ဘဝအတွက် လူဖြစ်ရှုံးတယ်ဆိုတာကိုယ့်ရဲ့အစွမ်းအစတွေကိုအလဟသ ဖြုန်းတီးပစ်တာပဲ။ လူရယ်လို့ဖြစ်လာရင်တခြားသူတွေကို တနည်းနည်းနဲ့အကျိုးပြုရမယ်လို့ ယူဆထားတယ်။ လယ်သမားတွေ ထွန်ယက်စိုက်ပျိုးလို့ထမင်းဆိုတာ စားရတယ်။တီးထွင်တဲ့သူတွေကြောင့်ဖုန်းတို့၊ ကားတို့၊ နည်းပညာတွေသုံးရတယ်။ သူတို့အကျိုးပြုမှုကြောင့်ဘဝကြီးက နေသာထိုင်သာပိုရှိလာတယ်။ ကိုယ်ကလဲ အကျိုးပြန်ပြုပေးဖို့လိုတယ်။ ကိုယ်က ဘယ်လို ပြန်လည်အကျိုးပြုမလဲကိုကိုယ့်ရဲ့ ရည်ရွယ်ချက်လို့ခေါ်တယ်။တချို့တွေက ဘဝရဲ့ ခေါ်သံ calling၊တချို့က သမိုင်းပေးတာဝန် missionတချို့က ဘဝရဲ့ ရည်ရွယ်ချက် purposeအမျိုးမျိုး နာမည်ပေးကြတယ်။ ဘဝဆိုတာ ပိုက်ဆံရှာမယ်။သုံးမယ်၊ ဖြုန်းမယ်တစ်ခုထက်ပိုတယ်လို့ယူဆထားတယ်။ မိတ်ဆွေရဲ့ mission ကတော့ မသိဘူး။ ကျွန်တော်ကတော့ ပညာရေးနဲ့နည်းပညာ အသုံးးပြုပြီးလူသားတွေရဲ့ ဘဝကိုတိုးတက်ပြောင်းလဲဖို့ ကူညီချင်တယ်။ ကိုယ့်အတွေ့အကြုံနဲ့စမ်းသပ်မှုတွေကို ပြန်လည်မျှဝေပေးချင်တယ်။ Phyo Paing @ Derek