Dr. Phyo Paing

https://yec.company

Facebook ကို မှတ်စုလိုသုံးတယ်။

Facebook ကို မှတ်စုလိုသုံးတယ်။Facebook ကို ဒိုင်ယာရီလိုသုံးတယ်။Facebook ကို အိုင်ဒီယာစမ်းသပ်ခန်းလိုသုံးတယ်။Facebook ကို မီဒီယာလိုသုံးတယ်။Facebook ကို လော်စပီကာလိုသုံးတယ်။Facebook ကို မာတီမီဒီယာလိုသုံးတယ်။Facebook ကို စျေးရုံကြီးတစ်ခုလိုသုံးတယ်။Facebook ကို ဒိုပါမင်းထွက်ဖို့အတွက်သုံးတယ်။Facebook ကို စကားပြောဆက်သွယ်ဖို့သုံးတယ်။Facebook ကို သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ဖို့သုံးတယ်။Facebook ကို ကိုယ့်ဝန်ထမ်းတွေနဲ့ဆက်သွယ်ဖို့သုံးတယ်။Facebook ကို ငွေရိုက်စက်တစ်ခုလိုသုံးတယ်။ တရုတ်မ ယောကျာ်းကို ဆဲသာဆဲသာစဥ်းစားကြည့်တော့လဲ ကျေးဇူးတင်စရာဇကာပေါက်ပါပဲ။ 😁 Phyo Paing @ Derek

Facebook ကို မှတ်စုလိုသုံးတယ်။ Read More »

အများစုက ဒီ တုန့်ပြန်မှုတွေလာတတ်တယ်။

တစ်လ တစ်သိန်းဝင်တဲ့လူကို ခင်ဗျာ တစ်လဆယ်သိန်းဝင်အောင်ဘယ်လို လုပ်မလဲမေးကြည့်မယ်ဆိုရင်အများစုက ဟာအဲ့လောက်အများကြီးမဖြစ်နိုင်သေးပါဘူး။ ဒါဆိုရင်တော့ ငါးနှစ်၊ ခြောက်နှစ်လောက်တော့တော်တော်ကြိုးစားရမယ်ထင်တယ်။ ဟာဒါက အဝေးကြီး မဖြစ်နိုင်တာတွေ မစဥ်းစားစမ်းပါနဲ့။ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်လုပ်စမ်းပါ။ အများစုက ဒီ တုန့်ပြန်မှုတွေလာတတ်တယ်။ ကိုယ်လဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ငါ့ကို ကန့်သတ်ထားတာ ငါ့အတွေးများဖြစ်နေမလား။ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ၁။ လူတွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့အစွမ်းအစရှိရမယ်။ ၂။ ကိုယ့်ရည်မှန်းချက်ရောက်အောင်ကူညီပေးနိုင်တဲ့ မှန်ကန်တဲ့လူတွေ၊ဖောက်သည်တွေ၊ အသိတွေရှိရမယ်။ ၃။ ရည်မှန်းချက်ရှိပြီး အကောင်အထည်ဖော်ရမယ်။ ၄။ မရသေးရင် ပြန်လည်သုံးသပ်လမ်းကြောင်းပြန် ပြန်လည်လုပ်ဆောင်ဖို့လိုတယ်။ Phyo Paing @ Derek

အများစုက ဒီ တုန့်ပြန်မှုတွေလာတတ်တယ်။ Read More »

လူတွေရဲ့ mental model စိတ်မော်ဒယ်
အလုပ်လုပ်ပုံ မတူကြဘူး။

တချို့သူတွေက ပြိုင်ဖက်တွေကိုစဥ်းစားရင် အားတတ်တယ်။တချို့တွေက ပြိုင်ဖက်တွေကိုလျစ်လျူရှုပြီး ရင်ထဲလာရာလုပ်တဲ့အခါအားတတ်တယ်။ တချို့တွေက အတိုက်အခိုက်ခံရတဲ့အခါအားငယ်တယ်။တချို့တွေက အတိုက်အခိုက်ခံရတဲ့အခါအားတတ်တယ်။ လူတွေရဲ့ mental model စိတ်မော်ဒယ်အလုပ်လုပ်ပုံ မတူကြဘူး။ Phyo Paing @ Derek

