success

နေ့တိုင်းကိုယ်လုပ်တဲ့အလုပ်ကို
ရင်ခုန်ပြီးပျော်နေဖို့ဆိုတာ ကိုယ်တိုင်လုပ်ငန်းစရင်စ မစရင် လုပ်ငန်းရှင်ကောင်းကောင်းနဲ့ အလုပ်လုပ်ဖြစ်ဖို့လိုတယ်။

အောင်မြင်ဖို့ဆိုရင် ဘာကားစီးရမယ်၊ဘယ်မှာနေရမယ်၊ ဘယ်ကျောင်းကပြီးရမယ်၊ဘာအမှတ်တံဆိပ်သုံးပြီး၊ ဘယ်ဆိုင်တွေမှာထိုင်ရမယ် အစသဖြင့် အောင်မြင်မှုဆိုတဲ့ ပုံရိပ်ကို TV တွေနဲ့ ကြော်ငြာလုပ်တဲ့သူတွေကသတ်မှတ်ကြတယ်။ တချို့ကလဲ အောင်မြင်တယ်ဆိုတာနေ့တိုင်းကိုယ်လုပ်တဲ့အလုပ်ကိုရင်ခုန်ပြီးပျော်နေတာမျိုးလို့ဆိုတယ်။ ကျွန်တော်တို့လို တတိယနိုင်ငံ Social mobility အမြင့်ကိုတက်ဖို့ပြောသလောက်မလွယ်တဲ့နေရာပါ။ နေ့တိုင်းကိုယ်လုပ်တဲ့အလုပ်ကိုရင်ခုန်ပြီးပျော်နေဖို့ဆိုတာ ကိုယ်တိုင်လုပ်ငန်းစရင်စ မစရင် လုပ်ငန်းရှင်ကောင်းကောင်းနဲ့အလုပ်လုပ်ဖြစ်ဖို့လိုတယ်။ အထူးသဖြင့် အခုလို ကာလမျိုးမှာဆိုပိုဆိုးတယ်။ Phyo Paing @ Derek

နေ့တိုင်းကိုယ်လုပ်တဲ့အလုပ်ကို
ရင်ခုန်ပြီးပျော်နေဖို့ဆိုတာ ကိုယ်တိုင်လုပ်ငန်းစရင်စ မစရင် လုပ်ငန်းရှင်ကောင်းကောင်းနဲ့ အလုပ်လုပ်ဖြစ်ဖို့လိုတယ်။
Read More »

Dream list လိုပါတယ်။

ဘဝဆိုတာ အတွေ့အကြုံတစ်ခုပါ။ဒီအတွေ့အကြုံကို အကောင်းဆုံးရဖို့Dream list လိုပါတယ်။ ကျွန်တော်တို့တွေ အသက်ဘယ်လောက်ထိနေရမယ်ဆိုတာ ဘယ်သူမှ သေသေချာချာမသိဘူး။ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းကာလကြားမှာလုပ်ချင်တဲ့အရာတွေကို list လုပ်ထားပြီးတစ်ခုပြီးတစ်ခု အကောင်အထညိဖော်သွားဖို့အရေးကြီးတယ်။ ကျွန်တော်ကတော့ Dream List ဆိုပြီးရေးထားတယ်။ဒီ Dream List တွေကို တစ်ခုချင်းအကောင်အထည်ဖော်ဖြစ်တယ်။ ကျွန်တော့်ရဲ့ Dream List ထဲမှာသူ့အလိုလိုလည်ပတ်နေတဲ့brand/business အခု ၂၀ တည်ဆောက်ဖို့ပါတယ်။၇ ခု တော့ပြီးပြီ။နောက် ၁၃ ခုလိုသေးတယ်။ Phyo Paing @ Derek

Dream list လိုပါတယ်။ Read More »

ကြိုးစားမှုကို မရပ်လိုက်ပါနဲ့။

Tesla ရဲ့ CEO Elon Musk ကဒီနေ့ပဲ ကမ္ဘာ့အချမ်းသာဆုံးသူဌေးဖြစ်သွားတယ်။ 2020 နှစ်အစက $27 Billion ပိုင်ဆိုင်မှုကနေ $194.8 Billion ဖြစ်သွားတယ်လို့ Bloomberg Billionaire Index က ဖော်ပြထားတယ်။ ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေကလဲ အလားတူပါပဲ။ ဘဝမှာ တိုးတက်သင့်သလောက် မတိုးတက်နေလို့ကြိုးစားမှုကို မရပ်လိုက်ပါနဲ့။ဘဝမှာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်စေတဲ့Tipping Point ဆိုတာရှိပါတယ်။ Phyo Paing @ Derek

