November 2026

အလုပ်ဖြစ်တာက ရလဒ်ကို ထွက်စေတယ်။

အလုပ်များတာနဲ့အလုပ်ဖြစ်တာ တူပုံပေါ်တယ်။တကယ်က မတူဘူး။အလုပ်များတာက အချိန်ကို ကုန်စေတယ်။အလုပ်ဖြစ်တာက ရလဒ်ကို ထွက်စေတယ်။ Phyo Paing @ Derek

အလုပ်ဖြစ်တာက ရလဒ်ကို ထွက်စေတယ်။ Read More »

မအောင်မြင်သေးရင် သင်ခန်းစာယူ။လုပ်ရပ်ကို ပြန်ပြောင်း။

1. ကိုယ့်ဘဝရဲ့အကောင်းဆုံးဖြစ်နိုင်တဲ့ပုံစံကို စိတ်ကူးယဥ်ပုံဖော်ကြည့်။ဘာတွေရှိ။ဘာတွေလုပ်။ဘယ်လိုလူဖြစ်နေမလဲ။ 2. ဒါကို ဖြစ်ဖို့ကူညီပေးမည့် လူတွေ၊ အဖွဲ့အစည်းတွေ၊ နေရာတွေဆီသွား။သူတို့ရဲ့ အတွေး၊ အကြံ၊ အလုပ်တွေကို အတုယူ။ ကိုယ့်အမူအကျင့်ကို ကိုယ့်အကောင်းဆုံးပုံစံဖြစ်ဖို့ ပြုပြင်ပြောင်းလဲ။ 3. ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ရှင်းရှင်းလင်းလင်းသတ်မှတ်။ ဘာကြောင့် ဒီရည်မှန်းချက်ဖြစ်ချင်လဲပါရှင်းလင်းနေဖို့လိုတယ်။ ပြီးရင် ဖြေရှင်းရမည့် အခက်အခဲ၊ကျော်လွှားရမည့်အရာတွေကို ချရေး။4. ပြီးရင် အခက်အခဲတစ်ခုချင်းကျော်လွှား။အောင်မြင်ရင် ဂုဏ်ပြု။ မအောင်မြင်သေးရင် သင်ခန်းစာယူ။လုပ်ရပ်ကို ပြန်ပြောင်း။ Phyo Paing @ Derek

မအောင်မြင်သေးရင် သင်ခန်းစာယူ။လုပ်ရပ်ကို ပြန်ပြောင်း။ Read More »

ရေရှည်ရပ်တည်နိုင်ရင် professional.

ဘောလုံးကန်တတ်တာနဲ့ဘောလုံးကန်ခြင်းနဲ့ ငွေရှာတာနဲ့မတူဘူး။သီချင်းဆိုတတ်တာနဲ့သီးချင်းဆိုခြင်းနဲ့ ငွေရှာတာမတူဘူး။အကြံပေးတတ်တာနဲ့အကြံပေးခြင်းနဲ့ ငွေရှာတာမတူဘူး။ ပထမတစ်ခုက အပျော်။ဒုတိယတစ်ခုက professional. ကိုယ့်ကိုကိုယ် အလုပ်တစ်ခုမှာကျွမ်းကျင်တယ်လို့ယူဆရင်ငွေယူကြည့်။ရေရှည်ရပ်တည်နိုင်ရင် professional. Phyo Paing @ Derek

ရေရှည်ရပ်တည်နိုင်ရင် professional. Read More »

သံသရာအတွက် ပါရမီဖြည့်သွားဖို့ကအဓိက ရည်ရွယ်ချက်ပဲ မဟုတ်လား။

သေချာတာ တစ်ခုကတစ်နေ့ သေမှာ။ မသေခင် ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုတည်ဆောက်သွားကြည့်ပြီးသံသရာအတွက် ပါရမီဖြည့်သွားဖို့ကအဓိက ရည်ရွယ်ချက်ပဲ မဟုတ်လား။ Phyo Paing @ Derek

သံသရာအတွက် ပါရမီဖြည့်သွားဖို့ကအဓိက ရည်ရွယ်ချက်ပဲ မဟုတ်လား။ Read More »

