Dr. Phyo Paing

https://yec.company

ဘေးထိုင်ဘုပြောခြင်းသည် တိုးတက်လိုသူတွေအတွက် အလုပ်မဟုတ်။

ရေမရှိဘူး။ လူမရှိဘူး။ မလေးရှားအနိုင်ကျင့်တယ်တစ်ခုတည်း ဘေးထိုင်ဘုပြောမနေဘူး။ Newater လုပ်တယ်။ ဒီနေ့ စလုံးဖြစ်လာတယ်။ တရုတ်ပြည်မကြီးက ပေါချောင်မကောင်း ပစ္စည်းတွေထွက်တယ်။ လေကျင်း 雷军 ဆိုတဲ့လူက ဘေးထိုင်ဘုပြောမနေဘူး။ တန်ဖိုးနည်း အရည်အသွေးမြင့် ကုန်ပစ္စည်းတွေထုတ်ရင်း Xiaomi (MI) ဖြစ်လာတယ်။ တရုတ်ပြည်မကြီးမှာ banking system နဲ့ သယ်ယူပို့ဆောင်ရေး အစအစအရာရာမှာ အားနည်းတယ်။ ဘေးထိုင်ဘုပြောမနေဘူး။ Jack MA ရဲ့ Alibaba နဲ့အတူ Alipay ဖြစ်လာတယ်။ AliExpress ဖြစ်လာတယ်။ အမေရိကန်တွေ နည်းပညာသာတာ ဘာမှလုပ်မရဘူး။ အစိုးရ အကာအကွယ်မပေးဘူး ဘေးထိုင်ဘုပြောမနေဘူး။ Uber မလာခင် DiDi Taxi ပြင်ဆင်ခဲ့တယ်။ Uber တရုတ်ကထွက်သွားရတယ်။ ဘေးထိုင်ဘုပြောတာ လူငယ်တွေအလုပ်မဟုတ်ဘူး။ Energy ရှိတယ်။

ဘေးထိုင်ဘုပြောခြင်းသည် တိုးတက်လိုသူတွေအတွက် အလုပ်မဟုတ်။ Read More »

ဆိုင်ကယ်ကို ဘရိတ်အုပ်တွန်းနေပြီး

ဆိုင်ကယ်ကို ဘရိတ်အုပ်တွန်းနေပြီးကြိုးစားတယ်လို့ ပြောလို့မရဘူး။ စက်မနှိုးဘဲတွန်းပြီး အရမ်းကြိုးစားတာကိုဂုဏ်ယူနေလို့မရဘူး။ Phyo Paing @ Derek

ဆိုင်ကယ်ကို ဘရိတ်အုပ်တွန်းနေပြီး Read More »

အိမ်တွင်းမှာ ဖုန်းတွေက ရန်သူပါ။

Digital device တွေ ကျွန်တော်တို့ behavior ကို control လုပ်ထားတဲ့ပုံစံမတူကြဘူး။ ဥပမာ Phone ကိုဖွင့်လိုက်ရင် Facebook လို app ကို အရင်နှိပ်မိတာမျိုး။ ကျွန်တော်တို့ marketer တွေကတော့ လူတွေရဲ့ behavior ကိုလေ့လာပြီး marketing လုပ်ကြတာပေါ့။ ဥပမာ website တစ်ခုကိုဝင်လာတယ်ဆို ဘယ်ခလုပ်ကိုဘယ်လိုနှိပ်ပြီး ဘယ်နားမှာရပ်သွားသလဲ။ ဒီအပေါ်မူတည်ပြီး website design ကို optimize ပြန်လုပ်ကြတယ်။ ဒီနေ့ခေတ်မှာ marketing တင်မကတော့ပဲ product design မှာပါ လူတွေဒီ product နဲ့မခွာနိုင်အောင် စဥ်းစားလာကြတယ်။ ဒီလို Habit-forming products တွေကိုတည်ဆောက်ဖို့ လူတွေရဲ့ psychology ကိုလေ့လာခဲ့ကြတယ်။ မကြာခင်က Netflix မှာ

အိမ်တွင်းမှာ ဖုန်းတွေက ရန်သူပါ။ Read More »

Motivation ဆိုတာ?