လူတွေရဲ့ mental model စိတ်မော်ဒယ်
အလုပ်လုပ်ပုံ မတူကြဘူး။
Read More »

အားလုံးက ကျေးဇူးတင်စရာတွေပါ။

ကိုယ်ရူးသွပ်တဲ့ အလုပ်ကို ကျန်းကျန်းမာမာနဲ့ လုပ်ခွင့်ရှိပြီး ကိုယ်မွေးဖွားခဲ့တဲ့ နေရာကလူတွေအတွက်အကျိုးပြန်ရှိအောင် လုပ်ဆောင်ပေးရင်းအသက်မွေးဝမ်းကြောင်းပြုခွင့်ရတဲ့အတွက်ကံတရားကို ကျေးဇူးတင်မိတယ်။ ဘဝမှာ ကိုယ့်ကိုမွေးဖွားခဲ့တဲ့အဖေ၊ အမေ။လမ်းညွှန်ပြသပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ။ ကိုယ်ရူးသွပ်တဲ့အလုပ်တွေကို မြန်ဆန်စွာလုပ်နိုင်အောင် ဖန်တီးပေးတဲ့နည်းပညာတီထွင်သူတွေ။ အမှားတွေ ထပ်မမှားရအောင်ပြသပေးတဲ့ သိပ္ပံပညာရှင်တွေ၊စာရေးဆရာတွေ။ ဖြစ်တည်မှုရဲ့ အမှန်တရားကိုလမ်းပြပေးတဲ့ မြတ်ဗုဒ္ဓ။ ကိုယ်တည်ဆောက်ချင်တဲ့ လူမှုအဖွဲ့အစည်းအတွက်ယုံကြည်မှုအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီးလူမုန်းခံပြီး လုပ်ဆောင်ပေးနေတဲ့ညီအစ်ကို မောင်နှမတွေ။ လူတွေစားသောက်နိုင်အောင်စိုက်ပျိုးထွန်ယက်ပေးနေတဲ့တောင်သူလယ်သမားနဲ့ကျန်းမာရေးအတွက် စိတ်ရင်းစေတနာနဲ့ အစောင့်အရှောက်ပြုနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ။ ကမ္ဘာစစ်တွေကြား၊ ပလိပ်ရောဂါတွေ၊ အနူရောဂါ အနာကြီးရောဂါဘေးမကျရောက်ပဲ လည်ပတ်နေနိုင်တဲ့အချိန်မှာကိုယ့်အလုပ်တွေကို နောက်မျိုးဆက်တွေအတွက် ဖန်တီးခွင့်ရတာ ကျေးဇူးတင်စရာပါ။ ဘုရားဟောနဲ့ ဆန့်ကျင်တဲ့ဆိုတဲ့ အယူအဆနဲ့ ပိတ်ပင်ခဲ့ပေမယ့် အတွေးအခေါ်သစ် New Thought Movement ကိုမြန်မာတွေအတွက် အတွေးသစ်အမြင်သစ်ဖွင့်ပေးခဲ့ပြီးငယ်ငယ်က ကိုးတန်း၊ ဆယ်တန်းမှာပါသင်ကြားခဲ့ရတဲ့ အားလပ်သောအချိန်ကလေးများရေးသားခဲ့တဲ့

အားလုံးက ကျေးဇူးတင်စရာတွေပါ။ Read More »

