေနပ်ဘူး — တောင်းပန်တယ်။ ပြီးရင် ပြဿနာ ပြန်ဖြစ်တယ်။ထပ်ဖြေရှင်းတယ်။ထပ်ဖြစ်တယ်။ထပ်ဖြေရှင်းတယ်။ ဒါ ပြဿနာဖြေရှင်းတာ မဟုတ်ဘူး။ဒါ မီးသတ်နေတာ။ Systems thinking က ပြောတယ်မီးကို မသတ်နဲ့။မီးက ဘယ်ကစလဲ ရှာပါ။ ဝန်ထမ်းထွက်တာ ပြဿနာ မဟုတ်ဘူး။ဝန်ထမ်းထွက်ရတဲ့ ပတ်ဝန်းကျင်က ပြဿနာ။ ရောင်းအားကျတာ ပြဿနာ မဟုတ်ဘူး။ရောင်းအားကျရတဲ့ ဖွဲ့စည်းပုံက ပြဿနာ။ ဖောက်သည် မကျေနပ်တာ ပြဿနာ မဟုတ်ဘူး။ဖောက်သည် မကျေနပ်ဖြစ်အောင် ဖန်တီးထားတဲ့ လုပ်ငန်းစဉ်က ပြဿနာ။ ဗုဒ္ဓက ပဋိစ္စသမုပ္ပါဒ်ကို ဟောကြားခဲ့ပါတယ်။အကြောင်း ရှိလို့ အကျိုး ဖြစ်တယ်။အကျိုးကို ဖျက်ချင်ရင်အကြောင်းကို ဖျက်ရတယ်။ ဒါ systems thinking ရဲ့ အနှစ်သာရပါပဲ။ […]
အပေါ်ယံပြဿနာကို ဖြေရှင်းတာ ရပ်ပါ။စနစ်ကို ဖြေရှင်းပါ။ Read More »