ဒူးရင်းသီးမကြိုက်တဲ့သူကို ဒူးရင်းသီးစားဖို့ သေနတ်နဲ့ခေါင်းကိုချိန် စားခိုင်းရင်လုပ်ကောင်းလုပ်လိမ့်မယ်။ ဒါပေမယ့် ရေရှည်ခံမှာ မဟုတ်ဘူး။ Motivation ဆိုတာ စိတ်ကိုနှိုးဆွမှုကို ခေါ်ပါတယ်။ တနည်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အရာဝတ္ထုတွေအပေါ်မှာ ဖြစ်ပေါ်တဲ့ Motivation မတူပါဘူး။ တချို့လူတွေအဖို့ တက်ကျမ်းတွေဖတ်ဖို့ လွယ်ကူနေပေမယ့် ဝတ္ထုတွေဖတ်ဖို့ Motivation ရချင်မှ ရပါမယ်။ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်က Motivation အခြေခံက Pain & Pleasure လို့ရေးခဲ့ဖူးပေမယ့် နောက် အရေးအကြီးဆုံး P တစ်လုံးကို မိတ်ဆက်ပေးပါရစေ။ ဒါကို Perception လို့ခေါ်ပါတယ်။ အထင်အမြင်ပါ။ Gym သွားဖို့ ပျင်းတဲ့လူတစ်ယောက်နဲ့ Gym သွားရတာပျော်တဲ့သူတစ်ယောက်မှာ ကွာခြားတဲ့ Perception အထင်အမြင်တွေရှိပါတယ်။ ဒါတွေဟာ Neuro-Association လို့ခေါ်တဲ့ ဦးနှောက်မှာရှိတဲ့ Dendrite လေးတွေရဲ့

Motivation ဆိုတာ? Read More »

သင့်ဘဝကို ဒုတိယအကြိမ်နေရသလို နေကြည့်ပါ။

သင့်ဘဝကို ဒုတိယအကြိမ်နေရသလို နေကြည့်ပါတဲ့။ ပထမတစ်ခေါက်မှာ အမှားပေါင်းမျိုးစုံလုပ်ခဲ့ပြီးပြီလို့ယူဆပါတဲ့။ စိတ်ပညာရှင် Victor Franklr ရဲ့ Man’s Search for Meaning ဆိုတဲ့စာအုပ်ထဲကစကားဖြစ်ပါတယ်။ လူတွေရဲ့ ဘဝမှာ ပြဿနာနှစ်ခု အမြဲကြုံရတတ်တယ်။ 1. Money Problem 2. Meaning Problem Money problem ကပိုဆိုးတာပေါ့။ စားစရာမရှိ၊ အကြွေးပေးစရာတွေ၊ နေစရာအိမ်လခ၊ ကလေးအတွက် ဒီပူလောင်မှုအတွက် ငွေကြေးနဲ့ဖြေရှင်းရတယ်။ ကျွန်တော်တို့နိုင်ငံလို ဆင်းရဲတဲ့နိုင်ငံမှာ ဒီပြဿနာပိုများတယ်။ နောက်ပြဿနာတစ်ခုက စားဝတ်နေရေးအဆင်ပြေလည်လာတဲ့အခါ Meaning problem ဖြစ်လာပြီ။ ဘဝရဲ့ ရည်ရွယ်ချက်၊ အဓိပ္ပာယ်၊ ပျော်ရွင်မှု၊ စိတ်ကျေနပ်မှု အစရှိတာတွေအတွက် ဦးနှောက်အစားအစာလိုတယ်။ ပထမတစ်ခုကိုဖြေရှင်းဖို့ စီးပွားရေးကောင်းတစ်ခုမှာလုပ်နေဖို့ သို့ စီးပွားရေးလုပ်တတ်ဖို့လိုတယ်။ ဒုတိယတစ်ခုကိုဖြေရှင်းဖို့ စိတ်ထားတတ်ဖို့လိုတယ်။ Phyo

သင့်ဘဝကို ဒုတိယအကြိမ်နေရသလို နေကြည့်ပါ။ Read More »

Marketing လုပ်တဲ့အခါ

Marketing လုပ်တဲ့အခါ ရိုးသားမှုအရေးကြီးတယ်။ လူတွေ စိတ်၀င်စားရင်ပြီးရော အဆင်မပြေဘူး။ Marketing ဆိုတာ ကောင်းမွန်တဲ့ အပြောင်းအလဲတွေအတွက် ဖြစ်ရမယ်။ Phyo Paing @ Derek

Marketing လုပ်တဲ့အခါ Read More »

