May 2022

ဘာကြောင့်ပညာသင်သလဲ။

ဘွဲ့ဝတ်စုံတွေဝတ်Congratulations လုပ်တာဂုဏ်ဆာတဲ့တစ်ရက်တာအတွက်ပဲ မဟုတ်ပါဘူး။ ပညာသင်တဲ့ရည်ရွယ်ချက်က ၁။ ငွေပိုရှာဖို့ Money၂။ အသိမှတ်ပြုခံရဖို့ Status၃။ လွမ်းမိုးနိုင်စွမ်း Power ၄။ တိုးတက်နေဖို့ Growth၅။ အစွမ်းအစဘယ်လောက်ရှိလဲသိဖို့ Self-actualization၆။ Networks နောက်ဆုံးခြုံကြည့်ရင် ဒီခြောက်ချက်နဲ့ လာတွဲမိလိမ့်မယ်။ ဒီတော့ ပညာသင်တဲ့အခါ အရေးအကြီးဆုံးက ဘာဖြစ်မလဲ။ စူးစမ်းချင်စိတ် curosity ပဲ။ စူးစမ်းချင်စိတ်မရှိပဲဂုဏ်ဆာဖို့လောက်နဲ့ နာမည်နောက် ဘွဲ့တပ်လောက်နဲ့ကြီးကျယ်တဲ့ ပြောင်းလဲမှုတွေဖြစ်မှာ မဟုတ်ဘူး။ Phyo Paing @ Derek

ဘာကြောင့်ပညာသင်သလဲ။ Read More »

လူတစ်ယောက်ရဲ့ ပြဿနာ
ဖြေရှင်းနိုင်စွမ်းက
သူ့ရဲ့အစွမ်းအစပဲ။

လူတိုင်းက ပြဿနာနဲ့မကင်းဘူး။ အရေးကြီးတာ ဒီပြဿနာကို ဘယ်လို ဖြေရှင်းလဲဆိုတာ အရေးကြီးတယ်။ တစ်ယောက်တည်းဆို ပြဿနာ မဟုတ်ပေမယ့်နှစ်ဦးနှစ်ယောက် အတူတူပြဿနာ တစ်ခုကို ဖြေရှင်းတဲ့အခါတစ်လှေတည်းဆီး တစ်ခရီးသွားတဲ့အခါ ဒီအချက်က အရေးအရမ်းကြီးတယ်။ Phyo Paing @ Derek

လူတစ်ယောက်ရဲ့ ပြဿနာ
ဖြေရှင်းနိုင်စွမ်းက
သူ့ရဲ့အစွမ်းအစပဲ။
Read More »

လူတွေကို ဒုက္ခအပေးဆုံး
စိတ်ခံစားမှုက loneliness

ဒီစိတ်ခံစားမှုဟာ စွဲလမ်းစေတတ်တယ်။pattern တွေ ထပ်ခါထပ်ခါrepeat ဖြစ်တတ်ပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေချဖို့ တွန်းအားပေးတတ်တယ်။ Phyo Paing @ Derek

လူတွေကို ဒုက္ခအပေးဆုံး
စိတ်ခံစားမှုက loneliness
Read More »

Money, Status, Power

ဒီသုံးခု မရှိရင် တချို့လူတွေ worry ဖြစ်တတ်တယ်။လောကီရဲ့ တကယ့် freedom မရကြဘူး။ Money က ရွေးချယ်စရာများအောင်ကူညီ ဆောင်မပေးတယ်။ သူနည်းတဲ့အခါ ရွေးချယ်မှု များများ စားစားလုပ်မရဘူး။ သူ့အကြွေးတင်ပြီး မပေးနိုင်တဲ့အခါ တိုင်ပတ်ပြီ။ Status က လူရိုသေရှင်ရိုသေဖြစ်စေတယ်။ သူရှိတဲ့အခါ အသိမှတ်ပြုခံရမှုရှိစေတယ်။သူမရှိတဲ့အခါ မျက်နှာမွဲလို့ကိုယ့်ကိုကိုယ် ထင်တတ်နိုင်တယ်။ Power ကတော့ ကိုယ့်ကိုကိုယ်ကာကွယ်မှုပေးနိုင်တယ်။ သူမရှိတဲ့အခါ လွမ်းမိုးမှုလုပ်ဆောင်နိုင်စွမ်းနည်းစေတယ်။ Phyo Paing @ Derek

Money, Status, Power Read More »

လူတိုင်းကို ရောင်းချင်စိတ်ဖျောက်ပါ။

လုပ်ငန်းစတင်တဲ့အချိန်တုန်းက Customer is King တို့Queen တို့တွေနဲ့ ရင်းနှီးနဲ့လာတော့လူတိုင်းရဲ့ အလိုကိုဖြည့်ဆည်းချင်ခဲ့တယ်။လူ့အလို နတ်တောင်မလိုက်နိုင်တာကိုယ်လဲ လူတိုင်းရဲ့အလိုကို လိုက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် marketing မှာ ဒီနောက်ပိုင်း ဆိုရိုးစကားတစ်ခုလိုဖြစ်လာတာChoose your clients, Choose your future ပါ။ပြောတဲ့သူက Seth Godin. ဘူကောင်တွေကို serve လုပ်ပြီး အကြည်ဓာတ် ရှိဖို့ မစဉ်းစားနဲ့။ ဘူကောင်တွေက အမြဲနှိုင်းယှဉ်နေတတ်ကိုယ့်ဘဝကို စိတ်တိုင်းမကျတတ်တဲ့အတွက်ဘယ်သူတွေကို service ပေးမလဲသေချာရွေးချယ်တတ်ဖို့ ပညာဖြစ်လာတယ်။ လူတိုင်းကိုယ် customer မဟုတ်တာနားလည်ပါ။လူတိုင်းကို မရောင်းပါနဲ့။ လူတိုင်းရဲ့ အလို ဆန္ဒကို ဖြည့်ဆည်းဖို့ မကြိုးစားပါနဲ့။ Phyo Paing @ Derek