ကြိုးစားမှုကို မရပ်လိုက်ပါနဲ့။ Read More »

Report Card

စာဘယ်လောက်ကြိုးစားကြိုးစားနည်းလမ်းမမှန်ရင် အောင်စာရင်းမှာအမှတ်နည်းမှာပဲ။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ ဘယ်လောက်စေတနာရှိရှိ နည်းလမ်းမှားရင်လူချစ်လူခင်နည်းမှာပဲ။ စီးပွားရေးမှာ ဘယ်လောက်ကြိုးစားကြိုးစားနည်းလမ်းမမှန်ရင် အမြတ်ငွေ အောင်စာရင်းကအမှတ်ရသင့်သလောက်ရမှာ မဟုတ်ဘူး။ အထူးသဖြင့် ဆရာ၊ ဆရာမ ဘယ်သူ့မှ favorမပေးတဲ့ ခေတ်မှာပေါ့။ Phyo Paing @ Derek

Report Card Read More »

လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့

ပထမအချက်က တချို့အရာတွေကို ဘုရင့်နောင်ဖောင်ဖျက်သတ္တိရှိရှိလုပ်ဖို့လိုတယ်။ ဒုတိယအချက်ကPeter Thiel အမြဲမေးတဲ့ မေးခွန်းတစ်ခုရှိတယ်။ဆယ်နှစ်စာ plan ကို ခြောက်လအတွင်းဘယ်လိုအကောင်အထည်ဖော်မလဲတဲ့။ ဒီမေးခွန်းက ကိုယ့်အတွေးတွေ၊ အမြင်တွေကိုပြောင်းသွားစေနိုင်တယ်။Speed အရေးကြီးတယ်။ တတိယအချက်က ကိုယ်နဲ့ ကိုယ့် Teamအလုပ်ထဲမှာစျန်ဝင်နေဖို့လိုတယ်။ Steve Jobs သုံးခဲ့တဲ့နည်းလမ်းကိုတော့Reality Distortion Field လို့ဆိုတယ်။ Phyo Paing @ Derek

လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
Read More »

ကိုယ့်ရဲ့ စွမ်းဆောင်းရည်တိုးဖို့
လူတိုင်း HUGG တွေလိုပါတယ်။

HUGG ဆိုတာကတော့ ကိုယ့်ကိုတုန်လှုပ်စေတဲ့ရင်ခုန်စေတဲ့၊ ကြီးကျယ်တဲ့ ရည်မှန်းပန်းတိုင်Huge Unbelievable Great Goals ပါ။ လွန်ခဲ့တဲ့ ၃ နှစ် ဒီနေ့မှာ Personal Productivity ဆိုတဲ့ Training တစ်ခုစတင်ခဲ့ပါတယ်။ လူပေါင်းများစွာကို ကူညီနိုင်အောင် ToeTet.com မှာOnline Program တစ်ခုအနေနဲ့ ပြောင်းလဲခဲ့ပါတယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ စွမ်းဆောင်းရည်တိုးဖို့
လူတိုင်း HUGG တွေလိုပါတယ်။
Read More »

အရှိကိုအရှိအတိုင်းသိဖို့

တခါတလေ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် “တကယ်” အလုပ်လုပ်တယ် အလုပ်ပြီးတယ် အရမ်းကြိုးစားတယ်ထင်တတ်ကြတယ်။ ဒါနဲ့ ကျွန်တော် နာရီဝက်စာ Time Blocksတွေလုပ်ပြီး တစ်ရက်တစ်ရက်ကုန်သွားတဲ့ အချိန်ကို ပြန်သုံးသပ်တယ်။ နာရီဝက်ပြီးတိုင်းမှာ ဖြည့်တယ်။ To-Do list လို မရေးခင် ပထမတစ်ရက်မှာကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်လို့ရတယ်။ တခါတလေ အလုပ်မဟုတ်တာ လုပ်နေပြီး အလုပ်လုပ်တယ်လို့မထင်အောင် ကိုယ့်ကိုကိုယ် ပြန်သုံးသပ်လို့ရတယ်။ တရုတ်မှာ ကုမ္ပဏီတွေ 996 နဲ့ အလုပ်လုပ်ကြတယ်။ မနက် ကိုး ကနေ ည ကိုးတစ်ပတ် ခြောက်ရက် လုပ်ကြတယ်။ တိုးတက်ချင်ရင် ရှင်းရှင်းလေး“တကယ်” အလုပ်လုပ်ဖို့လိုတယ်။ Phyo Paing @ Derek