ငွေတစ်ခုကြောင့်လူတွေအလုပ်ကြိုးစားရင် ခဏတာပဲဖြစ်လိမ့်မယ်။

Dose က တက်တက်သွားမယ်။ အလုပ်စဝင်ခါစ တစ်သိန်းရလို့ပျော်ပေမယ့်နောက်ပိုင်း သုံးသိန်း၊ ငါးသိန်း၊ ဆယ်သိန်းmotivation ရဖို့ level မြင့်မြင့်သွားမယ်။ မနေသာလို့လုပ်နေတဲ့ လူအများစုဟာ မျက်နှာကိုကြည့်ရင်သိနိုင်တယ်။ အလုပ်ကြိုးစားတဲ့သူတွေဟာ အလုပ်ကိုချစ်လို့ကြိုးစားတာဖြစ်တယ်။အလုပ်ကိုGame တစ်ခုလို မြင်လာတယ်။ အလုပ်လုပ်နေရတာကို ရင်ခုန်လာတယ်။ ဒီအလုပ်ကပေးတဲ့ ပျော်ရွင်မှု၊ ရင်ခုန်မှု၊ လေးစားမှု၊ တခြားသူတွေအဆင်ပြေသွားမှုတွေ ကြောင့်အလုပ်ကြိုးစာတာဖြစ်တယ်။ အလုပ်ဆိုတာ အကြီးကြီးလုပ်မှမဟုတ်ဘူး။ ကိုယ့်လိုချင်တဲ့ ဘဝ နေထိုင်မှုပုံစံရနေမယ်။ကိုယ်ဒီအလုပ်မှာ ပျော်နေမယ်။ လူတွေအကျိုးရှိမယ်ဆို ဘဝက ဖြတ်သန်းရတာနေပျော်ပါတယ်။ ဝန်ထမ်း တစ်ထောင်ကျော်လောက်နဲ့ CEO ကြီးဖြစ်မှမဟုတ်ပါဘူး။ လူလေးငါး ဆယ်ယောက်လောက်နဲ့ အလုပ်ဖြစ်အမြတ်ရှိပြီးဘဝက အဓိပ္ပာယ်ရှိရှိ လည်ပတ်နေရင် Ok ပါတယ်။ Phyo Paing @ Derek

ငွေတစ်ခုကြောင့်လူတွေအလုပ်ကြိုးစားရင် ခဏတာပဲဖြစ်လိမ့်မယ်။ Read More »

အံမဝင်တဲ့သူတွေအကြောင်း

တော်တော်အံမဝင်တဲ့သူတွေ အများနဲ့အံဝင်ဂွင်မကျသူတွေရှိတယ်။အများစုက Drama တွေနဲ့ရှုပ်နေချိန်မှာသူတို့က သူတို့ Dream တွေနဲ့ ရှုပ်နေတယ်။ အများစုက တခြားသူတွေအကြောင်းGossip လုပ်နေချိန်မှာသူတို့က အိမ်မက်တွေကိုGoal တွေအဖြစ် ပြောင်းနေကြတယ်။ အများစုက ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ပယောဂတွေကြောင့် Stress တွေများနေချိန်သူတို့က ရည်မှန်းချက်တွေရောက်အောင်Strategy တွေ ချနေကြတယ်။ လူအများစုက တခြားသူတွေရဲ့အမှားMistakes တွေကို လက်ညှိုးထိုးအရသာခံရယ်မော ပြောဆိုနေကြချိန်မှာသူတို့က Massive Action တွေနဲ့မဟာဗျူဟာတွေ အကောင်ထည်ဖော်နေတယ်။ လူအများစုက အရာရာကိုBlame ပြီး ဘဝကြီးမှောင်မှိက်နေချိန်မှာသူတို့က ဘဝဟာ Blessing ပဲဆိုပြီးကျေးဇူးတင်စိတ်တွေနဲ့ နေနေကြတယ်။ တော်တော် အံမဝင်တဲ့သူတွေဗျာ။ Phyo Paing @ Derek

အံမဝင်တဲ့သူတွေအကြောင်း Read More »

ဘဝမှာ အဓိပ္ပာယ်ရှိစွာဖြတ်သန်းချင်ရင်

Growth တိုးတက်မှုကိုအာရုံစိုက်ရင်စိုက်မဟုတ်ရင် Contribution ပေးဆပ်မှုပရဟိတ ကိုအာရုံစိုက်တဲ့။ ရှင်သန်ရတာအဓိပ္ပာယ်မရှိဘူးခံစားနေရတာဟာအသိမှတ်ပြုခံရမှုကိုအာရုံစိုက်နေလို့တခြားသူကိုယ့်ကိုဘယ်လိုထင်နေလဲ စိုးရိမ်နေလို့ဒါမှမဟုတ် တပါးသူရဲ့ချစ်ခြင်းမေတ္တာကိုရှာဖွေနေလို့ဒါမှမဟုတ် တပါးသူနဲ့နှိုင်းယှဥ်နေလို့ဖြစ်နိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ အဓိပ္ပာယ်ရှိစွာဖြတ်သန်းချင်ရင် Read More »

ဒီနေ့လုပ်လိုက်တဲ့ အလုပ်တွေက
အနာဂတ်အတွက် အချိန်တွေကို
ခြွေတာပေးနိုင်ဖို့ အရေးကြီးတယ်။

ဘာကြောင့်လဲဆိုတော့သင့်အနာဂတ်အချိန်ဟာ တစ်နာရီဘယ်လောက်တန်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ Covid-19 ဆိုတာ အနာဂတ်အချိန်တွေဒီနေ့မှာကြိုစုဖို့ ဖြစ်လာတာပါ။ တန်ဖိုးဆိုတာ ငွေနဲ့သတ်မှတ်သလိုအချိန်နဲ့လဲ သတ်မှတ်လို့ရပါတယ်။ Phyo Paing @ Derek

ဒီနေ့လုပ်လိုက်တဲ့ အလုပ်တွေက
အနာဂတ်အတွက် အချိန်တွေကို
ခြွေတာပေးနိုင်ဖို့ အရေးကြီးတယ်။
Read More »