Dr. Phyo Paing

https://yec.company

အိမ်မက်တွေနောက်လိုက်ဖို့ Ready ဖြစ်ပြီလား?

အိမ်မက်နောက်လိုက်ဖို့ ပထမဆုံး ၀င်ငွေကောင်းတဲ့ ကျွမ်းကျင်မှုတစ်ခုလိုတယ်။ High Income Skill ပေါ့။ နောက် ငွေကိုစီမံနိုင်တဲ့ ကျွမ်းကျင်မှုလိုတယ်။ နောက်စီးပွားရေးကို စီမံနိုင်တဲ့ ကျွမ်းကျင်မှုလိုတယ်။ Phyo Paing @ Derek

အိမ်မက်တွေနောက်လိုက်ဖို့ Ready ဖြစ်ပြီလား? Read More »

စိတ်ဓာတ်ကျဖူးသလား?

လူတိုင်းဘဝမှာ တစ်ခါတမဟုတ် တစ်ခါတစိတ်ဓာတ်ကျဖူးကြလိမ့်မယ်။စိတ်ပျက်တာ၊ စိတ်တိုင်းမကျတာ၊ အားငယ်တာ၊ စိတ်ဓာတ်ကျတာ အမျိုးမျိုးဖြစ်နိုင်တယ်။ ဒီတော့ခွဲခြားရမှာ ကိုယ်က ဘယ်လိုစိတ်ခံစားမှုအခြေနေလဲဆိုတာကို သတိရှိဖို့ဖြစ်ပါတယ်။ ဘာလို့လူအများစု စိတ်ဓာတ်ကျကြသလဲ? ကျွန်တော့်အထင်ပြောရရင် ၁။ အများစုက မပေးနိုင်လောက်တဲ့ အကြွေးတင်လို့။ (သင့်မှာ အကြွေးမရှိရင် ကျေးဇူးတင်လိုက်ပါ။)၂။ ပတ်ဝန်းကျင်က ကိုယ့်ရဲ့ကျွမ်းကျင်မှုကို အသိအမှတ်မပြုတဲ့အခါ လောကကြီးကို အရွဲ့တိုက်လာတဲ့အခါ ဖြစ်တတ်ပါတယ်။၃။ နောက်တရစရာကို အမြဲပြန်ပြန်တွေးပြီး ကိုယ့်ကိုကိုယ်ခွင့်မလွတ်နိုင်ဖြစ်လို့။ (P.S – Depression နဲ့ ပတ်သက်လို့ လုပ်ထားတဲ့ သုသေတနတွေအများကြီးရှိပေမည့် ဒါကတော့ပတ်ဝန်းကျင်မှာ အများဆုံးဖြစ်လေ့ရှိတာတွေပါ။) ဒါကို ကုစားဖို့အတွက် ကျေးဇူးတင်တတ်တဲ့စိတ်နဲ့ အသက်ရှင်ဖို့ဖြစ်ပါတယ်။ ၁။ အသက်ရှင်နေတဲ့အတွက် ကျေးဇူးတင်ပါ။ ၂။ အနာရောဂါကြီးကြီးမားမားမရှိတာ ကျေးဇူးတင်စရာပါ။ (တချို့နာတာရှည်ရောဂါနဲ့ နာမကျန်းဖြစ်နေတာတောင်စိတ်ဓာတ်မကျတတ်ကြဘူး။)၃။ အသက်ကိုဝဝလင်လင်ရှူနေနိုင်တာ ကျေးဇူးတင်ပါ။ ( ဆေးရုံမှာ

စိတ်ဓာတ်ကျဖူးသလား? Read More »

အတ္တရဲ့ အလွန်

Self-esteem ရှိဖို့ဆိုတာ တခြားသူတွေကို ချေရမယ်လို့ မဆိုလိုပါဘူး။ Garyvee ပြောသလို အထပ်မြင့်ဆောက်ဖို့အတွက် ဘေးနားကအဆောက်အအုံတွေကို ဖြိုဖို့မှ မလိုတာ။ ဘဝဆိုတာ သင်ဘယ်လောက်တော်တော် အနိမ့်အမြင့်အတတ်အကျရှိမယ်။ ကျွန်တော်တို့ကို မအောင်မြင်အောင်လုပ်နိုင်တဲ့သူက ကိုယ်တိုင်ပဲဖြစ်တယ်။ အတ္တဆိုတာ လူတွေကို နေရာတစ်ခုရောက်အောင်ကူညီပေးနိုင်ကောင်းပေးနိုင်လိမ့်မယ်။ ဒါပေမယ့် ဘေးနားက အပေါင်းသင်းတွေကို နည်းသွားစေတယ်။ ကျွန်တော့်အနေနဲ့ စိတ်ဓာတ်အပိုင်းနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားမိတယ်။ လူတွေသူ့ကို ဘယ်လောက်ဝေဖန်ပါစေ သူလုပ်ရမည့်အလုပ်ကို ဆက်လုပ်သွားတယ်။ ဒါဟာ အတ္တရဲ့ အလွန်သာဓကဖြစ်တယ်။ လူတွေကိုယ့်ကို ထင်စေချင်တဲ့ Image ဟာ ခြိမ်းခြောက်ခံရလာတဲ့အခါ သွေးပျက်တတ်ကြတယ်။ အတ္တတောင်ကို မကျော်နိုင်သေးလို့ဖြစ်တယ်။ အောင်မြင်တဲ့သူတွေ ကျဆုံးတဲ့အခါ အတ္တတောင်ကို မကျော်နိုင်တာကို တွေ့ရလိမ့်မယ်။ တရုတ်မှာဆို LeEco ရဲ့ Founder ကိုကြည့်ရင်သိနိုင်တယ်။ အတ္တအလွန်ဘာကို

