စီမံခန့်ခွဲမှုဆိုတာ
“လူ”နဲ့ “စနစ်” ကို အသုံးပြုပြီး“ရည်မှန်းချက်ပန်းတိုင်” ရောက်အောင်လုပ်တာကို စီမံခန့်ခွဲမှုလို့ခေါ်တယ်။ Phyo Paing @ Derek
“လူ”နဲ့ “စနစ်” ကို အသုံးပြုပြီး“ရည်မှန်းချက်ပန်းတိုင်” ရောက်အောင်လုပ်တာကို စီမံခန့်ခွဲမှုလို့ခေါ်တယ်။ Phyo Paing @ Derek
Passion, Profit, Purpose ဒီ P သုံးလုံးက လူတစ်ယောက်ဘဝကို ကောင်းကောင်းပြောင်းလဲစေနိုင်တယ်။ ကိုယ်စိတ်မဝင်စားတဲ့ အလုပ်ကိုလုပ်နေရင်အစွမ်းအစက ပြောသလောက်မထွက်ဘူး။ ဒါကြောင့် ကိုယ် passionate ဖြစ်တဲ့ချစ်တဲ့အလုပ်ကို လုပ်ဖို့လိုတယ်။ ချစ်တဲ့အလုပ်လုပ်ပြီး ငွေကြေးအရstruggle ဖြစ်နေမယ်ဆိုတာ မဟုတ်သေးဘူး။ ဒီတော့ ကိုယ့် passion ကို profession ပြောင်းပြီးအမြတ်ငွေထွက်အောင် profit ထွက်အောင်လုပ်ဖို့လိုတယ်။ နောက်တစ်ခုက purpose ရည်ရွယ်ချက်ပေါ့။ Start with “Why” ဘာ့ကြောင့်ဆိုတဲ့ရည်ရွယ်ချက်လိုတယ်။ ဒီအချက်က ဘဝမှာ ဒူပေဒါပေခံဖို့ ကူညီပေးတယ်။ ဘဝမှာ အဝေးကို ထွက်ပြေးချင်တဲ့အချိန်တွေ လူတိုင်းမှာရှိတယ်။ဘဝကို စိတ်ကုန်တဲ့အချိန်တွေအရွဲ့တိုက်ချင်တဲ့အချိန်တွေလူတိုင်းမှာ တစ်ချိန်မဟုတ် တစ်ချိန်ရှိခဲ့ဖူးကြလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ အကြည်ဓာတ်မပျက်ရှေ့ဆက်နိုင်ဖို့ ဘဝရဲ့ ရည်ရွယ်ချက်purpose အရေးကြီးတယ်။ Peak Performance ထိပ်တန်းစွမ်းဆောင်ရည်အပြည့်နဲ့ အလုပ်လုပ်နိုင်ဖို့
လိုချင်တာရဖို့ လွယ်လွယ်လေး။ အလုပ်ဖြစ်တာ၊ မဖြစ်တာကိုလေ့လာ၊ လုပ်ကြည့်။ မဖြစ်တာကို ချန်ခဲ့။ ဖြစ်တာကိုဆက်လုပ်။ ဒီလို deliberate thinking လုပ်ဖို့အချိန်သီးသန့်ပေးဖို့လိုတယ်။ Phyo Paing @ Derek
Facebook (Meta) က သူ့ကိုယ်သူSocial Media Company လို့ မစဉ်းစားဘူး။Communication Company တစ်ခုလို စဉ်းစားတယ်။ Tik Tok (Byte Dance) က သူ့ကိုယ်သူVideo-sharing company လို့ မစဉ်းစားဘူး။AI (artificial intelligence) company တစ်ခုလို့စဉ်းစားတယ်။ MI (Xiaomi) က သူ့ကိုယ်သူPhone Company လို့ မစဉ်းစားဘူး။IoT (internet of things) တွေ အသုံးပြုတဲ့၊နေ့စဉ်သုံးပစ္စည်းတွေ ထုတ်တဲ့Lifestyle Company လို့ စဉ်းစားတယ်။ လုပ်ငန်းရှင်တွေအနေနဲ့“Which business are you in ?” ဆိုတဲ့ကိုယ်က ဘယ်စီးပွားရေးလုပ်ငန်းမျိုးကို လုပ်နေတာလဲ ? ဆိုတာသေချာ စဥ်းစားဖို့လိုတယ်။ ကိုယ်စဉ်းစားတဲ့ပုံစံက ကိုယ့်လုပ်ငန်းနောက်ဆက်သွားမယ့် လမ်းကြောင်းပေါ်သက်ရောက်မှု
ကိုယ့်ကိုကိုယ် ချော့ခိုင်းတတ်ဖို့အရေးကြီးတယ်။ တခါတလေ လူတစ်ယောက်မှာနတ်မင်းနှစ်ပါး အားပြိုင်နေတယ်။အပျင်းကြီးတဲ့ တစ်ယောက်နဲ့ တက်ကြွတဲ့ တစ်ယောက်။ တခါတလေ တစ်ယောက်ကအသားရနေတာမျိုးဖြစ်တတ်တယ်။ ကိုယ့်ကိုကိုယ် ချော့ခိုင်းဖို့ကိုယ့်အကြောင်းကို လေ့လာနေဖို့လိုတယ်။ ဒါကြောင့်လဲ Socrates ကKnow Thyself ကိုယ့်ကိုကိုယ် သိလို့ပြောခဲ့တာမဟုတ်လား။ ကျွန်တော်တို့ နေ့စဥ်တိုက်နေရတဲ့ရန်သူက အတွင်းရန်သူဖြစ်ကောင်းဖြစ်နိုင်တယ်။ မယုံရင် တခါးပိတ်။ အခန်းထဲမှာ ဖုန်းမသုံး၊ ဘားမှ အသုံးမပြုပဲဒီအတိုင်း ဘားမလုပ်ပဲလေးဆယ့်ငါးမိနစ်လောက်ထိုင်ကြည့်ကြည့်။ လူ့စိတ်က မျောက်စိတ်ဆိုတာသတိထားလာမိလာသလိုအတွင်းရန်သူကို ဂရုစိုက်ရမယ်ဆိုတာသတိထားလာမိလိမ့်မယ်။ ကျွန်တော်တို့ နေ့စဥ်တိုက်နေရတဲ့တိုက်ပွဲက စိတ်တွင်းတိုက်ပွဲတွေဖြစ်နေတတ်တယ်။ အတွင်းတိုက်ပွဲ အောင်နိုင်မှအပြင်တိုက်ပွဲ အောင်ဖို့ သေချာသလောက်ရှိမှာ။ Phyo Paing @ Derek
တချို့ လူတွေက ပညာပဲသင်ချင်ကြတာတကယ်မလုပ်ချင်ကြဘူး။ 2015 နှစ်ကုန်က Coursera မှာUniversity of Illinois ကMarketing in a digital world မှာProfessor တစ်ယောက်ကC. Ronaldo နဲ့ Coca ColaFacebook မှာ ဘယ်သူ followerပိုများမယ်ထင်သလဲဆိုတဲ့ မေးခွန်းမေးတယ်။အဲ့ကတည်းကကိုယ့်နာမည်နဲ့ Facebook Page စလုပ်လိုက်တယ်။ Knowledge is Power ဆိုတာ မမှန်ဘူး။Knowledge is potential power ပါ။တကယ့် power က Action.Action without knowledge ဆိုတာstupidity လို့ပဲခေါ်မယ်။ ပညာသင်ဖို့လိုသလိုအသုံးချဖို့လဲလိုတယ်။စာရွက်တစ်ရွက်ရဖို့ပဲပညာမသင်ပါနဲ့။ Phyo Paing @ Derek
တစ်ခုခုလုပ်တော့မယ်ဆို ငါဒါလုပ်လိုက်တဲ့အတွက်“မနက်ဖြန်မနက်”ဘယ်လိုခံစားရမလဲမေးကြည့်။ ဒီမေးခွန်းက တဒင်္ဂသာယာမှုကိုကျော်လွားဖို့ ကူညီပေးတယ်။ Phyo Paing @ Derek
