Dr. Phyo Paing

https://yec.company

ကိုယ့်ပေါ်ကိုထားတဲ့ စံနှုန်း
အင်မတန်အရေးကြီးတယ်။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားကြည့်ရင်သူ့ကိုယ်သူထားတဲ့ ကျန်းမာကြံ့ခိုင်ရေးရဲ့ စံနှုန်းကိုတွေ့လိမ့်မယ်။လူတစ်ယောက်ရဲ့ ဝင်ငွေကလဲသူ့ကိုယ်သူ သတ်မှတ်ထားတဲ့ စံနှုန်းပဲ။ကျွမ်းကျင်မှု တူတူပဲ။ကိုယ်နဲ့တွဲတဲ့သူ အတူတူပဲ။ပေါင်းတဲ့သူတွေ။အမှန်တရားက နည်းနည်းတော့ ခါးမလား မသိဘူး။ဒါကို နားလည်ပြီးတဲ့နောက်ကိုယ့်စံနှုန်းတွေကို မြင့်မြင့်ထားလိုက်တယ်။ ကုန်ပစ္စည်းဝယ်ရင်တောင်ဘယ်နိုင်ငံကထုတ်လဲဆိုပြီးနိုင်ငံတစ်နိုင်ငံရဲ့ အရည်အသွေးပေါ်ထားတဲ့စဲနှုန်းအတိုင်း ရွေးချယ်ကြတာ မဟုတ်လား။ ကိုယ့်ပေါ်ကိုထားတဲ့ စံနှုန်းအင်မတန်အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ့်ပေါ်ကိုထားတဲ့ စံနှုန်း
အင်မတန်အရေးကြီးတယ်။
Read More »

ကိုယ့်ကိုယ်ကို နားလည်အောင်လုပ်တာပဲ။

လူတိုင်းရဲ့ ဘဝမှာအခက်အခဲဆုံးဖြစ်စဥ်တစ်ခုကကိုယ့်ကိုယ်ကို နားလည်အောင်လုပ်တာပဲ။ ကိုယ့်ကိုယ်ကို နားလည်အောင်သင်ပေးတဲ့ အရာထဲမှာ အချစ် ပါတယ်။ ဒါကြောင့် Love is a journey of self-discovery တဲ့။ ကိုယ့်ကိုချစ်တဲ့ သူတွေဆီကနေကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေလို့ရတဲ့အရာတွေ တွေ့ရတယ်။ ကိုယ့်ကိုချစ်တဲ့ သူတွေက ကောင်းတဲ့ စိတ်နဲ့ ကြည့်၊ ကောင်းတဲ့စိတ်နဲ့ သုံးသပ်ပေး၊ ကောင်းတဲ့စိတ်နဲ့ အကြံပေးတဲ့အတွက်ကိုယ့်ကိုယ်ကို လေ့လာမှုတွေ အကြီးအကျယ်ဖြစ်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကို နားလည်အောင်လုပ်တာပဲ။ Read More »

တင်းတိမ်မှုစံနှုန်း

လူတိုင်းက တင်းတိမ်ကြတာပဲ။တင်းတိမ်မှု အဆင့်ပဲ မတူတာ။တချို့က အမှတ် ၄၀ နဲ့ တင်းတိမ်တယ်။တချို့က အမှတ် ၈၀ ဂုဏ်ထူးထွက်မှ။တစ်ယောက်နဲ့ တစ်ယောက်ကိုယ့်ဘဝကိုယ်ထားတဲ့ တင်းတိမ်မှုစံနှုန်း မတူကြဘူး။ Phyo Paing @ Derek

တင်းတိမ်မှုစံနှုန်း Read More »

စနစ်ဖန်တီးတဲ့ ကျွမ်းကျင်မှု

အိုင်ဒီယာခိုးပါစေ။အိုင်ဒီယာထက်အိုင်ဒီယာထုတ်တဲ့စနစ်ပိုအရေးကြီးတယ်။အိုင်ဒီယာထုတ်တဲ့စနစ်ထက်စနစ်ဖန်တီးတဲ့ ကျွမ်းကျင်မှုကပိုအရေးကြီးတယ်။ Phyo Paing @ Derek

စနစ်ဖန်တီးတဲ့ ကျွမ်းကျင်မှု Read More »

အကုန်လုံးမျှတဖို့ဆို

လောကကြီးက မမျှတဘူး။ ၃၁ ဘုံကိုကြည့်ရင်လဲအဆင့်တွေခွဲ မမျှတဘူး။ မမျှတဲ့ လောကထဲမှာမျှတအောင်လုပ်ယူမနေတော့ဘူး။ကိုယ်နဲ့နီးတဲ့လူတွေကိုပိုကောင်းတဲ့ဖက်မှာပဲ ရှိနေအောင်ကူညီပေးဖို့က ကိုယ့်တာဝန်။ကျန်တာက အစိုးမရဘူး။ အကုန်လုံးမျှတဖို့ဆို အားလုံး ၃၁ ဘုံထဲက ထွက်မှရမယ်။ Phyo Paing @ Derek

အကုန်လုံးမျှတဖို့ဆို Read More »

ကစားပွဲတစ်ခု

ဘဝဆိုတာဘာမှန်းမသိတဲ့အရာကိုဘာမှန်းသိလာအောင်လုပ်တဲ့ ကစားပွဲတစ်ခုပဲ။ ဘာမှန်းသိအောင်မလုပ်ရင်ဘာမှပိုကောင်းတာ ဖြစ်လာဖို့မလွယ်ဘူး Phyo Paing @ Derek

ကစားပွဲတစ်ခု Read More »

“အကောင်းဆုံး ဗားရှင်း”

ဘဝဆိုတာ မသေခင်ထိမပြီးနိုင်တဲ့ ပရောဂျက်တစ်ခုပဲ။ပရောဂျက်နာမည်က“အကောင်းဆုံး ဗားရှင်း”တဲ့။ ကိုယ်အကောင်းဆုံးဖြစ်မှတခြားသူကိုလဲ အကောင်းဆုံးတွေပိုပေးနိုင်မယ်။ Phyo Paing @ Derek

“အကောင်းဆုံး ဗားရှင်း” Read More »

ဒီလိုနဲ့ ရည်မှန်းချက်ပန်းတိုင်သို့

မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ရေရှည်ရည်မှန်းချက်ထားပြီးမဖြစ်ဖြစ်အောင် လုပ်ပြီးအောင်မြင်သွားတဲ့ ခံစားချက်ကဘာနဲ့မှ မလဲနိုင်ဘူး။ ဒီလိုနဲ့ ရည်မှန်းချက်ပန်းတိုင်တို့၊တိုးတက်မှုတို့ကို စွဲလမ်းမှုစတင်ဖြစ်ပေါ်လာတတ်တယ်။ Phyo Paing @ Derek

ဒီလိုနဲ့ ရည်မှန်းချက်ပန်းတိုင်သို့ Read More »