Dr. Phyo Paing

https://yec.company

တခါတလေ လူတိုင်းမှာ

“မင်းမှန်တယ်” “ဆက်လုပ်”“ငါမင်းအနောက်”မှာ ရှိနေတယ်။ “မင်းကတော်ပြီးသားပဲ” ဒီလို ကိုယ့်ကို ယုံကြည်တဲ့သူတစ်ယောက်ဘဝတစ်ကွေ့မှာ တစ်ခေါက်တွေ့နိုင်တယ်။ ဒီလိုလူကြောင့်လဲ ကိုယ့်ဘဝ ပြောင်းလဲသွားတတ်တယ်။ ကိုယ့်ကို အမြဲ အပြစ်တင်တတ်တဲ့သူတွေကြောင့်ကြီးပွါးတိုးတက်ဖို့ မလွယ်ဘူး။ Phyo Paing @ Derek

တခါတလေ လူတိုင်းမှာ Read More »

မနက်ဖြန်အတွက် ဒီနေ့ကို
သေချာအသုံးချဖို့လိုနိုင်တယ်။

ဒီနေ့ရောက်နေတဲ့နေရာကလွန်ခဲ့တဲ့ ငါးနှစ်ကပြင်ဆင်ခဲ့လို့ဖြစ်နိုင်တယ်။နောက်လာမည့် ငါးနှစ်အတွက်ဒီနေ့က အရေးကြီးကောင်းကြီးနေနိုင်တယ်။ မနက်ဖြန်အတွက် ဒီနေ့ကိုသေချာအသုံးချဖို့လိုနိုင်တယ်။ Phyo Paing @ Derek

မနက်ဖြန်အတွက် ဒီနေ့ကို
သေချာအသုံးချဖို့လိုနိုင်တယ်။
Read More »

ကျွန်တော်တို့ အလုပ်၊
ကျွန်တော်တို့ဖန်တီးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေ ဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။

ဒီမိုကရေစီမှာလူတွေဘာကြောင့်ပိုတိုးတက်လဲဆိုရင်ဒီ ဒီမိုကရေစီဆိုတဲ့အတွေးအခေါ်ကို အေသင်မှာစတင်ကတည်းကသူ့ရဲ့ ရည်ရွယ်ချက်ကFreedom and Liberty ကိုအခြေခံတယ်။ လွပ်လပ်စွာတွေးခေါ်နိုင်မှုကိုယ့်အတွေးကို လွတ်လပ်စွာဖော်ပြနိုင်မှု ပေါ်အခြေခံတဲ့အတွက်ကိုယ့်ကိုကိုယ် fully expressလုပ်လို့ရတယ်။ Fully express လုပ်လို့ရတဲ့ နေရာမှာအနုပညာပိုထွန်းကားတယ်။ဘဝက ပိုပြီး အနှစ်သာရရှိတယ်။လူအများစုက ငွေကြေးမှာသာယာတဲ့အဆင့်ကို ကျော်လွန်လာရင်အတွေးအခေါ်မှာ သာယာတဲ့အဆင့်ရောက်လာကြမယ်။ ငွေကြေးကော၊ အတွေးအခေါ်ပါသာယာနိုင်ဖို့ ကိုယ့်ရဲ့ အတွေးအခေါ်အယူအဆ၊ အထင်အမြင်ကိုfully express လုပ်နိုင်တဲ့ပတ်ဝန်းကျင်လိုတယ်။​ ကျွန်တော်တို့ အလုပ်၊ကျွန်တော်တို့ဖန်တီးတဲ့လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။ ဒီလို ဖော်ထုတ်ဖို့ ကိုယ်ဘယ်သူလဲ၊ဘာကိုတန်ဖိုးထားလဲ၊ကိုယ့်အိမ်မက်က ဘာလဲ၊ကိုယ့်ကိုကိုယ် နားလည်မှုရှင်းလင်းပြတ်သားနေဖို့လိုတယ်။ Phyo Paing @ Derek

ကျွန်တော်တို့ အလုပ်၊
ကျွန်တော်တို့ဖန်တီးတဲ့
လုပ်ငန်း၊ ကုန်ပစ္စည်း၊ content တိုင်းဟာကိုယ့်ရဲ့ အတွေးအခေါ်၊ အိမ်မက်တွေ ဖော်ထုတ်ပြတဲ့ နေရာဖြစ်နေဖို့လိုတယ်။
Read More »

Marketing Secret 1

ဇွတ်မရောင်းနဲ့။ ကျွန်တော့်ရဲ့ marketing def ကတော့သတ်မှတ်လူတွေဆီသတ်မှတ် မက်ဆေ့ကိုသတ်မှတ် ကုန်ကျစရိတ်ထက်နည်းနိုင်သမျှနည်းနည်းနဲ့ လူများနိုင်သမျှ များများတွေ့ရှိ၊ နားလည်၊ ခံစား၊ လုပ်ဆောင်အောင် လုပ်တာကို မားကတ်တင်းလို့ခေါ်တယ်။ Phyo Paing @ Derek

