August 2019

ဓာတ်ကူးတတ်တယ်။

ဟစ်တလာ သေဆုံးချိန် အလောင်းမတွေ့သလိုဘင်လာဒင်သေတော့လဲ အလားတူဖြစ်တာကိုတွေ့ရမှာ ဖြစ်တယ်။ ဒါကတော့လူတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ အတွေးအခေါ်၊အယူအဆ၊ inspiration တွေ တခြားသူတွေကိုမပြန့်သွားအောင် ထိန်းချုပ်တယ်လို့ယူဆတယ်။ ငယ်ငယ်က ဖတ်ဖူးတဲ့ Bill Clinton ရဲ့ အထုပတ္ထိ My life မှာသူဟာ သမ္မတ John F. Kennedy နဲ့တွေ့ပြီးနိုင်ငံရေးထဲရောက်လာတယ်လို့ဆိုတယ်။ ဒီမတိုင်ခင်မှာ ဆေးပညာ၊ ဂီတ၊ ဥပဒေရေးရာဘာလုပ်ရမယ် တိတိကျကျ မရှိသေးဘူး။ 1963 မှာ American Legion ရဲ့အစီအစဉ်အရသမ္မတ John F. Kennedy နဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့ပြီး နှစ်သုံးဆယ်ကြာနောက်Bill Clinton ကိုယ်တိုင် အမေရိကန် သမ္မတဖြစ်လာတယ်။ ဓာတ်ဆိုတာ ကူးတတ်တဲ့ သဘောရှိတဲ့အတွက်အမြဲမကောင်းမြင်တတ်တဲ့သူတွေ၊ဘူကောင် (မကောင်းအမြဲမြင်သူ)တွေကို အတွေးအခေါ်ကူးစက်တတ်တဲ့အတွက်ဖြစ်နိုင်ရင် သတိနဲ့ပေါင်းသင့်တာ အားလုံးသိပြီး ဖြစ်မှာပါ။ […]

ဓာတ်ကူးတတ်တယ်။ Read More »

Stretch Goals & Go with the flow

မဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေချပြီး Stress များနေမည့်အစား ဖြစ်နိုင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေချပြီး ဖြည်းဖြည်းချင်း ရည်မှန်းချက်ကို တိုးသွားတာ Stretch goals ထားတာ ပိုကောင်းတယ်။ Phyo Paing @ Derek

Stretch Goals & Go with the flow Read More »

Life-style entrepreneur

လူငယ်အများစုဟာ ချမ်းသာချင်တယ်ဆိုတာထက် လိုချင်တဲ့ဘ၀နေထိုင်မှုပုံစံကို တည်ဆောက်လိုတာဖြစ်ပါတယ်။ အောင်မြင်နာမည်ကြီးပြီး မပျော်တာထက်စာရင် ဝါသနာပါတဲ့ အလုပ်လေးကိုလုပ်ပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးမှာ ပုံမှန်လေးနဲ့ သွားချင်တဲ့နိုင်ငံကို သွားလည်ချင်တာမျိုးဖြစ်ပါတယ်။ ဒီလို life-style လိုချင်လို့ ကိုယ်တိုင်စီးပွားရေး အများစုစကြပါတယ်။ ဒါကို life-style entrepreneur လို့ခေါ်ပါတယ်။ Sharing economy Gig economy နဲ့အတူ အများအပြား ပေါ်ပေါက်လာမှာ Life-style entrepreneur တွေပါ။ Phyo Paing @ Derek

Life-style entrepreneur Read More »

ပိုခက်တာကိုလုပ်ပါ။

ငွေရှာရတာက သုံးရတာထက်ပိုခက်တယ်။ အလုပ်ဖြစ်အောင်လုပ်ရတာက ဝေဖန်ရတာထက်ပိုခက်တယ်။ လက်တွေ့ဖြစ်အောင်လုပ်ရတာက အိမ်မက်မက်ရတာထက်ပိုခက်တယ်။ စဉ်းစားတွေးခေါ်ရတာက မျက်စိမှိတ်ယုံကြည်တာထက် ပိုခက်တယ်။ ဘ၀တိုးတက်ရေးအတွက် လေ့လာရတာက အချိန်ဖြုန်းပါတီတက်ရတာထက် ပိုခက်တယ်။ Phyo Paing @ Derek

ပိုခက်တာကိုလုပ်ပါ။ Read More »

အလုပ်လုပ်တယ်ဆိုတာ

အလုပ်လုပ်တယ်ဆိုတာ အမှန်တော့ မနက်ဖြန်အတွက်ပါ။ အနာဂတ်မှာဖြစ်လာမည့် သင်က ယနေ့သင့်ကို ကျေးဇူးတင်နေဖို့ပါ။ ဒါကြောင့် တခြားသူတွေအိပ်နေချိန်မှာ ကျွန်တော်တို့ အလုပ်လုပ်နေကြတယ်။ Phyo Paing @ Derek

အလုပ်လုပ်တယ်ဆိုတာ Read More »

အဝေးပြေးဖို့ Motivation လိုတယ်။

ဘ၀ကို အေးအေးဆေးဆေးဖြတ်သန်းချင်တဲ့ ရည်ရွယ်ချက်ကြောင့် Motivation ရမှာမဟုတ်ဘူး။ သင်ရှောင်ဖယ်ချင်တဲ့ အရာတစ်ခုလိုတယ်။ သင့်ဘ၀မှာ မဖြစ်ချင်တဲ့အရာတွေက ဘာတွေလဲ? ဆင်းရဲခြင်းလား၊ လူတွေအထင်သေးတာလား၊ ပညာမတတ်တာလား၊ အမျိုးတွေနှိမ်တာလား ဒီအရာတွေက အဝေးပြေးဖို့ Motivation လိုတယ်။ Phyo Paing @ Derek

အဝေးပြေးဖို့ Motivation လိုတယ်။ Read More »

လူနှစ်ယောက်

ကျွန်တော်သည် လူနှစ်ယောက်ဖြစ်သည်။ အပြင်ပိုင်း personality တွေနဲ့ ဖုံးထားတဲ့ ကျွန်တော်နဲ့ အတွင်းပိုင်းစိတ်ခံစားမှုတွေနဲ့ ကျွန်တော်။ အပြင်ပိုင်းသူက လူတောတိုးတယ်၊ ယုံကြည်မှုရှိတယ်၊ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်တယ်။ အတွင်းပိုင်းကတော့ စိုးရိမ်တတ်တယ်၊ စဉ်းစားမှုရှိတယ်။ လူတွေနဲ့ စကားသိပ်မပြောရဲဘူး။ အားနာတတ်တယ်။ ဒီခန္ဓာကိုယ်ကို မောင်းနှင်ဖို့ ဘယ်သူ့ကို ဘယ်အချိန် တာ၀န်ပေးရမလဲ ဆိုတာကို သတိနဲ့ ဦးနှောက်ကဆုံးဖြတ်တယ်။ Phyo Paing @ Derek

လူနှစ်ယောက် Read More »