အရှိကိုအရှိအတိုင်းသိဖို့ Read More »

ဘေးထိုင်ဘုပြောခြင်းသည် တိုးတက်လိုသူတွေအတွက် အလုပ်မဟုတ်။

ရေမရှိဘူး။ လူမရှိဘူး။ မလေးရှားအနိုင်ကျင့်တယ်တစ်ခုတည်း ဘေးထိုင်ဘုပြောမနေဘူး။ Newater လုပ်တယ်။ ဒီနေ့ စလုံးဖြစ်လာတယ်။ တရုတ်ပြည်မကြီးက ပေါချောင်မကောင်း ပစ္စည်းတွေထွက်တယ်။ လေကျင်း 雷军 ဆိုတဲ့လူက ဘေးထိုင်ဘုပြောမနေဘူး။ တန်ဖိုးနည်း အရည်အသွေးမြင့် ကုန်ပစ္စည်းတွေထုတ်ရင်း Xiaomi (MI) ဖြစ်လာတယ်။ တရုတ်ပြည်မကြီးမှာ banking system နဲ့ သယ်ယူပို့ဆောင်ရေး အစအစအရာရာမှာ အားနည်းတယ်။ ဘေးထိုင်ဘုပြောမနေဘူး။ Jack MA ရဲ့ Alibaba နဲ့အတူ Alipay ဖြစ်လာတယ်။ AliExpress ဖြစ်လာတယ်။ အမေရိကန်တွေ နည်းပညာသာတာ ဘာမှလုပ်မရဘူး။ အစိုးရ အကာအကွယ်မပေးဘူး ဘေးထိုင်ဘုပြောမနေဘူး။ Uber မလာခင် DiDi Taxi ပြင်ဆင်ခဲ့တယ်။ Uber တရုတ်ကထွက်သွားရတယ်။ ဘေးထိုင်ဘုပြောတာ လူငယ်တွေအလုပ်မဟုတ်ဘူး။ Energy ရှိတယ်။

ဘေးထိုင်ဘုပြောခြင်းသည် တိုးတက်လိုသူတွေအတွက် အလုပ်မဟုတ်။ Read More »

သူများလုပ်နေတာကို အာရုံစိုက်ဝေဖန်နေလား?

တချို့လူတွေက တစ်လတစ်လပြန်တွေ့ရင်တောင် မမှတ်မိလောက်အောင် တိုးတက်လာကြတယ်။ တချို့လူတွေက ဒုံးရင်းဒုံးရင်းဘဲ။ ဘာကွာသလဲဆိုရင် သုများလုပ်နေတာကို အာရုံစိုက် ဝေဖန်နေသလား၊ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို တစ်စိုက်မတ်မတ် သွားနေလား ကွာပါတယ်။

သူများလုပ်နေတာကို အာရုံစိုက်ဝေဖန်နေလား? Read More »

အောင်မြင်မှု

အောင်မြင်မှုဆိုတာ စွဲလမ်းတတ်တဲ့သဘောရှိတယ်။ အတန်းထဲမှာ ပထမရဖူးတဲ့သူက ဒါကိုစွဲလမ်းသွားတယ်။ လုပ်ငန်းစတဲ့အခါ အောင်မြင်ဖူးသွားရင် စီးပွားရေးလုပ်ရတာကို စွဲလန်းသွားပြန်တယ်။ အရေးကြီးဆုံးက ပထမဆုံး အောင်မြင်မှု တစ်ခုရဖို့ပဲ။ ပြီးရင် အောင်မြင်မှုက အောင်မြင်မှုကို မွေးဖွားတယ်လို့ ဆိုတယ်။ ကျဆုံးမှုသည်လည်း အလားတူဖြစ်တယ်။ Phyo Paing @ Derek

အောင်မြင်မှု Read More »