Marketing Secret 1 Read More »

လူတွေမှာ ဓာတ်ဆိုတာရှိတယ်။

ဒါကို English လို Vibes လို့ခေါ်မလား မသိဘူး။ တချို့သူတွေနားသွားရင် အလိုလို တက်ကြွလာတယ်။တချို့သူတွေနားသွားရင်အလိုလို ပျော်လာတယ်။ တချို့သူတွေနားသွားရင်တခြားကမ္ဘာကြီးတစ်ခုရောက်သွားသလိုပဲ။ တချို့သူတွေနားသွားရင်ကိုယ့်ရှိတဲ့အားတွေကို စုပ်ယူသွားသလိုပဲ။တချို့သူတွေနားသွားရင်ကိုယ်ပါ စိတ်ညစ်သွားတယ်။ ဓာတ်တူတဲ့ လူတွေစုမိတဲ့အခါအလုပ်တွေ ပိုတွင်တယ်။ snowball effect နဲ့ အလုပ်တွေ ပိုပြီးတယ်။ ဒီဓာတ်တွေ ဖန်တီးဖို့ တန်ဖိုးထားမှု core values ဆိုတာ မရှိမဖြစ်လိုလာတယ်။ ကျွန်တော်တို့ရဲ့ core values ကတော့customer firstmove fastwork hardlearn everyday ပဲ။ ဒီလေးခုနဲ့ပဲ နေထိုင်တယ်။ ဒီလေးခုနဲ့ မကိုက်ရင်ကျွန်တော်တို့ group ထဲဝင်လို့ မရဘူး။ ကိုယ့်ရဲ့ personal core values ကဘာလဲ။နောက်ကိုယ်က ပေးတဲ့ vibes ကဘာလဲ။ တခါတလေ ပြန်မေးရမည့်အချိန်တွေ

လူတွေမှာ ဓာတ်ဆိုတာရှိတယ်။ Read More »

ဘူကောင်ဆိုတာ

ဒီရက်ပိုင်း အသိတွေတွေ့တော့“ဘူကောင်တွေကိုရှောင်” ဆိုတဲ့စကားကို အရမ်းကြိုက်တယ်လို့တစ်ယောက်ပြီး တစ်ယောက်လာပြောကြတယ်။ ဘူကောင်ကို တိုတိုနဲ့ လိုရင်းချုပ်ရရင်“ဘေးထိုင် ဘုပြောနေတဲ့သူ = ဘူကောင်” ပဲ။သူ့ရဲ့ criteria တွေကိုတော့ infographics နဲ့ လုပ်ထားပေးတယ်။ လောကမှာ “ကိုယ်ဘာလိုချင်တာလဲ” ဆိုတာအဓိက စဥ်းစားနေဖို့လိုတယ်။ မလိုချင်တာ ပြဿနာတွေပဲထိုင်စဥ်းစားနေရင် ပြီးမှာ မဟုတ်ဘူး။ လိုချင်တာရအောင် “အလွယ်ဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံး”ဘယ်လို လုပ်မလဲ စဥ်းစားဖို့လိုတယ်။ ဒါကြောင့် ဘေးထိုင်ဘုပြောတာ ဟာအဖြေ မဟုတ်ဘူး။ တချို့ဘူကောင်တွေက ပြင်ပေးလို့ရတယ်။တချို့ဘူကောင်တွေက သူတို့ကိုယ်သူတို့ဘူလို့ ဘူနေမှန် မသိဘူး။တချို့ဘူကောင်တွေက ဘူမှန်းသိတယ်။ဒါပေမယ့် ဘူတဲ့ အရသာကို ကြိုက်တဲ့ဗြိဿာလို့ ဘူတောထဲက ရုန်းထွက်မရဘူး။ ဒါကြောင့် တိုတိုနဲ့လိုရင်း definition ကတော့“ဘေးထိုင်ဘုပြောသူကို ဘူကောင်ဟုခေါ်သည်။” ဘူသုံးမျိုးရှိတယ်။ ၁။ ဘူရိုးသူကတော့ ရိုးသားတယ်။သူ့အရှိအတိုင်း

ဘူကောင်ဆိုတာ Read More »