လူတိုင်းကို ရောင်းချင်စိတ်ဖျောက်ပါ။ Read More »

ဒီနေ့လုပ်ခဲ့တဲ့ အလုပ်က
မနက်ဖြန်ရဲ့ အချိန်ကို
ခြွေတာပေးနိုင်ရမယ်။

234 ဒါကတော့ ရက်ပေါင်း ၂၃၄ ရက်မှာစာအုပ်ပေါင်း ၂၃၄ အုပ်ဖတ်ပြီး video ဖန်တီးခဲ့တဲ့ခရီးစဥ် တစ်ခုဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ philosophy ကဒီနေ့လုပ်ခဲ့တဲ့ အလုပ်က မနက်ဖြန်ရဲ့ အချိန်ကိုခြွေတာပေးနိုင်ရမယ်။ ငယ်ငယ်က လေ့လာခဲ့လေ့ကျင့်ခဲ့တဲ့ positive psychology, memory training, speed reading,ဆေးပညာ နဲ့ စီးပွားရေးပညာရပ်တွေဟာတချိန်မှာ ဆုံမှတ်တစ်ခုရှိလိမ့်မယ်။ ခပ်ကြီးကြီးလုပ်မယ်။လေကြီးလေကျယ်ပြောမယ်ဆိုရင်consistency တော့ အနည်းဆုံးရှိဖို့လိုတယ်။ Phyo Paing @ Derek

ဒီနေ့လုပ်ခဲ့တဲ့ အလုပ်က
မနက်ဖြန်ရဲ့ အချိန်ကို
ခြွေတာပေးနိုင်ရမယ်။
Read More »

တစ်ခုခုကို မှီခိုပြီးဖြစ်လာတဲ့
productivity က ရေရှည်မခံဘူးလို့
ရိုးရိုးလေးစဉ်းစားကြည့်တယ်။

မင်းကွန်းဆရာတော်ကြီးလို မှတ်ဥာဏ်ကောင်းဖို့ မြန်မာ့တိုင်းရင်းဆေးစနစ်ဖြစ်တဲ့မြင်းခွါရွက် ပစ္စငါးပါး (Pennywort Roots) နဲ့နွားနို့နဲ့ရောသောက်ပြီးစမ်းသပ်မှုတွေလုပ်ခဲ့ဖူးတယ်။ မနက်ထရင် စွမ်းအင်ပေါက်ကွဲမှုကောင်းအောင် Virgin Coconut Oil တစ်ဇွန်းသောက်တာမျိုးအချိန်တစ်ခုထိ လုပ်ဖူးတယ်။ ဦးနှောက်ကို သွေးပိုရောက်စေတဲ့ပြည်တွင်းမှာရနိုင်တဲ့ပြင်သစ် Servier ကုမ္ပဏီကထုတ်တဲ့အယ်ကာလီယွန်တို့လိုမျိုးကျောင်းသားဘဝက စာမေးပွဲမတိုင်ခင်မှာ စမ်းသုံးခဲ့ဖူးတယ်။ နောက်ပိုင်း Smart drugs တွေဦးနှောက်အားတိုးဆေး Nootropics တွေနောက် neurotransmitter တွေအားကောင်းအောင် supplement တွေစမ်းသပ်ခဲ့ဖူးတယ်။ Tim Ferriss အရင်ကုမ္ပဏီကထုတ်တဲ့ဆောင်းပိုးနွေမြက် Cordyceps ပါတဲ့Brainquicken (အခု Bodyquicken) တို့ကိုစျေးကြီးကြီးနဲ့မှာပြီး စမ်းခဲ့ဖူးတယ်။ ကမ္ဘာပေါ်မှာ နာမည်ကြီးတာကတော့Joe Rogan ပူးတွဲတည်ထောင်တဲ့Onnit က ထုတ်တဲ့ alpha brain နောက် neurohacker collectives တို့လိုQualia mind တို့ အသုံးများလာတယ်။ သူကတော့

တစ်ခုခုကို မှီခိုပြီးဖြစ်လာတဲ့
productivity က ရေရှည်မခံဘူးလို့
ရိုးရိုးလေးစဉ်းစားကြည့်တယ်။
Read More »

အမြင်ကျယ်ဖို့ စာဖတ်ဖို့လိုတယ်။

အလုပ်လို့ဆိုလိုက်ရင်လူအများစုက laborကာယနဲ့လုပ်တဲ့အလုပ်ကိုပဲပြေးမြင်ကြတယ်။ ၂၁ ရာစုမှာ အလုပ်အများစုကဥာဏ အလုပ်ဖြစ်လာပြီ။ဒါကို knowledge worker လို့ခေါ်တယ်။ artist, blogger, coder,designer, entrepreneur ဒီနေ့ခေတ်က computer တစ်လုံးနဲ့အလုပ်ပြီးလာတဲ့ခေတ်ဖြစ်တယ်။ ဒါကြောင့် digital nomad တို့lifestyle entrepreneur တို့ပေါ်ပေါက်လာတာဖြစ်တယ်။ အမြင်ကျယ်ဖို့ စာဖတ်ဖို့လိုတယ်။ Phyo Paing @ Derek

အမြင်ကျယ်ဖို့ စာဖတ်ဖို့လိုတယ်။ Read More »