April 2022

မနေ့က လုပ်ခဲ့တဲ့
ကိုယ့်ကိုကိုယ် ဂုဏ်အယူဆုံး
အလုပ်တွေက ဘာတွေဖြစ်မလဲ?

ဒါကတော့ မနက်တိုင်းကိုယ့်ကိုကိုယ် ပြန်သုံးသပ်တဲ့မေးခွန်းတစ်ခုပဲ။ ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဥ် လုပ်ပါ။ Very beautiful morning! Phyo Paing @ Derek

မနေ့က လုပ်ခဲ့တဲ့
ကိုယ့်ကိုကိုယ် ဂုဏ်အယူဆုံး
အလုပ်တွေက ဘာတွေဖြစ်မလဲ?
Read More Âť

တချို့လူတွေအတွက် သဘာဝပဲ။

သင်္ကြန်မတိုင်ခင်ပျော်ပြီးသင်္ကြန်ပြီး ရုံးတတ်ဖို့စိတ်ညစ်တတ်တာ တချို့လူတွေအတွက် သဘာဝပဲ။ကိုယ်ရူးသွပ်တဲ့ အလုပ်တစ်ခုကိုရှာဖွေ ဖန်တီးဖို့လိုနေတာဖြစ်ကောင်းဖြစ်မယ်။ Phyo Paing @ Derek

တချို့လူတွေအတွက် သဘာဝပဲ။ Read More »

ကျေးဇူးတင်စိတ်နဲ့နေတဲ့အခါ

ပျော်ရွင်မှုက အနည်းဆုံးbaseline ကနေ ၂၅% နဲ့အထက်တက်လာတယ်တဲ့။ အခုလို မိတ်ကောင်းဆွေကောင်းတွေနဲ့နှစ်ပေါင်းများစွာ ယုံယုံကြည်ကြည်နဲ့အလုပ်တွေလုပ်ခဲ့ကြတဲ့ မိတ်ဆွေတွေအားလုံးနဲ့သိခဲ့ရတာဟာ ကျေးဇူးတင်စရာပါ။ ကိုယ့်ယုံကြည်မှုအတွက်ဘယ်လိုခက်ခဲနေပါစေအဆင်ပြေအောင်လုပ်မယ်ဆိုပြီးရှေ့ဆက်နေတဲ့လူတွေနဲ့သိကျွမ်းရတာဟာကျေးဇူးတင်စရာပါပဲ။ Phyo Paing @ Derek

ကျေးဇူးတင်စိတ်နဲ့နေတဲ့အခါ Read More »

BEGIN

ဘဝကို နောက်တစ်ဆင့်တက်ဖို့ BEGIN B = Books you read ဖတ်တဲ့စာအုပ်E = Environment you are in နေတဲ့ပတ်ဝန်းကျင်G = Goals you have ရည်မှန်းချက်ပန်းတိုင်I = Individuals you meet ကိုယ်တွေ့တဲ့သူတွေN = Next move you gonna make နောက်လုပ်မည့်အရွေ့ Phyo Paing @ Derek

BEGIN Read More Âť

အကဲဖြတ်တဲ့ “ထင်တယ်”
စကားလုံးအစား
မေးမြန်းစိတ်ဝင်စားတဲ့
“လား၊ မသိဘူးနော်” နဲ့
အစားထိုးကြည့်ပါ။