အနာဂတ်အတွက် နေ့စဥ်
ကြိုတင်ပြင်ဆင်မှုတွေ
ဘယ်လိုအခြေနေ ဖြစ်ဖြစ်
လုပ်နေဖို့လိုတယ်။

အခွင့်အရေးပေါ်လာမှ ဒီ bandwagon လှိုင်းကိုစီးမယ်ဆိုရင်နောက်ကျသွားနိုင်တယ်။ အခွင့်အရေးလှိုင်းလုံးတွေကတစ်လုံးပြီး တစ်လုံးလာနေတယ်။ အရေးကြီးတာ ဒီအခွင့်အရေးလာတဲ့အချိန်ကိုယ်က ပြင်ပြီးဆင်ပြီးဖြစ်နေပြီလား။ ဒါအရေးကြီးတယ်။ ဘယ်ကြီးကျယ်တဲ့အရာမှာ အခုရေတွင်းတူး အခုရေကြည်သောက်လုပ်လို့ မရဘူး။ နှစ်ရှည်လများ ပြင်ဆင်မှု၊စိတ်ရှည်မှု၊ ဇွဲ၊ အမျှော်အမြင်လိုတယ်။ သက်လုံကောင်းဖို့လိုတယ်။ အခွင့်အရေးပေါ်လာမှ ထလုပ်တဲ့အခါသူများပြေးပြီးတဲ့လမ်းနောက်ကလိုက်ရတာ ဖြစ်တဲ့အတွက်သူများနောက်ကလိုက်ရင် ဖုန်ပဲရှူရလိမ့်မယ်။ အနာဂတ်အတွက် နေ့စဥ်ကြိုတင်ပြင်ဆင်မှုတွေဘယ်လိုအခြေနေ ဖြစ်ဖြစ်လုပ်နေဖို့လိုတယ်။ Phyo Paing @ Derek

အနာဂတ်အတွက် နေ့စဥ်
ကြိုတင်ပြင်ဆင်မှုတွေ
ဘယ်လိုအခြေနေ ဖြစ်ဖြစ်
လုပ်နေဖို့လိုတယ်။
Read More »

စီးပွားရေးတစ်ခုမှာ အရေးကြီးတဲ့ “ခံယူချက်”

စီးပွားရေးတစ်ခုမှာ အရေးကြီးတဲ့ “ခံယူချက်” စီးပွားရေးဆိုတာ ငွေတစ်ခုတည်းအတွက်ဖြစ်တည်လာတာ မဟုတ်ဘူး။ ဒီတစ်ခုတည်းအတွက် ကြည့်ရင် DNA (အနှစ်သာရ) ပျောက်နေတဲ့ စီးပွားရေးပဲဖြစ်မယ်။ တရုတ်ပြည်မကြီးကို ကြည့်ကြည့်။ငွေရှိတယ်။ အလုပ်တွင်တယ်။ အနှစ်သာရ မဲ့နေတယ်။ သူ့မှာ Soul ပျောက်နေတယ်။ ဘာကြောင့်လဲ? အကုန်လုံးဟာ ငွေနောက်ပဲလိုက်လို့။ ငွေရှိလာတယ်။ ဒီတော့ ငွေထက် အဆင့်မြင့်တဲ့ပျော်ရွှင်မှုတွေကို တောင်းတလာတယ်။ လုပ်ငန်းတစ်ခုမှာ ခံယူချက်လိုတယ်။ ဘယ်ခံယူချက်အတွက် ဒီအလုပ်လုပ်နေတာလဲသိဖို့လိုတယ်။ဒါမှ Covid-19 တို့လိုမျိုးအနာဂတ်မှာလာနိုင်တဲ့ ဘေးဒုက္ခတွေကိုအိန္ဒြေရှိရှိ ကျော်လွှားနိုင်မှာ။“More like a spiritual pursuit”လို့ပြောရင် မှန်မယ်။ အနုပညာကို ပိုက်ဆံအတွက်လုပ်တာနဲ့ ခံယူချက်အတွက်လုပ်တာ ခံစားလို့ရတယ်။ ပိုက်ဆံအတွက်လုပ်တဲ့အခါ ပေါက်တဲ့အလုပ် အကုန်ထလုပ်ပြီးလိုင်းကြောင်သွားနိုင်တယ်။ ခံယူချက်အတွက် အလုပ်လုပ်တာက ရူးသွပ်မှု၊အနာဂတ်အတွက် ပြင်ဆင်မှုတွေနဲ့ အတွေးအခေါ်အပေါ် အခြေခံတယ်။ မရှိသေးတဲ့

စီးပွားရေးတစ်ခုမှာ အရေးကြီးတဲ့ “ခံယူချက်” Read More »

အမှားလုပ်ရမှာ မကြောက်ပါနဲ့။

ဘဝဆိုတာ စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာလို့ ခံယူထားတယ်။အမှားတွေ အများကြီးလုပ်ခဲ့ဖူးတယ်။ဒီအမှားတွေကပေးတဲ့သင်ခန်းစာတွေကြောင့်တိုးတက်မှုပိုမြန်လာတယ်။စမ်းသပ်မှု = အမှား = သင်ခန်းစာ = တိုးတက်မှုဒါကြောင့် ကိုယ်မလုပ်ဖူးတဲ့အလုပ်လုပ်ရမှာ စမ်းကြည့်ရမှာမကြောက်ပါနဲ့။ဘဝက ပေးတဲ့ သင်ခန်းစာတစ်ခုကဘာများဖြစ်မလဲ?ကျွန်တော့်အတွက်ကတော့အမှားဆိုတာ သင်ခန်းစာ။သင်ခန်းစာဆိုတာ တိုးတက်ဖို့။ဒါကြောင့် အမှားလုပ်ရမှာမကြောက်ပါနဲ့။Phyo Paing @ Derek

အမှားလုပ်ရမှာ မကြောက်ပါနဲ့။ Read More »