May 2019

Social Media မှာ Personal Branding ပြုလုပ်တဲ့နေရာမှာ သိသင့်တဲ့ အချက် ၉ ချက်

Introduction နာမည်ပေးဖြစ်တဲ့အကြောင်းရင်းကျွန်တော့်ကိုသိတဲ့သူတိုင်း ခင်ဖို့ကောင်းပြီး ကူညီတတ်တာကိုသိကြပါတယ်။ ဒီ Page စဖွင့်တုန်းက Dr. ဆိုတာကို တပ်သင့်မတပ်သင့်စဉ်းစားကြည့်တယ်။ နောက်ပိုင်း ကိုယ်ဝါသနာမပါတဲ့ ဘာသာရပ်တစ်ခုကို မိဘတွေရဲ့ childhood dream ကိုအကောင်ထည်ဖော်ပေးနိုင်ခဲ့တဲ့အတွက် တပ်လိုက်တယ်။ ကျွန်တော့်အဖေနဲ့ အဒေါ်လက်ထက်က FRC ဖြစ်တဲ့အတွက် ဆေးကျောင်းတက်နိုင်တဲ့ အမှတ်ရပေမယ့် ကျောင်းတက်ခွင့်မရခဲ့ဘူး။ အမေက ကျောင်းဆရာမဖြစ်ပေမယ့် အဖိုး FRC ဖြစ်တဲ့အတွက် SAT အထက်တန်းပြမဖြစ်ခဲ့ဘူး။ ဒါကြောင့်သူတို့ဟာ ညီအစ်ကိုနှစ်ယောက်ကို ဆရာဝန်ဖြစ်စေချင်ခဲ့တယ်။ ကျောင်းပြီးတော့ ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ကို ပြန်စဉ်းစားကြည့်တော့ စီးပွားရေးလုပ်ငန်းတွေကိုစိတ်ဝင်စားသလို၊ စာသင်ရတာစိတ်ဝင်စားတဲ့အတွက် Marketing & Business Trainer & Consultant စလုပ်ခဲ့တယ်။ နောက်ပိုင်း Social Media အသုံးပြုပြီး Y.E.C Learning Center ကိုတည်ဆောက်ခဲ့တယ်။

Social Media မှာ Personal Branding ပြုလုပ်တဲ့နေရာမှာ သိသင့်တဲ့ အချက် ၉ ချက် Read More »

ကိုယ်လုပ်တဲ့အလုပ်ကို အထင်မသေးပါနဲ့။

ဟိုနေ့က New Zealand မှာ အလုပ်လုပ်နေတဲ့ ညီလေးနဲ့. ပြောဖြစ်တယ်။ Coach ယူတာ။ သူဟိုးအရင်က ပန်းကန်ဆေးတယ်။ ဒါပေမယ့် Chef တွေ train လုပ်တာကောင်းတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုအရမ်းရှိပြီး I am the best dish washer in the world လို့တောင်ယုံကြည်တယ်လို့ပြောတယ်။ ဘာအလုပ်လုပ်နေနေ ကိုယ့်အလုပ်ကိုကိုယ် ဂုဏ်ယူဖို့ အရေးကြီးပါတယ်။ ဂျွန် F ကနေဒီ လက်ထက်က NASA မှာ အိမ်သာဆေးသမားက ကျွန်တော် အိမ်သာဆေးနေတာမဟုတ်ဘူး၊ လူ လကမ္ဘာရောက်ဖို့ ကူညီပေးနေတာတဲ့။ Phyo Paing @ Derek

ကိုယ်လုပ်တဲ့အလုပ်ကို အထင်မသေးပါနဲ့။ Read More »

