Dr. Phyo Paing

https://yec.company

ကိုယ့်ဘဝကို စိတ်ကြိုက်ဖြတ်သန်းနိုင်ဖို့
Lifestyle design လိုတယ်။

ကိုယ့် Youtube video လေး play တိုင်းဝင်ငွေရနေမယ်။နောက် Website တွေ၊ App တွေကနေလဲ နေ့စဥ် ဝင်ငွေရနေမယ်။ နေ့စဥ် အလုပ်ကလဲ ဝင်ငွေရနေမယ်။နောက် ပြန်လည်မျှဝေမှုတွေကလဲရနေမယ်။ နောက် ရေတိုရင်းနှီးမြုပ်နှံမှုတွေကနေလဲလစဥ်ဝင်ငွေရနေမယ်။ နောက် ရေရှည်အတွက် ရင်းနှီးမြုပ်နှံမှုကနေနောက်ဆယ်နှစ်၊ ဆယ့်ငါးနှစ်နေရင်ပေါက်ကွဲမှုကြီးကြီးတွေလာမယ်။ အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း၊ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းနဲ့Financial Freedom တစ်ခုရတယ်ဆိုတာအရမ်းကောင်းတယ် အချက်မဟုတ်လား။ ကိုယ့်အသုံးစရိတ်က $100 ဖြစ်ဖြစ်၊ $3000 ဖြစ်ဖြစ်ဒါကို Passive income က cover ဖြစ်တာFinancial freedom ပဲ။ ငွေကြေးလွတ်မြောက်မှုက ပြောသလောက်မခက်ဘူး။ ဘယ်လိုပုံစံနေထိုင်ပြီးငွေရှာမလဲ lifestyle design ကအဓိက ကျတယ်။ ဘဝအရေအသွေး အရေးကြီးတယ်။ အရမ်းကြီးချမ်းသာတာက တစ်ပိုင်း။ဘဝကို ကိုယ်ကြိုက်တဲ့အလုပ်တွေလုပ်နိုင်ဖို့ကိုယ့်ဘဝကို စိတ်ကြိုက်ဖြတ်သန်းနိုင်ဖို့Lifestyle design လိုတယ်။

ကိုယ့်ဘဝကို စိတ်ကြိုက်ဖြတ်သန်းနိုင်ဖို့
Lifestyle design လိုတယ်။
Read More »

ရောင့်ရဲတယ်

ရောင့်ရဲတယ်ဆိုတဲ့ စကားက ကိုယ့်အဖေ၊ အမေ၊ သား၊ သမီး ကျန်းမာရေး ဆိုးဆိုးရွားရွားဖြစ်ပြီး ကုသစရိတ် သိန်းထောင်ပေါင်းများစွာမကုန်ခင်ထိက ကောင်းတယ်။ ဆေးရုံနဲ့ ဆယ်စုနှစ်ဝက်တစ်ခုလောက်အမြဲထိတွေ့တဲ့ အတွေ့အကြုံအရလောကကြီးက မမျှတဘူး။ ပိုက်ဆံမရှိရင် မသေသင့်ပဲ စောစောသေတာကြီးပဲ။ ဒါကြောင့် လောကကြီးက မျှတတယ်ဆိုတာစိတ်ကူးယဥ်ဝတ္ထုတွေထဲမှာပဲရှိကောင်းရှိနိုင်တယ်။ ငယ်ရွယ်တုန်းမှာ ဆာလောင်မှုလိုတယ်။ ကိုယ့်အချိန်ကို အကောင်းဆုံးအကောင်းဆုံးအသုံးချနိုင်ဖို့လိုတယ်။ အာရုံကို အကောင်းဆုံးအသုံးချနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ရောင့်ရဲတယ် Read More »

အရှားပါးဆုံး အရင်းအမြစ်

အရှားပါးဆုံး အရင်းအမြစ်ကအချိန်ပဲ။ဒီရှားပါးလွန်းတဲ့အချိန်မှာကိုယ့်အာရုံကို ဘယ်နားမှာသုံးမလဲအရေးကြီးတယ်။ Phyo Paing @ Derek

အရှားပါးဆုံး အရင်းအမြစ် Read More »

