Dr. Phyo Paing

https://yec.company

အကျိုးမရှိတာတွေနဲ့
စွမ်းအင်တွေကို မဖြုန်းလိုက်ပါနဲ့။

တစ်ရက်တာအတွက် မနက်အခါကအရေးအကြီးဆုံးဖြစ်တဲ့အတွက် အကျိုးမရှိတာတွေနဲ့ စွမ်းအင်တွေကို မဖြုန်းလိုက်ပါနဲ့။ Phyo Paing @ Derek

အကျိုးမရှိတာတွေနဲ့
စွမ်းအင်တွေကို မဖြုန်းလိုက်ပါနဲ့။
Read More »

Perfect ဖြစ်ချင်စိတ်က
အလုပ်ပြီးမြောက်ဖို့အတွက်
အတားအဆီးပဲ။

တစ်ခုခုလုပ်တော့မယ်အခါအရာရာ perfect ဖြစ်လိုစိတ်များတဲ့အခါကိုယ့်ကိုကိုယ် စိတ်တိုင်းမကျဖြစ်လာမယ်။နောက်ပြီး စတင်ဖို့ အခက်အခဲဖြစ်လာမယ်။ ကိုယ့်စိတ်ကူးထဲက perfect နဲ့ လက်ရှိ အခြေအနေနဲ့ တော်တော်လေးကွာနေတဲ့အခါ အားမလိုအားမရဖြစ်လာမယ်။စတင်မည့်အလုပ်တွေ မစဖြစ်တော့ဘူး။ ဒါနဲ့ အချိန်ဆွဲမယ်။အရေးမကြီးတဲ့ အလုပ်တွေနဲ့ အာရုံလွဲမယ်။အချိန်ဆွဲတော့ ကိုယ့်ကိုကိုယ် ပိုအားမရဘူး။အားမရလေလေ ဒီအလုပ်နဲ့အဝေးကိုပြေးဖို့ ကြိုးစားလေလေ။ နောက်ဆုံး လက်လျော့လိုက်တဲ့အခါ လက်လျော့တဲ့အကျင့်ကြီးပါသွားတတ်တယ်။ ဒီတော့ Perfect ဖြစ်စဥ်စိတ်အစား၊ Progress တိုးတက်မှုအသားပေးစိတ်ထားကြည့်ကြည့်။ ဒါက ပထမ version ဖြစ်တဲ့အတွက် တိုးတက်ဖို့တော့ ထပ်လိုအုံးမယ်။ဒုတိယ version မှာ ပိုကောင်းလာလိမ့်မယ်။ ဒီလို Perfect ဖြစ်ဖို့ထက် တိုးတက်မှုအသားပေး Progress ကိုအာရုံစိုက်တဲ့စိတ်က အလုပ်ပိုပြီး မြောက်စေတယ်။ ဒါကြောင့် Progress > Perfect Perfectionist ဖြစ်တာကောင်းတယ်။Perfect ဖြစ်ချင်တဲ့စိတ်နဲ့ အလုပ်မလုပ်ဖြစ်တာ

Perfect ဖြစ်ချင်စိတ်က
အလုပ်ပြီးမြောက်ဖို့အတွက်
အတားအဆီးပဲ။
Read More »

ငါးမိနစ် ဥပဒေသ

တစ်ခုခု မလုပ်ချင်ပေမယ့်မဖြစ်မနေလုပ်ရတဲ့အခါ အချိန်ဆွဲတတ်ကြတယ်။Social Media ပွတ်သလိုလိုခြေကုန်လက်ပန်းချ ပင်ပန်းသလိုသလိုဒီလို အဖြစ်အပျက်တွေ လူတိုင်းတစ်ခါမဟုတ် တစ်ခါ ဖြစ်တတ်ကြတယ်။ အလုပ်က မလုပ်လို့ကလဲ မရဘူး။ လုပ်လဲ မလုပ်ချင်ဘူး။ မလုပ်ပြန်ရင်လဲ စိတ်က မဖြောင့်ပြန်ဘူး။အဲ့အခြေအနေမျိုးမှာ ကျွန်တော်ကျင့်သုံးဖြစ်တာကတော့ ၅ မိနစ် ဥပဒေသပဲ။ ငါးမိနစ်အရင် အာရုံစိုက်လိုက်မယ်။ alarm ပေးလိုက်တယ်။ လုပ်ရင်း စျန်ဝင်သွားတဲ့အချိန်တွေရှိတတ်တယ်။ ပထမဆုံး ငါးမိနစ် အရေးကြီးတယ်။ Phyo Paing @ Derek

