ဘာလို့ နေ့တိုင်းစာဖတ်သင့်သလဲ။
ခေါင်းထဲအတွေးအခေါ်အသစ်ဝင်လာတာနဲ့စဥ်းစားတာ မတူတော့ဘူး။ စဥ်းစားတာမတူရင် အမြင်မတူတော့ဘူး။အမြင်မတူရင် လုပ်ရပ်မတူတော့ဘူး။လုပ်ရပ်မတူရင် ရလဒ်မတူတော့ဘူး။ Thinking -> Perception -> Action -> Result Phyo Paing @ Derek
ခေါင်းထဲအတွေးအခေါ်အသစ်ဝင်လာတာနဲ့စဥ်းစားတာ မတူတော့ဘူး။ စဥ်းစားတာမတူရင် အမြင်မတူတော့ဘူး။အမြင်မတူရင် လုပ်ရပ်မတူတော့ဘူး။လုပ်ရပ်မတူရင် ရလဒ်မတူတော့ဘူး။ Thinking -> Perception -> Action -> Result Phyo Paing @ Derek
လူတွေက ကိုယ်သိထားသလောက်ပဲတွေးနိုင် စဥ်းစားနိုင်ကြတယ်။ သင်ယူမှုလုပ်တိုင်း ဦးနှောက်ရဲ့ဆဲလ်အမြီးပိုင်းမှာရှိတဲ့ dendrite တွေ အချင်းချင်းဆက်တယ်။ဒီ dendritic connection ဟာ ဖြန့်ကျက်စဥ်းစားနိုင်စွမ်းအတွက်အလွန်အရေးပါတယ်။ စာမဖတ်တဲ့သူက လမ်းတစ်ကြောင်းပဲမြင်ရင်မြင်မယ်။ စာသေချာဖတ်ပြီး စဥ်းစားနိုင်တဲ့သူကpossibilities ဖြစ်နိုင်ခြေတွေအများကြီး မြင်တယ်။ ပြည်တွင်းမှာ coaching ဘာကြောင့်မကြီးလာလဲဆိုရင် Coach တွေ ကိုယ်တိုင်က စာမဖတ်ကြလို့ဖြစ်တယ်။ သင်တန်းတက်ပြီး ဒီမေးခွန်းပဲထိုင်မေးနေလို့ မရပါဘူး။ နေ့စဥ် အိမ်စာလုပ်နေဖို့လိုတယ်။ဒါမှ ကိုယ့် coaching industry ကိုလူတွေ အထင်မသေးမှာ။ မဟုတ်ရင် သင်တန်းတက်ပြီးနာမည်မှာ coach တပ်လိုက်ရုံနဲ့ coach မဖြစ်လာပါဘူး။ ကိုယ့်မှာ regular clients တွေရှိမှcoach ဖြစ်မှာ ဖြစ်တဲ့အတွက်continuous learning လုပ်နေဖို့လိုတယ်။ သူများကို တိုးတက်အောင်ကူညီပေးရတာဖြစ်တဲ့အတွက်Coach တွေကိုယ်တိုင်က ပိုတိုးတက်နေဖို့လိုပါတယ်။ Certification က
ပြိုင်ဖက်တွေအကြောင်းဘယ်တော့မှ အချိန်ပေးမလေ့လာဘူး။ဒါပေမယ့် competitive အရမ်းဖြစ်တယ်လို့ အလုပ်ခွင်ကတည်းကပြောကြတယ်။ အကောင်းဆုံးအနိုင်ယူနည်းက တူညီတဲ့ ပြိုင်ပွဲတစ်ခုမှာ မပြိုင်ဖို့ပဲ။ Same race မှာပဲ ပြိုင်လို့ ဆိုက္ကားနင်းအမြန်ဆုံးဆို အမြန်ဆုံး ဆိုက္ကားနင်းဆရာပဲဖြစ်ရင်ဖြစ်မယ်။ ဒီလို မတူညီတဲ့ ကစားကွင်းdifferent race ကို ပြောင်းဖို့ ကိုယ်မသိတဲ့အရာတွေ လေ့လာရသလိုကိုယ်မသိတဲ့လူတွေနဲ့ စကားပြောရတယ်။နောက် ကိုယ်လုပ်နေကျ၊ သွားနေကျလမ်းကြောင်း မဟုတ်တဲ့အရာတွေကိုစဥ်းစားရတယ်။ အချဥ်ပေါင်းရောင်းတဲ့သူတွေကို သိန်း ၁၀၀၀ ပေမယ် ဘာလုပ်မလဲဆိုအချဥ်ပေါင်းဆိုင် များများပိုဖွင့်ဖို့ပဲသူအဓိက စဥ်းစားလိမ့်မယ်လို့ထင်တယ်။ Phyo Paing @ Derek