ကိုယ်နဲ့ထိုက်တန်တဲ့အရာ

ကိုယ့်ဘဝမှာ ရှိထား၊ရထား၊ ပိုင်ဆိုင်ထား၊ဖြစ်နေတဲ့အရာတွေကြည့်လိုက်ရင်ဒါတွေက ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေပဲ။ ကံ၊ ကံ၏အကျိုးယုံကြည်တဲ့ဗုဒ္ဓဘာသာတစ်ယောက်ဆိုရင်တော့အတိတ်က ကုသိုလ်ကံအကြောင်းတရားတွေကြောင့်ဖြစ်ရင်ဖြစ်မယ်။ဒီဘဝရဲ့ ကုသိုလ်ကံအကြောင်းတရားတွေကြောင့်ဖြစ်ရင်ဖြစ်မယ်။ သံသရာကို လက်ကျန်စာရင်းရှင်းတမ်းBalanced Sheet တစ်ခုအနေနဲ့အတွေးအခေါ်စမ်းသပ်မှုလေးလုပ်ကြည့်တယ်။ ကုသိုလ် Asset (ပိုင်ဆိုင်မှုစာရင်း) နဲ့အကုသိုလ် Liabilities (အကြွေး)တွေကြားမှာ သံသရာစက်ဝန်းကြားက လောလောပြီးကနေရတဲ့ လောကသားဖြစ်တယ်။ ဒါကြောင့် သံသရာဝဋ်ဆင်းရဲထဲမှာအနှုတ်တွေပြတဲ့ အကုသိုလ်တွေကိုအသိ၊ သတိနဲ့ အတတ်နိုင်ဆုံးရှောင်တယ်။ သံသရာတစ်လျှောက်မှာ ပါရမီဖြည့်ဖို့ကိုယ့်လို လောကသားတွေအတွက် ကိုယ်တတ်နိုင်တဲ့ ပညာရေးနဲ့ နည်းပညာနဲ့အကျိုးပြုရင်း ပါရမီဖြည့်သွားမယ်လို့တော့အမြဲစိတ်ကူးခဲ့တာပဲ။ ကွေးသောလက်မဆန့်မီ၊ဆန့်သောလက်မကွေးမီတော့ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို အမြင့်ဆုံးဖြစ်အောင်စမ်းသပ်၊ လေ့လာ၊ မျှဝေပြီးကိုယ့်ရဲ့ အကောင်းဆုံးဗားရှင်းဖြစ်အောင်လုပ်ဆောင်သွားဖို့တော့ ဆုံးဖြတ်ထားတယ်။ ကိုယ့်အတွက် အကျိုးမရှိ၊သူတပါးအတွက်လဲ အကျိုးမရှိတဲ့အတွေး၊ အကြံ၊ အလုပ်မစဥ်းစားမိဖို့၊ မပွားများမိဖို့ သတိနဲ့ နေနိုင်အောင် အမြဲလေ့ကျင့်နေတာကောင်းတဲ့အချက်လို့တော့ ထင်မိတယ်။ Phyo Paing @ Derek

ကိုယ်နဲ့ထိုက်တန်တဲ့အရာ Read More »

Peak Productivity ရှာ
ကိုယ့်စိတ်နဲ့ ခန္ဓာမှာတွေ့

ကမ္ဘာပေါ်မှာ စိတ်အဝင်စားစရာအကောင်းဆုံးအရာတစ်ခုက ကိုယ့်ကိုယ်ကိုပဲ။ သံသရာထဲက လွတ်မြောက်ချင်ဖို့တရားရှာတဲ့အခါလဲ “တရားရှာ ခန္ဓာမှာတွေ့” ဆိုသလိုပါပဲ။ ကိုယ်လိုချင်တဲ့အရာတွေကို အတားအဆီးပြုလုပ်ထားတဲ့သူကတော့ကိုယ်တိုင်ပါပဲ။ ကိုယ်လိုချင်တဲ့အရာတွေကိုယူဆောင်ပေးနိုင်သူကလဲ ကိုယ်တိုင်ပါပဲ။ ဒီစိတ်၊ ဒီခန္ဓာနဲ့ ပေါင်းစပ်ထားတဲ့ဒီလူကို hacking သေချာလုပ်နိုင်ရင်၊သေချာ လေ့ကျင့်နိုင်ရင် လောကီရဲ့ အောင်မြင်မှုတွေသာမကလောကုတ္တရာ သံသရာထဲကလွတ်မြောက်နိုင်တာ ဗုဒ္ဓရဲ့ အဆုံးအမတွေ အားလုံးသိပြီးဖြစ်မှာပဲ။ လောကီရေးရာအတွက် လိုချင်တဲ့ ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေရဖို့၊ စိတ်အေးချမ်းမှုတွေရဖို့၊ကိုယ့်ရဲ့ အကောင်းဆုံးဗားရှင်းကိုတည်ဆောက်ဖို့ Peak Productivity ဖြစ်ဖို့ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေ၊ ဖန်တီးဖို့လိုလာတယ်။ လူတွေက မွေးကတည်းက အသုံးပြုနည်း စာအုပ်ကြီးနဲ့မွေးလာတာ မဟုတ်တော့ နည်းနည်းတော့ခက်တယ်။ ကိုယ့်ကိုယ်ကို ပြန်လည်လေ့လာဖို့၊သုံးသပ်၊ ဆန်းစစ်၊ ပြန်ပြုပြင်၊ထိန်းကြောင်းဖို့ နည်းလမ်းတွေလိုလာတယ်။ ဒီနည်းလမ်းတွေ သိလာရင်လိုချင်တဲ့ ခန္ဓာကိုယ်၊ ပိုင်ဆိုင်ချင်တဲ့ ဥာဏ်ပညာ၊လိုချင်တဲ့ ငွေကြေးလွတ်မြောက်မှု၊ ကိုယ်အနားမှာ ရှိစေချင်တဲ့သူတွေ၊ နေချင်တဲ့ ဘဝနေထိုင်မှု

