အရှားပါးဆုံး အရင်းအမြစ်
အရှားပါးဆုံး အရင်းအမြစ်ကအချိန်ပဲ။ဒီရှားပါးလွန်းတဲ့အချိန်မှာကိုယ့်အာရုံကို ဘယ်နားမှာသုံးမလဲအရေးကြီးတယ်။ Phyo Paing @ Derek
အရှားပါးဆုံး အရင်းအမြစ်ကအချိန်ပဲ။ဒီရှားပါးလွန်းတဲ့အချိန်မှာကိုယ့်အာရုံကို ဘယ်နားမှာသုံးမလဲအရေးကြီးတယ်။ Phyo Paing @ Derek
ကိုယ့်ဘဝမှာ ရှိထား၊ရထား၊ ပိုင်ဆိုင်ထား၊ဖြစ်နေတဲ့အရာတွေကြည့်လိုက်ရင်ဒါတွေက ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေပဲ။ ကံ၊ ကံ၏အကျိုးယုံကြည်တဲ့ဗုဒ္ဓဘာသာတစ်ယောက်ဆိုရင်တော့အတိတ်က ကုသိုလ်ကံအကြောင်းတရားတွေကြောင့်ဖြစ်ရင်ဖြစ်မယ်။ဒီဘဝရဲ့ ကုသိုလ်ကံအကြောင်းတရားတွေကြောင့်ဖြစ်ရင်ဖြစ်မယ်။ သံသရာကို လက်ကျန်စာရင်းရှင်းတမ်းBalanced Sheet တစ်ခုအနေနဲ့အတွေးအခေါ်စမ်းသပ်မှုလေးလုပ်ကြည့်တယ်။ ကုသိုလ် Asset (ပိုင်ဆိုင်မှုစာရင်း) နဲ့အကုသိုလ် Liabilities (အကြွေး)တွေကြားမှာ သံသရာစက်ဝန်းကြားက လောလောပြီးကနေရတဲ့ လောကသားဖြစ်တယ်။ ဒါကြောင့် သံသရာဝဋ်ဆင်းရဲထဲမှာအနှုတ်တွေပြတဲ့ အကုသိုလ်တွေကိုအသိ၊ သတိနဲ့ အတတ်နိုင်ဆုံးရှောင်တယ်။ သံသရာတစ်လျှောက်မှာ ပါရမီဖြည့်ဖို့ကိုယ့်လို လောကသားတွေအတွက် ကိုယ်တတ်နိုင်တဲ့ ပညာရေးနဲ့ နည်းပညာနဲ့အကျိုးပြုရင်း ပါရမီဖြည့်သွားမယ်လို့တော့အမြဲစိတ်ကူးခဲ့တာပဲ။ ကွေးသောလက်မဆန့်မီ၊ဆန့်သောလက်မကွေးမီတော့ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို အမြင့်ဆုံးဖြစ်အောင်စမ်းသပ်၊ လေ့လာ၊ မျှဝေပြီးကိုယ့်ရဲ့ အကောင်းဆုံးဗားရှင်းဖြစ်အောင်လုပ်ဆောင်သွားဖို့တော့ ဆုံးဖြတ်ထားတယ်။ ကိုယ့်အတွက် အကျိုးမရှိ၊သူတပါးအတွက်လဲ အကျိုးမရှိတဲ့အတွေး၊ အကြံ၊ အလုပ်မစဥ်းစားမိဖို့၊ မပွားများမိဖို့ သတိနဲ့ နေနိုင်အောင် အမြဲလေ့ကျင့်နေတာကောင်းတဲ့အချက်လို့တော့ ထင်မိတယ်။ Phyo Paing @ Derek
ကမ္ဘာပေါ်မှာ စိတ်အဝင်စားစရာအကောင်းဆုံးအရာတစ်ခုက ကိုယ့်ကိုယ်ကိုပဲ။ သံသရာထဲက လွတ်မြောက်ချင်ဖို့တရားရှာတဲ့အခါလဲ “တရားရှာ ခန္ဓာမှာတွေ့” ဆိုသလိုပါပဲ။ ကိုယ်လိုချင်တဲ့အရာတွေကို အတားအဆီးပြုလုပ်ထားတဲ့သူကတော့ကိုယ်တိုင်ပါပဲ။ ကိုယ်လိုချင်တဲ့အရာတွေကိုယူဆောင်ပေးနိုင်သူကလဲ ကိုယ်တိုင်ပါပဲ။ ဒီစိတ်၊ ဒီခန္ဓာနဲ့ ပေါင်းစပ်ထားတဲ့ဒီလူကို hacking သေချာလုပ်နိုင်ရင်၊သေချာ လေ့ကျင့်နိုင်ရင် လောကီရဲ့ အောင်မြင်မှုတွေသာမကလောကုတ္တရာ သံသရာထဲကလွတ်မြောက်နိုင်တာ ဗုဒ္ဓရဲ့ အဆုံးအမတွေ အားလုံးသိပြီးဖြစ်မှာပဲ။ လောကီရေးရာအတွက် လိုချင်တဲ့ ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေရဖို့၊ စိတ်အေးချမ်းမှုတွေရဖို့၊ကိုယ့်ရဲ့ အကောင်းဆုံးဗားရှင်းကိုတည်ဆောက်ဖို့ Peak Productivity ဖြစ်ဖို့ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေ၊ ဖန်တီးဖို့လိုလာတယ်။ လူတွေက မွေးကတည်းက အသုံးပြုနည်း စာအုပ်ကြီးနဲ့မွေးလာတာ မဟုတ်တော့ နည်းနည်းတော့ခက်တယ်။ ကိုယ့်ကိုယ်ကို ပြန်လည်လေ့လာဖို့၊သုံးသပ်၊ ဆန်းစစ်၊ ပြန်ပြုပြင်၊ထိန်းကြောင်းဖို့ နည်းလမ်းတွေလိုလာတယ်။ ဒီနည်းလမ်းတွေ သိလာရင်လိုချင်တဲ့ ခန္ဓာကိုယ်၊ ပိုင်ဆိုင်ချင်တဲ့ ဥာဏ်ပညာ၊လိုချင်တဲ့ ငွေကြေးလွတ်မြောက်မှု၊ ကိုယ်အနားမှာ ရှိစေချင်တဲ့သူတွေ၊ နေချင်တဲ့ ဘဝနေထိုင်မှု
Peak Productivity ရှာ
ကိုယ့်စိတ်နဲ့ ခန္ဓာမှာတွေ့ Read More »
ကိုယ့်အလားအလာရှိတဲ့ဖောက်သည်တွေကိုမိတ်ဆက်စရာမလိုတဲ့အထိမားကတ်တင်းလုပ်ပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
လုပ်စရာမလိုတဲ့ အလုပ်ကို အထိရောက်ဆုံး၊ အကောင်းဆုံးဖြစ်အောင် လုပ်နေတာလောက်အချိန်ဖြုန်းတာ မရှိဘူး။ “There is nothing so useless as doing efficiently that which should not be done at all.” Peter Drucker
စွမ်းဆောင်ရည်မြင့်ဖို့အတွက်ရန်သူက “အာရုံထွေပြား ဝေဝါးမှု”။ အာရုံကို အရာတစ်ခုမှာ အာဏာကုန်စိုက်နိုင်ဖို့အတွက်အလေ့အကျင့်လိုတယ်။ Phyo Paing @ Derek
ကွန်ကျိုးမှာ သူဌေးကမန်နေဂျာ အယောက်တစ်ရာကိုခေါ် ပြီး မီတင်လုပ်တယ်။ ငါတို့မှာ ပြဿနာဘာတွေရှိလဲဟေ့ဆိုတော့တစ်ယောက်ပြီးတစ်ယောက်လက်ထောင်ပြီး အလုအယက်ပြောဖို့လုပ်ကြတယ်။ ဘယ်သူ့မှာ ပြဿနာတွေအတွက်စဉ်းစားပြီးသား အဖြေရှိလဲဆိုတော့အယောက် ၂၀ လောက်ပဲ ကျန်တော့တယ်။ ဘယ်သူတာဝန်ယူဖြေရှင်းနိုင်လဲဆိုတော့ဆယ်ယောက်လောက်ပဲ ကျန်တယ်။ အရည်အချင်းရှိတဲ့ မန်နေဂျာဟုတ်မဟုတ် ၁။ လိုချင်တာပဲ အဓိကစဉ်းစားလားဖြစ်အောင်လုပ်ဖို့ကြံဆလား။မလိုချင်တာပဲ ခဏခဏစဉ်းစားစိတ်တိုင်းမကျဖြစ်နေလားနဲ့ သိနိုင်တယ်။ ၂။ ဆင်ခြေတွေပဲပေးနေတာလား။ရလဒ်တွေ ယူလာလားနဲ့ ကြည့်တယ်။Reason or Result တစ်ခုပဲရမယ်။ ၃။ ကိုယ့်ကိုယ်ကို တာဝန်ယူသလား။အပြစ်တင်တတ်သလားနဲ့ ကြည့်လို့ရတယ်။ ၄။ ပြဿနာဖြေရှင်းနည်းဘယ်လောက်စွမ်းလဲနဲ့ သိနိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ဘယ်သူ့မှာ ပြဿနာတွေအတွက်
စဉ်းစားပြီးသား အဖြေရှိလဲဆိုတော့ Read More »
တကယ်ဆို Grit ပဲလိုတယ်။Grit (ဂရစ်) ဆိုတာ စိတ်ဓာတ်ကြံ့ခိုင်ခြင်း။ Talent ပါရမီတစ်ခုတည်းနဲ့မရဘူး။Talent x Effort = Skillပါရမီ x ကြိုးစားအားထုတ်မှု = ကျွမ်းကျင်မှု Skill x Effort = Achievementကျွမ်းကျင်မှု x ကြိုးစားအားထုတ်မှု = ဆွတ်ခူးမှု ဒါကတော့ ပရော်ဖက်ဆာAngela Duckworth ရဲ့ ကမ္ဘာ့အရောင်းရဆုံးစာအုပ်ဖြစ်တဲ့ Grit က ဖြစ်တယ်။ ပါရမီပါပြီး ဘာမှ ဖြစ်မလာတာတွေအများကြီးပဲ။ကျွမ်းကျင်မှုရှိပြီး တစ်ဝက်တစ်ပျက်နဲ့ဘားမှဖြစ်မလာတာတွေအများကြီးပဲ။ ဆွတ်ခူးမှု ဆုတံဆိပ်တွေနဲ့အောင်မြင်မှုတွေအတွက်တကယ်ဆိုရင် Grit ပဲလိုတယ်။ Phyo Paing @ Derek
ကိုယ်နဲ့အတွေးအခေါ်မတူကိုယ့်အကျိုးစီးပွားလဲမထိခိုက်ရင်လျစ်လျူရှုတယ်။ လျစ်လျူရှုမှု အနုပညာကတော်တော်လေး အရေးကြီးတယ်။ Boycott လုပ်တယ်ဆိုတာလျစ်လျူရှုခြင်းတစ်မျိုးပဲ။ ကိုယ်နဲ့မဆိုင်တာကို အာရုံတွေပေးဖို့အချိန်နဲ့ စွမ်းအင်တွေကိုအလဟဿ အသုံးမပြုဘူး။ ကိုယ်ခံယူထားတဲ့ ဥပဒေသတစ်ခုကMYOB ပဲ။Mind Your Own Business ၁။ ကိုယ်အကောင်းဆုံး ဗားရှင်းဖြစ်ရမယ်။၂။ ကိုယ့်သားသမီးနဲ့ မိသားစုအကောင်းဆုံးဗားရှင်းဖြစ်ရမယ်။၃။ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေ အကောင်းဆုံးဗားရှင်းဖြစ်ရမယ်။၄။ ကိုယ်နဲ့ သိတဲ့သူတွေ အကောင်းဆုံးဗားရှင်းဖြစ်ရမယ်။၅။ ကိုယ်နေထိုင်တဲ့နေရာကသူတွေ အကောင်းဆုံးဗားရှင်းဖြစ်ရမယ်။ ကိုယ်ကူညီပေးနိုင်တဲ့သူမဟုတ်ရင်တော့ထားခဲ့လိုက်တယ်။ ကိုယ့်ကိုယ်ကိုကောင်းအောင်မလုပ်ပဲတခြားသူကို ကူညီပေးဖို့မလွယ်ကူဘူး။ ကိုယ်မသိတဲ့အရာတစ်ခုကိုတခြားသူကို သင်ပေးဖို့ဆိုတာလဲမဖြစ်နိုင်ဘူး။ Phyo Paing @ Derek