တချို့ဆက်ဆံရေးတွေကရေရှည် ထိန်းသိမ်းထားရမယ်။

Relationship တစ်ခုကဘဝတစ်ခုလုံးကို အပြောင်းအလဲဖြစ်စေနိုင်တယ်။ ပိုဆိုးတာဖြစ်နိုင်သလိုပိုကောင်းတာလဲ ဖြစ်နိုင်တယ်။ လူသားအချင်းချင်း ဆက်ဆံရေးရှိသလို၊​သမီးရည်းစား လင်မယားဆက်ဆံရေး၊သားသမီး၊ မိဘလဲရှိတယ်။​တချို့အတွက် ဘုရားနဲ့၊​တချို့အတွက်က တရားနဲ့လဲရှိမယ်။ တချို့ ဆက်ဆံရေးတွေကအဆက်အသွယ်ဖြတ်ပြီးတဲ့အချိန်ဘဝက ပိုကောင်းလာတတ်တယ်။တချို့ရဲ့ ဆက်ဆံရေးတွေကစတင်တွေ့ရှိ ထိတွေ့ပြီးမှပိုကောင်းလာတတ်တယ်။ လူဆိုတာ တစ်ယောက်တည်းနေတဲ့သတ္တဝါမဟုတ်ဘူး။ကိုယ့်ဘေးက လူနဲ့ ဆက်ဆံရေးအရေးကြီးတယ်။​တွေ့ကရာလူတွေနဲ့ မပေါင်းနဲ့။တွေ့ကရာလူ ဘဝထဲ​ပေးမဝင်နဲ့။ တွေ့ကရာ ဘဝထဲပေးဝင်ရင်တွေ့ကရာ ဘဝဖြစ်လာမယ်။ တချို့ ဆက်ဆံရေးတွေကရပ်ရမယ်။တချို့ ဆက်ဆံရေးတွေကကန့်သတ်ရမယ်။တချို့ဆက်ဆံရေးတွေကစတင်ရမယ်။တချို့ဆက်ဆံရေးတွေကရေရှည် ထိန်းသိမ်းထားရမယ်။ Phyo Paing @Derek

တချို့ဆက်ဆံရေးတွေကရေရှည် ထိန်းသိမ်းထားရမယ်။ Read More »

ဒါက business model ပဲ။

လုပ်အားပဲသုံးလေဝင်ငွေပိုနည်းလေ။ လူတစ်ယောက်က ဥာဏစွမ်းအားသုံးနိုင်ရင်ဝင်ငွေပိုဝင်တယ်။ နောက်နည်းပညာစွမ်းအားကို သေချာသုံးနိုင်ရင် ဝင်ငွေပိုဝင်တယ်။ စီပွားရေးလုပ်တယ်ဆိုတာ နည်းနည်းလုပ် များများရ leverage လုပ်တာပဲ။လူအား၊ငွေအား၊နည်းပညာအား၊အဆက်အသွယ်အားနဲ့စျေးကွက်ကိုရောင်းချငွေရှာတာပဲ။ ကိုယ်ဘယ်လိုငွေရှာမလဲ။ ဘယ်လိုမရှာဘူးလဲ။ ဒါက business model ပဲ။ Phyo Paing @ Derek

ဒါက business model ပဲ။ Read More »

ကောင်းခြင်းတွေလက်ခံတတ်ဖို့
အဆင်သင့်ဖြစ်နေဖို့လိုတယ်။

ကောင်းတဲ့အရာတွေဘဝထဲရောက်လာဖို့လက်ခံတတ်အောင် သင်ယူဖို့လိုတယ်။ တချို့က ပူလောင်တာ သာမန်ဖြစ်နေတော့အေးချမ်းမှုကို လက်မခံနိုင်ဘူး။ တချို့က မွဲတာက သာမန်ဖြစ်နေတော့ချမ်းသာမှုကို လက်မခံနိုင်ဘူး။ တချို့က ကောင်းနေရင်ဖျက်တတ်တယ်။ဒါကို အင်္ဂလိပ်ဆို self-sabotage လို့ခေါ်တယ်။ ကောင်းခြင်းတွေလက်ခံတတ်ဖို့အဆင်သင့်ဖြစ်နေဖို့လိုတယ်။ Phyo Paing @ Derek

ကောင်းခြင်းတွေလက်ခံတတ်ဖို့
အဆင်သင့်ဖြစ်နေဖို့လိုတယ်။
Read More »

ကိုယ်လုပ်တဲ့အလုပ်ကိုချစ်တာက

ကိုယ်လုပ်တဲ့အလုပ်ကိုချစ်တာကဘဝအရေအသွေးကို မြင့်စေတယ်။ ချစ်တဲ့အလုပ်ကိုလုပ်။ဒါမှ မဟုတ် လုပ်တဲ့အလုပ်ကိုချစ်။ Phyo Paing @ Derek

ကိုယ်လုပ်တဲ့အလုပ်ကိုချစ်တာက Read More »

ကံကောင်းနေတိုင်း လျှောက်လုပ်လို့မရဘူး။

စိတ်ကောင်းလေးထားရင်ကုသိုလ်ကံကောင်းလာနိုင်တယ်။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့စည်း boundary လေးလဲထား။ Power law ကိုလဲသိ။ စိတ်ကောင်းလေးလဲထား။ ဒါမှ အကုသိုလ်ကံနည်းမှာ။ ကံကောင်းနေတိုင်း လျှောက်လုပ်လို့မရဘူး။ အကုသိုလ်ကံများလွန်းရင်ပူလောင်တယ်။ လူတွေက တစ်ကမ္ဘာထဲအသက်ရှင်နေပေမယ့်ရှိနေတဲ့ စွမ်းအင်အဆင့်မတူကြဘူး။ Phyo Paing @ Derek

ကံကောင်းနေတိုင်း လျှောက်လုပ်လို့မရဘူး။ Read More »