ငယ်ငယ်တက်ကျမ်းတွေ ဘာတွေအရမ်းဖတ်တော့ ဆင်းရဲဖေဖေ ချမ်းသာဖေဖေRich Dad Poor Dad ကိုရေးတဲ့Robert Kiyosaki ရဲ့ အယူအဆတစ်ခုကခေါင်းထဲ အရမ်းစွဲနေတယ်။ Cashflow is King တို့Cashflow > Capital Gain တို့ကFinancial Decision အများစုကိုလွမ်းမိုးနေတယ်။ ကိုယ့်ကို ငွေရှာပေးတဲ့အရာတွေမှာငွေသုံး မနှမြောဖို့၊လူအထင်ကြီးဖို့ထက် ကိုယ်ပျော်တဲ့အရာမှာသုံးစွဲဖို့ အဓိကစဉ်းစားတယ်။ ဘယ်သူပဲဖြစ်ဖြစ် Financial Educationသိထားမှာ မှန်ကန်တဲ့ Financial decisionချမှတ်လို့ရမှာ။ တခါတလေ အလုပ်လုပ်တာ ဒီလောက်ကြာပြီဘာပိုင်ဆိုင်မှုတွေ ရှိနေပြီလဲဆိုတဲ့ မေးခွန်းကမှားတယ်။ ပိုင်ဆိုင်မှုရှိပြီး ဒီပိုင်ဆိုင်မှုကငွေပြန်မရှာပေးရင် revenue-producing assetမဟုတ်တဲ့အတွက် အဖိုးမတန်ဘူး။ မှန်ကန်တဲ့မေးခွန်းက အလုပ်လုပ်တာဒီလောက်ကြာပြီ တစ်လတစ်လPositive Cashflow ဘယ်လောက်ရှိလဲဖြစ်ရမယ်လို့ထင်တယ်။ လူတိုင်း တိုင်းတာတဲ့ metrics တွေတော့မတူဘူး။ကျွန်တော်ကတော့ Cashflow is king
ebook တွေဖတ်တဲ့အခါattention ပိုစိုက်ရသလို၊စာရွက်တွေဖတ်သလို အရသာမရှိဖြစ်နေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာebook ဖတ်ဖို့က future ဆိုတာ သိထားတယ်။ဒါကြောင့် အပင်ပန်းခံပြီးebook တွေဖတ်တယ်။ ကျင့်သားမရသလို ဖတ်ရတာစာအုပ်တွေလို အရသာမရှိခဲ့ဘူး။မတူညီတဲ့ format တွေကိုCalibre ebook management softwareအသုံးပြုခဲ့တယ်။ Amazon ရဲ့ kindlee ink reader တွေသုံးပြီးဖတ်တယ်။စာရွက်လှန်ရတာ ကြာတော့ အားမရဘူး။speed-reading လုပ်လို့မရဘူး။ 2010 April မှာ iPad 1st gen ထွက်တယ်။iBooks ပါလာတယ်။ကိုယ်ဖြေရှင်းချင်တဲ့ ပြဿနာအကုန်ကိုiPad မှာ ဖြေရှင်းပေးသွားတယ်။ ဒီနောက်ပိုင်းမှာ စာဖတ်ဖို့ စနစ်တစ်ခုကောင်းကောင်းတည်ဆောက်လာနိုင်ခဲ့တယ်။ အနာဂတ်ကို သွားဖို့အတွက်Paper book တွေကို ထားခဲ့မှရမယ်။eBook တွေနဲ့ အသားကျမှရမယ်။Generation Alpha က ebook နဲ့ကြီးမယ်။GenZ တွေက