Coach = နည်းပြ

နည်းကိုပြဖို့အတွက် ၁။ နည်းလိုတယ် ၂။ ပြတိုင်းမြင်ဖို့အတွက် ဘာတွေပြမလဲသိဖို့ကိုယ့် coachee ရဲ့အဖြစ်အပျက်အခြေအနေအထင်အမြင်တွေကို “မေး” ရတယ်။ နည်း = နည်းနာ methodology နည်းတွေကို စနစ်ချထားတာကို “နည်းနာ” လို့ခေါ်တယ်။methodology = a system of methods နည်းနာဆိုတဲ့အရာမှာ အခြေခံစည်းမျဉ်းစည်းကမ်းတွေပါတယ်။အသုံးချရမည့် လိုက်နာရမည့်အရာတွေပါတယ်။ ဥပမာ သွားမည့်ပန်းတိုင်ကနိဗ္ဗာန်ဆိုရင်အခြေခံအနေနဲ့ သစ္စာလေးပါးကိုသိရမယ်။မဂ္ဂင်ရှစ်ပါးကို လိုက်နာရမယ်။ နည်းပြ တစ်ယောက်ရဲ့မရှိမဖြစ်ကလမ်းကြောင်းပြတတ်ဖို့သူ့ရဲ့အသက်က “နည်းနာ”။ ဥပမာ Performance CoachingGrowth coaching Co-active coaching Emyth coaching အရှေ့ကနည်းက အရေးကြီးတယ်။ Guerrilla နည်းနာ။အခြေခံ ၁၈ ခု။ Sapwar Coachingအခြေခံ ၆ ခု။အခွဲ အခု ၁၀၈။ #gmc#sapwar

Coach = နည်းပြ Read More »

ဟီးရိုးနောက်တစ်ယောက်ရှိတတ်တယ်။

လူအများမြင်တဲ့ ဟီးရိုးတွေရဲ့နောက်မှာလူအများမမြင်တဲ့ ဟီးရိုးနောက်တစ်ယောက်ရှိတတ်တယ်။ တချို့တွေအတွက် အမေ။တချို့တွေအတွက်က အဖေ။တချို့တွေအတွက်က ချစ်သူ၊ ရည်းစား၊ စာနာတတ်တဲ့ လင်မယား။တချို့တွေအတွက်က ဝန်ထမ်းကောင်း။တချို့တွေအတွက်က ဆရာသမားကောင်း။ Phyo Paing @ Derek

ဟီးရိုးနောက်တစ်ယောက်ရှိတတ်တယ်။ Read More »

ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။

ကိုယ်နဲ့ အလုပ်လုပ်တဲ့သူတိုင်းကိုယ်နဲ့ ပတ်သတ်တဲ့သူတိုင်းကိုယ်အကျိုးရှိတာထက်သူတို့အကျိုးပိုရှိရမယ်။ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။ Phyo Paing @ Derek

ဒီခံယူချက်နဲ့ပဲ အသက်ရှင်တယ်။ Read More »

ဟီးရိုးဖြစ်စေမည့် ပလက်ဖောင်းစင်မြင့်ဖြစ်ရမယ်။

ကျွန်နော့်အယူအဆကတော့ကိုယ့်ပရိသတ်ကို အသုံးပြုပြီးကိုယ်က ဟီရိုး လုပ်မည့်အစားကိုယ့်လုပ်ငန်းက ကိုယ့်ဖောက်သည်တွေကိုဟီးရိုးဖြစ်စေမည့် ပလက်ဖောင်းစင်မြင့်ဖြစ်ရမယ်။ Phyo Paing @ Derek

ဟီးရိုးဖြစ်စေမည့် ပလက်ဖောင်းစင်မြင့်ဖြစ်ရမယ်။ Read More »