SME လုပ်ငန်းရှင်တွေ Marketing Professional တစ်ယောက်ရှာရင် သိထားဖို့ A ကနေ I ထိ။

ဒီနေ့လို အပြောင်းလဲမြန်တဲ့ခေတ်မှာ SME လုပ်ငန်းတွေမှာ Guerrilla Marketer တစ်ယောက်လိုတယ်လို့မြင်တယ်။ Marketing Budget သတ်မှတ်ပေးလိုက်။ Agreed Goal သတ်မှတ်ပေးလိုက်။ ကျန်တာသူ Brainstrom လုပ်ရမယ်။ လုပ်ငန်းတွေမှာ အဓိကကျတဲ့အချက်တွေရှိတယ်။ ABCDEFGHI လို့မှတ်လို့ရတယ်။ 1. Aggressiveness လုပ်ငန်းတစ်ခုရဲ့ Marketing department က ဘယ်လောက် တုံးတိုက်တိုက်ကျားကိုက်ကိုက်လုပ်သလဲ? 2. Behavior ကိုယ့်ရဲ့အပြုအမူတိုင်းဟာ Marketing လို့နားလည်သလား? ဥပမာဗျာ Everything you do is marketing. 3. Consistency လုပ်ချင်တဲ့အချိန်မှ ထလုပ်လို့မရဘူး။ အမြဲတစေ consistent ဖြစ်ဖြစ်လုပ်ဆောင်သွားရမယ်။ ကောက်ရိုးမီးမရဘူး။ Social Media မှာ Post တင်တယ်ဆိုပါတော့ တင်ချင်မှထတင်လို့မရဘူး။ တစ်ရက်တစ်ခုတင်မယ်ဆို အမြဲတင်နိုင်ရမယ်။

SME လုပ်ငန်းရှင်တွေ Marketing Professional တစ်ယောက်ရှာရင် သိထားဖို့ A ကနေ I ထိ။ Read More »

Coaching လိုအပ်နေပြီလား?

ဘောလုံးသမားတစ်ယောက်သည် ဘယ်လောက်တော်သည်ဖြစ်စေ၊ နည်းပြလိုအပ်ပါသည်။ အကြောင်းကတော့ နည်းပြတစ်ယောက်သည် ဘေးလူအမြင်ဖြင့် အကောင်းဆုံးအကြံပေးနည်းလမ်းပြနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် Golf လောကမှာ ချန်ပီယံတွေဖြစ်တဲ့ Tiger Woods မှာလည်း Coach ရှိကြသည်။ မိမိကိုယ်တိုင် Coach တစ်ယောက်လိုအပ်နေပြီဆိုတာ သိနိုင်တဲ့အချက်တွေကတော့ 1. ရှေ့ဆက်ရမည့်လမ်းမသေချာမရေရာဖြစ်နေပြီ။ 2. လုပ်ငန်းကြီးထွားမှုနှုန်းရပ်တန့်နေပြီ။ 3. လုပ်ငန်းအတွက် ယုံကြည်စိတ်ချရတဲ့တိုင်ပင်ဖော်လိုအပ်နေပြီ။4. စနစ်တကျ အလုပ်လုပ်ဖို့အတွက် System ချထားတဲ့ နည်းစနစ်တွေလိုအပ်နေပြီ။ 5. ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးအကောင်အထည်ဖော်ချင်ပြီဆိုရင်။ 6. သင်ဟာ အချိန်ဆွဲတတ်တဲ့ သူတစ်ယောက်ဆိုရင် ဖြင့် မိတ်ဆွေ Coach လိုအပ်နေပါပြီ။ #gmc#sapwar

Coaching လိုအပ်နေပြီလား? Read More »

ဒီတလော Marketing Plan ကို ဘယ်လိုဆွဲမလဲ၊ Business Plan ကို ဘယ်လို ဆွဲမလဲမေးကြတယ်။

အမှန်တော့ Plan ဆွဲတယ်ဆိုတာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ဆိုတာ သိဖို့လိုပါတယ်။ Marketing Plan လည်းအလားတူပါပဲ။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ marketing activities တွေကို co-ordinate လုပ်ရပါတယ်။ တကယ်လို့ ကိုယ်က Company အတွက် Marketing Plan ဆွဲတယ်ဆို တခြား department တွေနဲ့တွဲအလုပ်လုပ်ရပြီ၊ Senior Management ကိုတင်ပြရပြီ။ ဒါကြောင့် အလွယ်ကူဆုံး ကျွန်တော် ကျောင်းသားဘဝက မှတ်ထားတဲ့ frame လေးနဲ့ပြသွားပါမယ်။ Marketing Plan ရေးနည်းမျိုးစုံရှိပါတယ်။ စာအုပ်အမျိုးမျိုးမှာ Format အမျိုးမျိုးနဲ့ပြောသလို၊ကိုယ့်လုပ်ငန်းအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ တကယ်လို့ ကိုယ်က SME လုပ်ငန်းပိုင်ရှင်ဆို Who, What, When လို မျိုး questions နဲ့တင် marketing plan

ဒီတလော Marketing Plan ကို ဘယ်လိုဆွဲမလဲ၊ Business Plan ကို ဘယ်လို ဆွဲမလဲမေးကြတယ်။
Read More »