ebook တွေဖတ်တဲ့အခါattention ပိုစိုက်ရသလို၊ စာရွက်တွေဖတ်သလို အရသာမရှိဖြစ်နေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ebook ဖတ်ဖို့က future ဆိုတာ သိထားတယ်။ဒါကြောင့် အပင်ပန်းခံပြီး ebook တွေဖတ်တယ်။ ကျင့်သားမရသလို ဖတ်ရတာ စာအုပ်တွေလို အရသာမရှိခဲ့ဘူး။မတူညီတဲ့ format တွေကို Calibre ebook management softwareအသုံးပြုခဲ့တယ်။ Amazon ရဲ့ kindlee ink reader တွေသုံးပြီးဖတ်တယ်။ စာရွက်လှန်ရတာ ကြာတော့ အားမရဘူး။ speed-reading လုပ်လို့မရဘူး။ 2010 April မှာ iPad 1st gen ထွက်တယ်။ iBooks ပါလာတယ်။ ကိုယ်ဖြေရှင်းချင်တဲ့ ပြဿနာအကုန်ကိုiPad မှာ ဖြေရှင်းပေးသွားတယ်။ ဒီနောက်ပိုင်းမှာ စာဖတ်ဖို့ စနစ်တစ်ခုကောင်းကောင်းတည်ဆောက်လာနိုင်ခဲ့တယ်။ အနာဂတ်ကို သွားဖို့အတွက် Paper
တစ်ရက်တစ်နာရီအတွင်းစာတစ်အုပ်ဖတ်ဖို့ Speed-reading ကို2006 Jan ကတည်းက လေ့ကျင့်လာခဲ့တယ်။ သာမာန်လူက စာတစ်လုံးချင်းစီဖတ်တယ်။နည်းနည်းမြန်လာရင် phrase by phrase ဖတ်တယ်။ဒီထက်မြန်လာရင် တစ်ပိုဒ်ချင်းစီဖတ်တယ်။ဒီထက်ပိုမြန်လာရင် တစ်ရွက်ချင်းစီဖတ်တတ်လာတယ်။ ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်တွေဖြစ်တဲ့Elon Musk တို့ Bill Gates တို့၊Speed-reading ကို ကျင့်သုံးခဲ့ကြတာ။ Speed-reading ကျွမ်းကျင်ဖို့အချိန်တစ်ခုလိုတယ်။2006 မှာစခဲ့တာ 2012 လောက်မှဆေးအောင်တယ်။ ဒီ Speed-reading ဟာknowledge တွေအများကြီးကိုအချိန်တိုအတွင်း စုပ်ယူနိုင်အောင်ကူညီပေးခဲ့သလိုငယ်ငယ်က လေ့ကျင့်ခဲ့တဲ့memory training ဟာလေ့လာမှုကို မြန်နှုန်းမြင့်စေခဲ့တယ်။ တစ်ရက်စာတစ်အုပ်ဖတ်ပြီးVideo တစ်ခုလုပ်လာတာမကြာခင်လာမည့် မွေးနေ့မှာရက် ၁၀၀၊ အုပ် ၁၀၀ ပြည့်ပြီ။ ဆေးကျောင်းတက်နေစဥ်ကကျောင်းပြီးလို့ တခြားပညာရပ်များထပ်လေ့လာခဲ့ရရင်အချိန်တွေကို ဘယ်လိုချုံ့ရမလဲမေးရင်း Accelerated Learning ကိုအားထည့်လေ့လာခဲ့မိတယ်။ ဒါနဲ့ပတ်သက်တဲ့ learning technologiesတွေကို အနာဂတ်လူငယ်တွေအတွက်ဖန်တီးပေးသွားဖို့ ဆုံးဖြတ်ထားတယ်။ Phyo