ငါးမိနစ် ဥပဒေသ Read More »

အတွေးအခေါ် ဘေးမချော်ဖို့လိုတယ်။

ကိုယ့်ကို လူတိုင်းသဘောကျဖို့မလိုဘူး။ကိုယ့်ကိုကိုယ် သဘောကျနေဖို့ပိုအရေးကြီးတယ်။မနက်ထလာတိုင်း အဓိပ္ပာယ်ရှိနေဖို့နဲ့အသက်ရှူတိုင်း အရသာရှိနေဖို့အတွေးအခေါ် ဘေးမချော်ဖို့လိုတယ်။ Phyo Paing @ Derek

အတွေးအခေါ် ဘေးမချော်ဖို့လိုတယ်။ Read More »

သောက်တလွဲတွေကို မျှော်လင့်ထားပါ။

လူဖြစ်ရတာ လွယ်တယ်မှတ်လို့။Pandemics တို့၊ Political turmoil တွေမထင်မှတ်ထားတာတွေတစ်ခုပြီးတစ်ခု ဖြစ်လာတယ်မဟုတ်လား။ အကောင်းဆုံးကတော့ T တလွဲတွေဖြစ်ဖို့ ကြိုတင်မျှော်လင့်ထားတာပဲ။ စာမေးပွဲဖြေတဲ့ နေ့မှ လမ်းမှာကားဘီးပေါက်တာမျိုး၊ အရေးကြီးတဲ့သူနဲ့ အရေးကြီးတဲ့အကြောင်းအရာ ပြောနေတုန်း ဗိုက်နာလာတာမျိုး။ ဒီလို ခပ်သေးသေးကစလို့အကြီးကြီးတွေလဲ ဖြစ်နိုင်သေးတယ်။ ဒီ T တလွဲတွေမျှော်လင့်ပြီးကြိုတင်ပြင်ဆင်ထားတာ ဘဝရဲ့ ခံနိုင်ရည်ကို ပိုတိုးတက်စေတယ်။ Phyo Paing @ Derek

သောက်တလွဲတွေကို မျှော်လင့်ထားပါ။ Read More »

Content Marketing ရဲ့ ရည်ရွယ်ချက်က
ကိုယ်အနေနဲ့ နယ်ပယ်တစ်ခုမှာ
ဆရာကျတယ်ဆိုတာ လူတွေသိလာဖို့
ကိုယ့်အတွေးအခေါ်ကို ဖော်ပြတာ။

တခြားသူတွေ မစဉ်းစားမိတာ၊ မမြင်ဖြစ်တဲ့ ရှုထောင့်၊ မသိသေးတဲ့ အရာတွေ၊ သိရင်တောင် မေ့နေတဲ့အရာတွေ၊ မှားနေတဲ့ အမြင်တွေကို အသိပေးမျှဝေတာဖြစ်တယ်။ ဒါကို thought leader ဖြစ်စဉ်လို့ခေါ်တယ်။ အများစုက trend တွေနောက်လိုက်ပြီး၁၀၀ ဖိုး ၃ ပုဒ်ဖြစ်သွားတာဟာ content aware ကိုဦးတည်ပြီးtrendjacking လုပ်ပြီး Like နဲ့ share ဘယ်လောက်ရတယ်ဆိုတဲ့virality တွေ၊ vanity metrics တွေနဲ့ပျော်နေတာဟာ Marketing ကိုသေချာနားမလည်တဲ့သဘောပဲ။ Phyo Paing @ Derek