နင်ကတော့ ပင်ပန်းတဲ့ပုံပေါက်တယ်နော်။ကျန်းမာရေးမကောင်းဘူးထင်တယ်။ ဝလာတယ်နော်။ တော်တော် စားသောက်တယ်ထင်တယ်။ ဒီ “ထင်တယ်” ဆိုတဲ့စကားကို mind read လို့ခေါ်တယ်။ ဒီ”ထင်တယ်” ဆိုတာ ပြောတဲ့သူကသူ့ခေါင်းထဲမှာရှိတဲ့ တွေးပုံနဲ့တဖက်လူရဲ့ ဘဝကို လာအကဲဖြတ်တာဖြစ်တယ်။ ဒီ “ထင်တယ်” တွေသုံးတာများရင်မိသားစု၊ ပေါင်းသင်းဆက်ဆံရေး၊ စီးပွားရေး၊ အချစ်အိမ်ထောင်ရေးမှာ သက်ရောက်မှုရှိနိုင်တယ်။ “ထင်တယ်” အစား၊ “လား” တို့၊“မသိဘူးနော်” တို့ အစားထိုးကြည့်။ နင်ပင်ပန်းတဲ့ပုံပေါက်နေတယ်နော်၊ ဒီရက်ပိုင်း ကျန်းမာရေး ကောင်းသလား?ငါ့သားအရမ်းပိန်နေတယ်နော်။ အစားအသောက်မှန်ရဲ့လား? အကဲဖြတ်တဲ့ “ထင်တယ်” စကားလုံးအစားမေးမြန်းစိတ်ဝင်စားတဲ့ “လား၊ မသိဘူးနော်” နဲ့အစားထိုးကြည့်ပါ။ Phyo Paing @ Derek

အကဲဖြတ်တဲ့ “ထင်တယ်”
စကားလုံးအစား
မေးမြန်းစိတ်ဝင်စားတဲ့
“လား၊ မသိဘူးနော်” နဲ့
အစားထိုးကြည့်ပါ။
Read More Âť

ယူထားတာထက်
ပိုပေးရမှာ မကြောက်ပါနဲ့။

လူတစ်ယောက်ဟာအလုပ်လုပ်တဲ့အခါ ကိုယ့်အတွက်“ချက်ချင်း” အကျိုးမရှိရင်အလုပ်ကို သေချာလုပ်သလား၊မလုပ်ဘူးလားကို ကြည့်ပြီးအဲဒီလူရဲ့ အနာဂတ်ကိုခန့်မှန်းလို့ ရနိုင်တယ်။ တချို့အလုပ်တွေက ချက်ချင်းကြီးအကျိုးရှိချင်မှ ရှိလိမ့်မယ်။ လူအများစုက ကိုယ်က ပိုပေးလိုက်ရမှာကြောက်တတ်ကြတယ်။အလုပ်လုပ်ရင်လည်း ရထားတာထက်ပိုလုပ်ရမှာ ကြောက်တတ်ကြတယ်။ Client အလုပ်အပ်ရင်လည်းကိုယ်ဘက်က ပိုပေးလိုက်ရမှာကြောက်တတ်ကြတယ်။ဒီ mindset က လူတွေကိုအောင်မြင်မှုအတွက်အတားအဆီးဖြစ်စေတယ်။ ကျွန်တော်ကတော့သူများဆီက ယူထားတာထက်ပိုမပေးလိုက်ရမှာ စိုးရိမ်တယ်။ ဒီအချက်ကပဲအလုပ်လုပ်တုန်းက မိတ်ဆွေတွေ၊ဆိုင်ဖွင့်တုန်းက ဖောက်သည်တွေအခုထိ ကိုယ်ဘာလုပ်လုပ်ယုံကြည်အားပေးနေကြတုန်း။ ယူထားတာထက်ပိုပေးရမှာ မကြောက်ပါနဲ့။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay

ယူထားတာထက်
ပိုပေးရမှာ မကြောက်ပါနဲ့။
Read More Âť

ကိုယ်လိုချင်တာ ပြတ်ပြတ်သားသား
ပြောဖို့ အားမနာပါနဲ့။

မြန်မာ့ယဥ်ကျေးမှုနဲ့ ကြီးလာတော့တစ်ခုခုဆို ဘာမှန်းမသိ အားနာနေတတ်တာ။ အားနာတာကို nice ဖြစ်တယ်။ ကောင်းတယ်လို့ ထင်ပြီး နှစ်ပေါင်းများစွာ နေခဲ့တယ်။ နောက်ပိုင်း ပြည်တွင်းစပ်တူလုပ်တဲ့လုပ်ငန်းတွေမှာ အောင်မြင်တဲ့လုပ်ငန်းနဲ့ပျက်သွားတဲ့ လုပ်ငန်းလေ့လာကြည့်တော့အောင်မြင်တဲ့ အစုစပ်လုပ်ငန်းတွေမှာရှိတဲ့ပုဂ္ဂိုလ်တွေက လိုချင်တာကိုတိုက်ရိုက်ပြတ်ပြတ်သားသား ပြောရဲကြတာတွေ့ရတယ်။ မဟုတ်ရင် ခန့်မှန်းနေတာနဲ့ မလိုအပ်တဲ့ ပြဿနာတွေက တက်ရော။ သဘောမတူရင်လဲ မတူဘူး။တူရင်လဲ တူတယ်။ ပြတ်ပြတ်သားသား ပြောဆိုဆွေးနွေးတဲ့အခါစိတ်ရှင်းတယ်။ခံစားချက်တွေ ကိန်းအောင်းနေစရာမလိုဘူး။ လူမှုရေး၊ စီးပွားရေး၊ အချစ်အိမ်ထောင်ရေးအကုန်အတူတူပဲ။ ကိုယ်လိုချင်တာကို ပြတ်ပြတ်သားသားပြောဖို့ အားမနာပါနဲ့။ သူကတော့ ဒီလိုထင်တယ် ခန့်မှန်းပြီးခံစားချက်တွေနဲ့ လျှောက်မလုပ်ပါနဲ့။ Phyo Paing @ Derek

ကိုယ်လိုချင်တာ ပြတ်ပြတ်သားသား
ပြောဖို့ အားမနာပါနဲ့။
Read More Âť

တစ်ခုခု လိုချင်ရင်

ငါလိုချင်တာဘာလဲ။ လိုချင်တဲ့အကြောင်းအရင်းကဘာလဲ။ဒါကို ရဖို့ အမြန်ဆုံး၊ အလွယ်ဆုံး၊ အထိရောက်ဆုံးဘာနည်းလမ်းတွေ ရှိမလဲ။ အချိန်ဘယ်လောက်ကြာနိုင်သလဲ။ ဒီအတွက် ဘာတွေလိုအပ်သလဲ။ဘယ်နေ့စအကောင်အထည်ဖော်မလဲ။ ဒီမေးခွန်းတွေမေး စလုပ်လိုက်တယ်။ Phyo Paing @ Derek

တစ်ခုခု လိုချင်ရင်
Read More Âť

ဘာပဲဖြစ်ဖြစ် တာဝန်ယူပါ။

လူတွေက ကိုယ့်ဘဝကိုယ် တာဝန်ယူဖို့ $ ပျင်းကြီးတတ်ကြတယ်။ Phyo Paing @ Derek

ဘာပဲဖြစ်ဖြစ် တာဝန်ယူပါ။ Read More »

ဝေးဝေးပြေးဖို့ မလွယ်ဘူး။

Relationship တို့ Marriage တို့ဆိုတာ ပေါင်းစီးမှုဖြစ်တဲ့အတွက် အဆင့်တွေ အရမ်းကွာလို့မရဘူး။ ပညာရေး၊ ငွေကြေး၊ နေထိုင်မှုအဆင့်အတန်း၊ အပေါင်းအသင်း၊ အတွေးအခေါ်ဒီအရာတွေကို point တစ်ခုချကြည့်လို့ တစ်ခုခုမှာ အရမ်းကွာနေရင် integration လုပ်တဲ့အခါ တစ်ဖက်ဖက်က ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ စိတ်ဆန္ဒမရှိရင် လတ်ဆတ်လှပတဲ့ အနာဂတ်တွေအတွက်ဝေးဝေးပြေးဖို့ မလွယ်ဘူး။ Phyo Paing @ Derek

ဝေးဝေးပြေးဖို့ မလွယ်ဘူး။ Read More »