Speed reading (စာမြန်မြန်ဖတ်ခြင်း) စာဖတ်တဲ့အခါ အရေးကြီးတဲ့အပိုင်းနှစ်ပိုင်းရှိတယ်။ Comprehension (နားလည်မှု) နဲ့ retention (မှတ်မိမှု) ဖြစ်ပါတယ်။ ဘယ်လောက်နားလည်သလဲ၊ ဘယ်လောက်မှတ်မိသလဲဖြစ်တယ်။ လူအများစုက စာတော့ဖတ်လိုက်တယ်။ ဒါပေမယ့် ဖတ်ပြီးသွားတဲ့အခါ ဘာရေးထားလဲမမှတ်မိတော့တဲ့အတွက် စာဖတ်ခြင်းနဲ့ဝေးလာကြတယ်။ Youtube တို့လို video တွေကြည့်တာပိုခုံမင်လာကြတယ်။ Video ကြည့်လေ့လာတာဟာ infotainment (information + entertainment), technical အပိုင်းတွေလေ့လာတဲ့အခါ၊ အခြေခံ အယူအဆ concept ကိုရှင်းပြတဲ့အခါ audio-visual ရတဲ့အတွက် စာဖတ်ခြင်းလောက်အားမစိုက်ရတဲ့အတွက် လူတော်တော်များများဟာ စာဖတ်တာထက် ပိုလုပ်ဖြစ်ကြတယ်။ ဒါပေမယ့် နက်နက်နဲနဲစဥ်းစားတွေးခေါ်ရတဲ့အပိုင်းအတွက် စာဖတ်ခြင်းကို မဖြစ်မနေလုပ်ရပါတယ်။ ပထမပြောခဲ့တဲ့ စာဖတ်ခြင်းမှာ အရေးကြီးတဲ့ နားလည်ခြင်းနဲ့ မှတ်မိခြင်းအပိုင်းနှစ်ပိုင်းဟာ စာဖတ်သူတချို့ကို အကြီးအကျယ်စိတ်ဒုက္ခရောက်စေပါတယ်။ ဦးနှောက်အလုပ်လုပ်တဲ့ နည်းစနစ်ကိုမသိလေလေ ဒုက္ခကြီးလေလေဖြစ်ပါတယ်။
၁. ရည်မှန်ချက်ပန်းတိုင်နဲ့ ပိုနီးစေတာလား? ၂. ပိုဝေးစေတာလား? ဒါမှမဟုတ် ၁. တိကျတဲ့ရည်မှန်းချက်ပန်းတိုင်မရှိသေးတာလား?၂. တိကျတဲ့ရည်မှန်းချက်ပန်းတိုင်ရှိပေမယ့် ၂၀၁၆ အတွက် မပြည့်မှီခဲ့တာလား?၃. ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့နဲ့ ကိုယ့်မှာရှိတဲ့ အရည်အချင်းကြား ဘာကွာဟချက်ရှိသလည်း?၄. လိုအပ်ချက် gap တွေကိုဘယ်လိုဖြည့်မလည်း? ဘယ်အချိန်မှာ စအကောင်အထည်ဖော်မလည်း? ၅. ရည်မှန်းချက်ပန်းတိုင် ပြည့်ခဲ့တယ်ဆို နောက်တစ်နှစ်အတွက် ဘယ်လို ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်မလည်း? Phyo Paing @ Derek
ခုခေတ်ကြီးမှာ စာဖတ်ဖို့အော်နေပေမယ့်တကယ်အချိန်မရှိကြဘူး။ ဒီတော့ technology ကို သုံးသင့်တာပေါ့။ audiobook တွေရှိတယ်။ စာဖတ်ပျင်းရင် စာအုပ်တွေကို moonreader (Android မှာ) text-to-speak နဲ့စာဖတ်ခိုင်းလို့ရတယ်။ iOS မှာ Voice Over feature ရှိတယ်။ English လို သို့ တရုတ်လို တတ်ရင် app တွေ အများကြီးဘဲ။ တရုတ်ထဲမှာ 懒人听书 တို့ 喜马拉雅fm တို့မှာ audiobook တွေ free တွေမှ အများကြီး English Version တွေ အပါ။ English လိုထဲမှာတော့ Amazon ရဲ့ Audible က အကောင်းဆုံးဘဲ။ နားထောင်လိုက် return ပြန်လုပ်လိုက် လုပ်လို့ရတယ်။ ရေချိုးရင်