Content Marketing ရဲ့ ရည်ရွယ်ချက်က
ကိုယ်အနေနဲ့ နယ်ပယ်တစ်ခုမှာ
ဆရာကျတယ်ဆိုတာ လူတွေသိလာဖို့
ကိုယ့်အတွေးအခေါ်ကို ဖော်ပြတာ။
Read More »

ပထမဆုံးအောင်မြင်မှုက အရေးအကြီးဆုံးပဲ။

လူတွေက အောင်မြင်တဲ့သူတွေအဖွဲ့အစည်း၊ အသင်း၊ အမှတ်တံဆိပ်ကိုပဲ ပိုအားပေးချင်ကြတယ်။ဒါကြောင့် အောင်မြင်တဲ့သူတွေကအောင်မြင်ဖို့ ပိုလွယ်တယ်။ပထမဆုံးအောင်မြင်မှုကအရေးအကြီးဆုံးပဲ။ Phyo Paing @ Derek

ပထမဆုံးအောင်မြင်မှုက အရေးအကြီးဆုံးပဲ။ Read More »

Time + Energy + Motivation = Workdone

တခါတလေ အချိန်တော့အများကြီးရှိပြီးမလုပ်ချင် မကိုင်ချင်ဖြစ်နေတာလူတိုင်းမှာ ရှိတတ်ကြတယ်။ တခါတလေ လုပ်ချင်ကိုင်ချင်စိတ်တော့ရှိတယ်။ဒါပေမယ့် ပင်ပန်းပြီး စွမ်းအင်မရှိတဲ့အချိန်တွေလူတိုင်းတခါမဟုတ် တခါ ကြုံဖူးလိမ့်မယ်။ ဒါကြောင့် အလုပ်ပြီးမြောက်ဖို့အတွက် TEM လိုတယ်။ Time + Energy + Motivation ရှိမှ အလုပ်ပြီးမြောက်မှုက လာတယ်။ Expired date ရှိတဲ့ဘဝမှာ မသေခင် ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ် လုပ်နေဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

Time + Energy + Motivation = Workdone Read More »

အမှားလုပ်ရမှာ မကြောက်ပါနဲ့။

Professional တွေက မမှားအောင်လုပ်တယ်။Entrepreneur တွေက အောင်နိုင်ဖို့လုပ်တယ်။ဒါကြောင့် entrepreneur တွေနဲ့အမှားတွေနဲ့ မိတ်ဆွေပဲ။ဒီကမှ အမှန်တွေကို ရွေးချယ်သွားတယ်။အမှားလုပ်ရမှာ မကြောက်ပါနဲ့။ Phyo Paing @ Derek

အမှားလုပ်ရမှာ မကြောက်ပါနဲ့။ Read More »

ဖြစ်ချင်တာ ဖြစ်ဖို့
လုပ်ချင်တာပဲ လုပ်လို့မရဘူး။

စိတ်ပါမှ စာကျက်မယ်ဆိုဆယ်တန်းတောင် အောင်ခဲ့မှာ မဟုတ်ဘူး။လောကမှာ ဆေးခါးသောက်ရတဲ့အချိန်တွေ ရှိတယ်။ ကိုယ်ဖြစ်ချင်တဲ့ နောက်တစ်ဆင့်ရောက်ဖို့စိတ်မပါပေမယ့်၊ စိတ်ဖိစီးမှု များပေမယ့်၊ လုပ်ချင်ကိုင်ချင်စိတ်မရှိပေမယ့် လုပ်ရတဲ့ အချိန်တွေ လူတိုင်းမှာရှိတယ်။ ဒီအရာတွေက လူတွေရဲ့ဘဝကို ကွာခြားသွားစေတယ်။ Phyo Paing @ Derek

ဖြစ်ချင်တာ ဖြစ်ဖို့
လုပ်ချင်တာပဲ လုပ်လို့မရဘူး။
Read More »