ဝင်ငွေအတွက် ၄ ခုကို အဓိကထားတယ်။

ဝင်ငွေအတွက် ၄ ခုကို အဓိကထားတယ်။ ၁။ ကိုယ်တိုင်ဦးစီးတဲ့အလုပ် ၂။ ကိုယ်မပါပဲ လည်ပတ်နေတဲ့နောက် ၁၅ နှစ်နေရင် ပေါက်ကွဲမှုအားကောင်းတဲ့လုပ်ငန်းနယ်ပယ်တစ်ခုကို အုပ်စိုးထားတဲ့မဟာဗျူဟာမြောက် ရင်းနှီးမြုပ်နှံမှု ၃။ စျေးကွက်အပြောင်းအလဲပေါ်မှာဝယ်ရောင်းကရမည့်ဝင်ငွေအပေါ်ရင်းနှီးမြုပ်နှံမှု ၄။ ရေရှည်အတွက် အိမ်ခြံမြေမှာရင်းနှီးမြုပ်နှံမှု ပထမတစ်ခုက လက်ရှိဝင်ငွေအတွက်။ကိုယ့်ပျော်ရွင်မှု၊ ရည်မှန်းချက်၊သမိုင်းပေးတာဝန်နဲ့ လုပ်ချင်တဲ့အပြောင်းအလဲတွေအတွက်။ ဒုတိယတစ်ခု နိုင်ငံပြန်ကောင်းတဲ့အခါ ရှယ်ယာပြန်ရောင်းဖို့။ ချမ်းသာကြွယ်ဝမှုကြီးကြီးတည်ဆောက်ဖို့။ တတိယတစ်ခုက မငြိမ်တဲ့စျေးကွက်အပြောင်းအလဲက ရမည့်ဝင်ငွေ။ နောက်တစ်ခုက လုပ်ငန်းတွေဘယ်လောက်ပြဿနာဖြစ်ဖြစ်၊ ရပ်ရပ်အခြေချစရာတစ်ခုအတွက်။ ဒါတွေလုပ်ဖို့ တစ်ယောက်တည်းအားနဲ့မရဘူး။တတ်ကျွမ်းနားလည်ကျွမ်းကျင် သူတွေရဲ့အားလိုတယ်။ကိုယ်က နေရာတကာဆရာမကျနိုင်ဘူး။ ဒီတော့ ကိုယ့်ရဲ့ မဟာဗျူဟာအကွက်တွေကိုသေချာချဖို့လိုတယ်။ လူတိုင်းမှာ မတူညီတဲ့ ငွေကြေးစီမံခန့်ခွဲမှုPersonal Finance Philosophy ရှိလိမ့်မယ်။ ကိုယ့်အတွက်ကတော့ ကိုယ့်ဘဝကိုယ်ပဲတည်ဆောက်လာရတော့ဥစ္စာကိုစောင့်ဖို့ ဥာဏ်ပဲသုံးရတယ်။ Phyo Paing @ Derek

ဝင်ငွေအတွက် ၄ ခုကို အဓိကထားတယ်။ Read More »

အစွမ်းအစ ပြိုင်တဲ့ပွဲပဲ။

10%, 20% အထက်တိုးတက်ဖို့ လုပ်ငန်းလည်ပတ်မှုကိုစနစ်ကျပြီး ကောင်းအောင်လုပ်ကြတယ်။ 10x, 20x အထက်တိုးတက်ဖို့လုပ်ငန်းအတွက် မဟာဗျူဟာအကွက်ကောင်းကောင်းချပြီး လုပ်ဆောင်ကြတယ်။ ဝန်ထမ်းလုပ်တဲ့အခါလဲ အလုပ်အကိုင် မဟာဗျူဟာလိုတယ်။ လုပ်ငန်းလုပ်တဲ့အခါလဲစီးပွားရေး မဟာဗျူဟာလိုတယ်။ အဆ ၁၀၀၀ ကျော်လောက်ကြီးထွားသွားတဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းတွေ အကုန်ကြီးလိုက်ရင်ဒီပုံစံကို တွေ့လိမ့်မယ်။ Nvidia chips တွေက ဂိမ်းလောက၊ခရစ်တို မိုင်းနင်းလုပ်တဲ့အချိန်၊နောက် အေအိုင် AI ပေါ်လာတဲ့အချိန်နဲ့မဟာဗျူဟာကျ ကြိုတင်ပြင်ဆင်မှုနဲ့အခွင့်အလမ်းနဲ့တွေ့တဲ့အခါ $1 trillion ကျော်တန်တဲ့ လုပ်ငန်းကြီးဖြစ်သွားတယ်။ ဒီဂျစ်တယ်မားကတ်တင်းတွေ ကြီးထွားလာတဲ့အခါCanva ကလဲ $40 billion တန်ကုမ္ပဏီကြီးဖြစ်သွားတယ်။ နိုင်ငံရေတံခါးဖွင့်တဲ့အခါ ၁၉၉၆ မှာ စခဲ့တဲ့ Good Morning ပါမုန့်ထုတ်တဲ့ကုမ္ပဏီL & M Mayson က ရှယ်ယာ ၈၀% ကို

အစွမ်းအစ ပြိုင်တဲ့ပွဲပဲ။ Read More »