စွန့်ဦးတီထွင်အများစုကသီအိုရီသိလို့ လုပ်ခဲ့တာမဟုတ်ဘူး။ လုပ်ပြီးနောက်ပိုင်းမှ“ငါလုပ်ခဲ့တာ အဲလို Theory ရှိတယ်ကိုး။ဟိဟိ” ဆိုပြီးစိတ်ထဲမှာ ပြုံးတတ်ကြတယ်။ စွန့်ဦးတီထွင်ဆိုတာ လုပ်ရင်းသင်သွားတဲ့learning by doing အမျိုးအစားပဲ။ အရာအားလုံး အဆင်သင့်ဖြစ်မှperfect ဖြစ်မှ စတဲ့သူတွေ မဟုတ်ဘူး။လုပ်ရင်းနဲ့မှ တိုးတက်အောင်ကြံဆသွားတဲ့သူတွေ များတယ်။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay
သာမာန်လူတွေနဲ့ မတူဖို့ သာမာန်လူတွေ မလုပ်တဲ့အလုပ်တွေ လုပ််ဖို့ လိုကောင်းလိုနိုင်တယ်။ သာမာန်လူအများစု fasting မလုပ်ဘူး။ Productivity အတွက် fasting အရေးကြီးတယ်။ကျွန်တော်တို့ culture မှာ သာမာန်လူအများစု ကဆီဓာတ်အစားများတယ်။Productivity အတွက် carb ကိုလျော့ဖို့လိုနိုင်တယ်။ သာမာန်လူအများစုမှာ ဘဝနေထိုင်မှု စနစ်မရှိဘူး။Productivity ကောင်းပြီး Peak Performance ရဖို့ စနစ်လိုနိုင်တယ်။သာမာန်လူအများစု ကိုယ့်ကျန်းမာရေးအတွက်တစ်ရက်ကို တစ်နာရီလောက်အချိန် မပေးဖြစ်ဘူး။Productivity အတွက် ကျန်းမာရေးအတွက် အချိန်ပေးဖို့လိုတယ်။ သာမာန်လူတွေ နေ့တိုင်းစာမဖတ်ဘူး။ကိုယ့်ဘဝအတွက် နေ့တိုင်းစာဖတ်ဖို့လိုတယ်။သာမာန်လူတွေ နေ့တိုင်းတရားမထိုင်ဘူး။ Productivity ကောင်းပြီး negativity ကိုရှင်းဖို့နေ့စဥ် တရားထိုင်ဖို့ လိုကောင်းလိုနိုင်တယ်။ သာမာန်နဲ့ မတူချင်ရင် သာမာန်လူတွေ မလုပ်တဲ့အရာတွေကိုလုပ်ဖို့ လိုတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အကောင်းဆုံး version တည်ဆောက်ဖို့ကကိုယ့်ရဲ့ တာဝန်ပဲ မဟုတ်လား။ကိုယ့်ကိုကိုယ်တောင် မကယ်နိုင်ပဲသူများကို
သာမာန်နဲ့ မတူချင်ရင်
သာမာန်လူတွေ မလုပ်တဲ့အရာတွေကို
လုပ်ဖို့ လိုတယ်။ Read More »
Content Marketing ဆိုတာရေရှည်ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ။စိတ်ရှည်ဖို့လိုတယ်။ မဟာဗျူဟာလိုတယ်။အမြဲလေ့လာနေဖို့လိုတယ်။ကိုယ့်ရဲ့ sweet spot ကိုသိဖို့လိုတယ်။ဇွဲနဲ့ consistency လိုတယ်။ Phyo Paing @ Derek