Dr. Phyo Paing

https://yec.company

အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။

အလုပ်လုပ် ပိုက်ဆံရှာပြီးရှာတဲ့ ပိုက်ဆံနဲ့ လွတ်မြောက်ရာစိတ်အပန်းဖြေလို့ရတယ်။ ကိုယ့်အတွက် လွတ်မြောက်မှုဖြစ်တဲ့ အလုပ်ကိုလုပ်ပြီး လွတ်လပ်မှုလဲရှာငွေလဲရှာလို့ရနိုင်တယ်။ အလုပ်ဆိုတာ လွတ်မြောက်မှုတစ်ခုပဲ။တချို့လူတွေအတွက် အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။ Phyo Paing @ Derek

အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။ Read More »

လွတ်မြောက်မှုလိုတယ်

တချို့အတွက် အောင်မြင်တယ်ဆိုတာကိုယ်လုပ်ချင်တဲ့အလုပ်ကိုလုပ်ချင်တဲ့အချိန်၊လုပ်ချင်တဲ့နေရာမှာဖန်တီးလုပ်ကိုင်နေရတာပဲ။ ဒီလိုလုပ်ဖို့ လွတ်မြောက်မှုလိုတယ်။ လူတွေက လူတွေကိုငွေဆိုတဲ့အရာနဲ့ ချုပ်နှောင်စေခိုင်းထားတတ်တယ်။ လွတ်မြောက်မှုအတွက် ငွေကြေးလိုတယ်။ Phyo Paing @ Derek

လွတ်မြောက်မှုလိုတယ် Read More »

ကိုယ်ကို ထိန်းချုပ်ခြင်း

Self-discipline စည်းကမ်းနဲ့ပတ်သက်လာရင် ၁။ နေ့စဥ်သတ်မှတ်ထားတာကိုမဖြစ်မနေလုပ်တဲ့ action list ပါတယ်။ ကျွန်တော်က To-do list ဆိုတဲ့စကားလုံးကို မကြိုက်ဘူး။ Action list ဆိုတာ ပိုကြိုက်တယ်။To-do ဆိုတော့ လုပ်ဖို့လိုနေသေးတယ်အဲ့ခံစားချက်ကြီး အမြဲခံစားရတယ်။ ၂။ နေ့စဥ် မလုပ်မည့်အရာ Not-to-do list ဆိုတယ်။ လုပ်မည့်အရာကို လုပ်ဆောင်ဖို့မာန်နတ်တွေဖြစ်တဲ့ အချိန်ဆွဲခြင်း procrastination စိတ်မပါပျင်းရိခြင်း lazinessဒါတွေကို ကျော်လွှားရတယ်။ နောက် မလုပ်သင့်တာမလုပ်မိဖို့ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်းself-control လိုတယ်။ Phyo Paing @ Derek

ကိုယ်ကို ထိန်းချုပ်ခြင်း Read More »

ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ရေး

Personal Development ဆိုတာ ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်တာပဲ။ စဥ်းစားကြည့်။ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကြောင်းအလုပ်တွေပြုစုပျိုးထောင်တယ်။ လုပ်ငန်းအောင်မြင်ရေးအတွက်ဝန်ထမ်းတွေစီမံ၊ဖောက်သည်တွေနဲ့ဆက်ဆံ၊ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေဝယ်ယူထုတ်လုပ် ဖြန့်ချီတယ်။ လုပ်ငန်းတိုးတက်ရေးလုပ်တယ်။ အခြေခံအကျဆုံးက ကိုယ့်ကိုယ်ကို ပျိုးထောင်တာပါ။ ဒါကမြေဇီလွှာပေါ်ရှိတဲ့မျိုးစေ့နဲ့တူတယ်။နေ့စဥ် ရေလောင်းပေးဖို့လိုတယ်။ဒါမှ အပင်သန်မယ်။ ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ရေးPersonal development ကစတယ်။နောက်မှ အသက်မွေးဝမ်းကြောင်းကျွမ်းကျင်မှုပြုစုပျိုးထောင်ရေးProfessional development လာတယ်။နောက်မှ အလုပ်အကိုင်စီးပွားရေးပြုစုပျိုးထောင်ရေးလာတယ်။Business development. ဘူနေတဲ့လုပ်ငန်းရှင်ရဲ့လုပ်ငန်းကလဲဘူနေဖို့များတယ်။ ဒါကြောင့် Personal Development နဲ့စဖို့လိုတယ်။ ကိုယ်ဘာဖြစ်ချင်လဲ ကိုယ့်ကိုယ်ကိုတောင်မသိရင်တခြားသူတွေလဲ လုပ်ဆောင်ပေးလို့မရဘူး။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ရေး Read More »

