vision

မိဘရဲ့ အမျှော်အမြင်က သားသမီးတွေအပေါ်အတိုင်းအတာတစ်ခုထိ သက်ရောက်တယ်။

တချို့တွေက ဘဝကို အနှုတ်ကပြန်စရတယ်။တချို့က သုညက ပြန်စရတယ်။တချို့က ရေခံ၊ မြေခံရှိပြီးသား။ လူတစ်ချို့က ကိုယ့်သားသမီးတွေလက်ထက်သုညက ပြန်စ စရာမလိုအောင်Legacy planning ဆိုတာ လုပ်တယ်။ ကိုယ့်လုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုနဲ့အဆက်အသွယ်က အစကိုယ့်သားသမီးတွေလက်ထက်အောက်ကျ နောက်ကျမဖြစ်အောင်၊မျက်နှာမငယ်ရအောင်၊သုညက ပြန်စ စရာမလိုအောင်စီစဉ်ပေးခဲ့တယ်။ တချို့မိသားစုတွေမှာမိဘနဲ့အမျိုးတော်ရတဲ့ မောင်နှမတွေအတွက်ပေးဆပ်မှုတွေတချို့ဆို တစ်ဘဝလုံးလုပ်သွားရတာရှိတယ်။ တချို့တွေအတွက် တက်ကျမ်းတွေမလိုဘူး။ဘာကြောင့်လဲဆို မိဘတွေ၊ကိုယ့်အသိုင်းအဝိုင်းရဲ့ငွေကြေးအမြင်၊အလုပ်အပေါ်အမြင်၊ဘဝအမြင်တွေက အလုပ်ဖြစ်နေပြီးသား။ တချို့ သုညက ပြန်စရတဲ့သူတွေနဲ့၊ဘဝမှာ ဆက်ကြေးပေးနေရသလိုပေးဆပ်နေရသူများအတွက်ကတော့“ဘဝဖြေဆေး” တွေ အများကြီးလိုတယ်။ ကိုယ့်လက်ထက်မှာ သုညတို့၊အနှုတ်တို့က ပြန်စခဲ့ရရင်တောင်ကိုယ့်သားသမီးတွေအတွက်သုညက ပြန်မစရဖို့လိုတယ်။​သားသမီးဆိုတာ ကိုယ်မွေးလို့ဒီလောကထဲ ရောက်လာတာ။ Phyo Paing @ Derek

မိဘရဲ့ အမျှော်အမြင်က သားသမီးတွေအပေါ်အတိုင်းအတာတစ်ခုထိ သက်ရောက်တယ်။ Read More »

အန္တရာယ်တွေ အကြီးဆုံးမှာ
နားမလည်လိုက်တာ။

Risk အန္တရာယ်ကို မြင်တဲ့ကျွန်တော့်အမြင်လေး နည်းနည်းပြောကြည့်မယ်။ လုပ်သင့်တဲ့အချိန် လုပ်သင့်တဲ့အရာမလုပ်လိုက်မိတာက အန္တရာယ်ပဲ။ မလုပ်သင့်တဲ့အချိန် မလုပ်သင့်တဲ့အရာကို လုပ်လိုက်မိတာကလဲ အန္တရာယ်။ မထင်မှတ်ထားတဲ့အရာက မထင်မှတ်ထားတဲ့နေရာကမထင်မှတ်ထားသလို ဖြစ်လာတာကလဲအန္တရာယ်။ အန္တရာယ်ဆိုတာ ကိုယ်သတိမထားမိမပြင်ဆင်လိုက်လို့ ကြိုတင် မလုပ်ဆောင်မိလို့ဖြစ်လာတဲ့အရာ။ လူမှုကွန်ယက် social media ခေတ်မှာသူ့ကို လုပ်ငန်းအတွက် သုံးလိုက်တာကမသုံးလိုက်တာထက် အန္တရာယ်ပိုနည်းတယ်။ အလားတူပဲ အနာဂတ်မှာအန္တရာယ်တွေ အများကြီးရှိတယ်။ပထမတစ်ခုက ငွေကြေး၊ ဒုတိယတစ်ခုက နည်းပညာ။ ငွေကြေးအနေနဲ့ကြည့်မယ်ဆို ငွေကြေးဖောင်းပွမှုနှုန်းဆိုတာ နိုင်ငံသားတိုင်းအတွက် အခွန်တစ်ခုပဲ။ သွယ်ဝိုက်ပြီးပေးနေရတဲ့ အခွန်။ နိုင်ငံကြီးတွေအတွက် ငွေကြေးဆိုတာ ထုတ်ကုန်၊ ပို့ကုန်တစ်ခုဖြစ်လာနေတယ်။ ကမ္ဘာကြီးက အမေရိကန်ဦးဆောင်တဲ့နောက်လိုက်ရတယ်။ခုနောက်ပိုင်း တရုတ်ကနည်းနည်းနေရာရလာတော့ဒေါက်ဖြုတ်တဲ့အချိန်။ အမေရိကန်ရဲ့အကြွေးက $38 trillion ရှိတယ်။တစ်ပတ်ကို $50 billion ချေးနေရတယ်လို့ဆိုတယ်။ အမေရိကန်အစိုးရက တစ်နှစ်အသုံးစရိတ် ဒီနှစ် ၂၀၂၅

အန္တရာယ်တွေ အကြီးဆုံးမှာ
နားမလည်လိုက်တာ။
Read More »

လောကမှာ ကိုယ်ထင်တာကိုယ်ထင်တာပဲ။

ဘဝမှာ အခက်အခဲဆုံးက ကိုယ့်ရဲ့အထင်အမြင်၊အိုင်ဒီယာနဲ့ခံစားချက်တိုင်းကို အမှန်လို့မထင်လိုက်ဖို့ပဲ။ အချိန်နဲ့အမျှ အတွေးအခေါ်၊အိုင်ဒီယာ၊ အထင်အမြင်၊ ခံစားချက်တွေက လူကိုလွမ်းမိုးနေတယ်။ တခါတလေ ဒါကြီးကို အလုံးစုံအမှန်တရားလို့ထင်လိုက်တဲ့အခါလူက မောဟတွေများနေနိုင်တယ်။ လောကမှာ ကိုယ်ထင်တာကိုယ်ထင်တာပဲ။ရလဒ်ကပဲ ကိုယ်ထင်တာ မှန်တယ်မှားတယ်အဆုံးအဖြတ်ပေးတာ။ Phyo Paing @ Derek

လောကမှာ ကိုယ်ထင်တာကိုယ်ထင်တာပဲ။ Read More »

အမြင့်မတူရင်
အမြင်မတူနိုင်ဘူး။

အမြင့်မတူရင်အမြင်မတူနိုင်ဘူး။ စာတော်တဲ့ကလေး စာအပေါ်အမြင်နဲ့ချာတူးလန်ရဲ့အမြင် မတူနိုင်ဘူး။ Phyo Paing @ Derek

အမြင့်မတူရင်
အမြင်မတူနိုင်ဘူး။
Read More »