Peak Productivity ရှာ
ကိုယ့်စိတ်နဲ့ ခန္ဓာမှာတွေ့
Read More »

မားကတ်တင်းလုပ်ပါ။

ကိုယ့်အလားအလာရှိတဲ့ဖောက်သည်တွေကိုမိတ်ဆက်စရာမလိုတဲ့အထိမားကတ်တင်းလုပ်ပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

မားကတ်တင်းလုပ်ပါ။ Read More »

အချိန်ဖြုန်း

လုပ်စရာမလိုတဲ့ အလုပ်ကို အထိရောက်ဆုံး၊ အကောင်းဆုံးဖြစ်အောင် လုပ်နေတာလောက်အချိန်ဖြုန်းတာ မရှိဘူး။ “There is nothing so useless as doing efficiently that which should not be done at all.” Peter Drucker

အချိန်ဖြုန်း Read More »

အာရုံထွေပြား ဝေဝါးမှု

စွမ်းဆောင်ရည်မြင့်ဖို့အတွက်ရန်သူက “အာရုံထွေပြား ဝေဝါးမှု”။ အာရုံကို အရာတစ်ခုမှာ အာဏာကုန်စိုက်နိုင်ဖို့အတွက်အလေ့အကျင့်လိုတယ်။ Phyo Paing @ Derek

အာရုံထွေပြား ဝေဝါးမှု Read More »

ဘယ်သူ့မှာ ပြဿနာတွေအတွက်
စဉ်းစားပြီးသား အဖြေရှိလဲဆိုတော့

ကွန်ကျိုးမှာ သူဌေးကမန်နေဂျာ အယောက်တစ်ရာကိုခေါ် ပြီး မီတင်လုပ်တယ်။ ငါတို့မှာ ပြဿနာဘာတွေရှိလဲဟေ့ဆိုတော့တစ်ယောက်ပြီးတစ်ယောက်လက်ထောင်ပြီး အလုအယက်ပြောဖို့လုပ်ကြတယ်။ ဘယ်သူ့မှာ ပြဿနာတွေအတွက်စဉ်းစားပြီးသား အဖြေရှိလဲဆိုတော့အယောက် ၂၀ လောက်ပဲ ကျန်တော့တယ်။ ဘယ်သူတာဝန်ယူဖြေရှင်းနိုင်လဲဆိုတော့ဆယ်ယောက်လောက်ပဲ ကျန်တယ်။ အရည်အချင်းရှိတဲ့ မန်နေဂျာဟုတ်မဟုတ် ၁။ လိုချင်တာပဲ အဓိကစဉ်းစားလားဖြစ်အောင်လုပ်ဖို့ကြံဆလား။မလိုချင်တာပဲ ခဏခဏစဉ်းစားစိတ်တိုင်းမကျဖြစ်နေလားနဲ့ သိနိုင်တယ်။ ၂။ ဆင်ခြေတွေပဲပေးနေတာလား။ရလဒ်တွေ ယူလာလားနဲ့ ကြည့်တယ်။Reason or Result တစ်ခုပဲရမယ်။ ၃။ ကိုယ့်ကိုယ်ကို တာဝန်ယူသလား။အပြစ်တင်တတ်သလားနဲ့ ကြည့်လို့ရတယ်။ ၄။ ပြဿနာဖြေရှင်းနည်းဘယ်လောက်စွမ်းလဲနဲ့ သိနိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ဘယ်သူ့မှာ ပြဿနာတွေအတွက်
စဉ်းစားပြီးသား အဖြေရှိလဲဆိုတော့
Read More »