ဒီကံသုံးပါးကို ကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။

လူတစ်ယောက်ရဲ့ စကားကိုနားထောင်ကြည့်ရင်သူ့ခေါင်းထဲက ပြေးနေတဲ့ codes ကုပ်တွေကိုတွေ့လိမ့်မယ်။ စကားနောက် တရားပါတယ်ဆိုတဲ့အတွက်မနောကံ၊ ဝဇီကံ၊ ကာယကံကို ဂရုစိုက်ရတယ်။ မနော = စဥ်းစားကြံဆဝဇီ = ပြောဆို ရေးသားကာယ = လုပ်ဆောင် စဥ်စားကြံဆတာကလဲ ကံပဲ။ပြောဆိုရေးသားတာကလဲ ကံပဲ။ပြုမူဆောင်ရွက် အကောင်အထည်ဖော်တာလဲ ကံပဲ။ ဒီကံသုံးပါးကို ကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။ သူတပါးအတွက်ကိုယ့်အတွက် ကောင်းတာတွေပဲစဥ်းစား၊ပြောဆို၊ လုပ်ဆောင်။ (လူတွေရဲ့ ဦးနှောက်သဘောတရားအရရှင်သန်ဖို့ဖြစ်တည်လာတဲ့ evolution အရလူတွေက survival အတွက်ရန်တွေကို ထောက်လှမ်းနေရတော့အပျက်တွေကို အရမ်းအာရုံပြုမိတာများတတ်တယ်။ဒါကြောင့် အပျက်တွေကိုသိတာကအထူးအာရုံစိုက်စရာမလိုပဲဖြစ်နေတတ်ကြတယ်။) Phyo Paing @ Derek

ဒီကံသုံးပါးကို ကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။ Read More »

အပြစ်တင်တတ်တဲ့စိတ်ကို ဖျောက်ပါ

ကိုယ်လိုချင်တာရအောင်မယူနိုင်တာကိုယ်နဲ့ပဲဆိုင်တယ်။ကိုယ်အသုံးမကျတာ ကိုယ်နဲ့ပဲ ဆိုင်တယ်။ ကိုယ့်ဘဝ ကိုယ်တာဝန်အပြည့်ယူပါ။ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်အပြစ်တင်တတ်တဲ့စိတ်ကို ဖျောက်ပါ။ လူအများစုက ဆဲရင်းဆဲရင်းဆင်းရဲ ဆင်းရဲသွားတတ်ကြတယ်တဲ့။ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ။ Phyo Paing @ Derek

အပြစ်တင်တတ်တဲ့စိတ်ကို ဖျောက်ပါ Read More »

ကိုယ့်ကိုယ်ကိုအားဖြစ်စေမည့်စကား
ခဏခဏ ပြောပါ။

အလေ့အကျင့်လုပ်ပါ။ ကိုယ်မဖြစ်ချင်တာတွေ မပြောမိဖို့အလေ့အကျင့်လုပ်ပါ။အဆင်မပြေတဲ့အကြောင်း ခိုလို မငြီးမိဖို့ အကျင့်လုပ်ပါ။ တခြားသူတွေကို မပြစ်မတင်မိဖို့အကျင့်လုပ်ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့စကားခဏခဏမပြောမိအောင် အကျင့်လုပ်ပါ။ ကိုယ့်ကိုယ်ကို အသုံးမကျတဲ့အကြောင်းခဏခဏမပြောမိအောင် အကျင့်လုပ်ပါ။ ဒီအစားကိုယ်ဖြစ်ချင်တာတွေကို အဓိကစဥ်းစားပါ။ကိုယ်လိုချင်တာတွေကို အဓိကစဥ်းစားပါ။ကိုယ့်ကိုယ်ကိုအားဖြစ်စေမည့်စကားခဏခဏ ပြောပါ။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကိုအားဖြစ်စေမည့်စကား
ခဏခဏ ပြောပါ။
Read More »

လောကမှာ ငွေရှာလို့ရတဲ့နည်း

လောကမှာ ငွေရှာလို့ရတဲ့နည်းတွေအများကြီးရှိတယ်။ကိုယ့်ကိုယ်ကို ဂုဏ်မယူစေတဲ့နည်းနဲ့ မရှာမိဖို့လိုတယ်။ လောကမှာ အလုပ်တွေအများကြီးရှိတယ်။ကိုယ့်ဂုဏ်မယူတဲ့ အလုပ်တွေကြာကြာ မလုပ်မိဖို့လိုတယ်။ အမှတ်တံဆိပ်တည်ဆောက်တယ်ဆိုတာကိုယ့်အမှတ်တံဆိပ်နဲ့ ဆက်စပ်ခြင်းကိုဖောက်သည်တွေ ဂုဏ်ယူခြင်းဖြစ်ပါတယ်။ Phyo Paing @ Derek

လောကမှာ ငွေရှာလို့ရတဲ့နည်း Read More »

လူတွေမှာ level 3 မျိုးရှိတယ်

Consistency ထက် အရေးကြီးတဲ့စကားလုံးက Progressive ဖြစ်တယ်။ လူတွေမှာ level 3 မျိုးရှိတယ်။ စတင်ဖို့ ခက်ခဲတဲ့အဆင့်။အမြဲလုပ်ဖို့ခက်ခဲတဲ့အဆင့်။အမြင်ကျယ်ကျယ်နဲ့ အသစ်လုပ်တဲ့အဆင့်။ ACP လို့ခေါ်တယ်။ ၁။ Action စတင်တယ်။၂။ Consistency လုပ်နေကျအတိုင်းတစ်သွေမသိမ်းပုံမှန်လုပ်ဆောင်တယ်။၃။ Progressive ပုံမှန်လုပ်သလိုအမြဲပိုကောင်းအောင်လုပ်တယ်။ Phyo Paing @ Derek

လူတွေမှာ level 3 မျိုးရှိတယ် Read More »