အတ္တရဲ့ အလွန် Read More »

အလုပ်ပိုဖြစ်တာပေါ့။

လူတွေဟာစိတ်ခံစားမှုကို အားအဖြစ်အသုံးပြုရမည့်အစား၊ သားကောင်ဖြစ်နေကြတယ်။ အပြစ်မြင်စိတ်၊ ကြောက်စိတ်၊ ရှက်စိတ်၊ မနာလို၀န်တိုစိတ် တွေရဲ့ သားကောင်အစား၊ ဒါတွေကို တွန်းအား၊ ရင်ခုန်မှု၊ မေတ္တာ၊ ကျေးဇူးတင်စိတ် အဖြစ်ပြောင်းလဲနိုင်ရန် အလုပ်ပိုဖြစ်တာပေါ့။ Phyo Paing @ Derek

အလုပ်ပိုဖြစ်တာပေါ့။ Read More »

ခုချိန်ဘယ်အရာ အရေးအကြီးဆုံး ဖြစ်နေသလဲ?

၁. ကျန်းမာရေး ၂. စီးပွားရေးနှင့် ငွေရေးကြေးရေး ၃. ပညာရေးနှင့် တိုးတက်ရေး ၄. အချစ်ရေးနှင့် မိသားစုအရေး ၅. လူမှုရေး နှင့် ပရဟိတ ၆. ဘာသာတရားနှင့် ငြိမ်းချမ်းမှု ၇. ဝါသနာနဲ့ ပျော်ရွှင်မှု Phyo Paing @ Derek

ခုချိန်ဘယ်အရာ အရေးအကြီးဆုံး ဖြစ်နေသလဲ? Read More »

ဓာတ်ကူးတတ်တယ်။

ဟစ်တလာ သေဆုံးချိန် အလောင်းမတွေ့သလိုဘင်လာဒင်သေတော့လဲ အလားတူဖြစ်တာကိုတွေ့ရမှာ ဖြစ်တယ်။ ဒါကတော့လူတစ်ယောက်ရဲ့ ဖြစ်တည်မှု၊ အတွေးအခေါ်၊အယူအဆ၊ inspiration တွေ တခြားသူတွေကိုမပြန့်သွားအောင် ထိန်းချုပ်တယ်လို့ယူဆတယ်။ ငယ်ငယ်က ဖတ်ဖူးတဲ့ Bill Clinton ရဲ့ အထုပတ္ထိ My life မှာသူဟာ သမ္မတ John F. Kennedy နဲ့တွေ့ပြီးနိုင်ငံရေးထဲရောက်လာတယ်လို့ဆိုတယ်။ ဒီမတိုင်ခင်မှာ ဆေးပညာ၊ ဂီတ၊ ဥပဒေရေးရာဘာလုပ်ရမယ် တိတိကျကျ မရှိသေးဘူး။ 1963 မှာ American Legion ရဲ့အစီအစဉ်အရသမ္မတ John F. Kennedy နဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့ပြီး နှစ်သုံးဆယ်ကြာနောက်Bill Clinton ကိုယ်တိုင် အမေရိကန် သမ္မတဖြစ်လာတယ်။ ဓာတ်ဆိုတာ ကူးတတ်တဲ့ သဘောရှိတဲ့အတွက်အမြဲမကောင်းမြင်တတ်တဲ့သူတွေ၊ဘူကောင် (မကောင်းအမြဲမြင်သူ)တွေကို အတွေးအခေါ်ကူးစက်တတ်တဲ့အတွက်ဖြစ်နိုင်ရင် သတိနဲ့ပေါင်းသင့်တာ အားလုံးသိပြီး ဖြစ်မှာပါ။

ဓာတ်ကူးတတ်တယ်။ Read More »

Stretch Goals & Go with the flow

မဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေချပြီး Stress များနေမည့်အစား ဖြစ်နိုင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေချပြီး ဖြည်းဖြည်းချင်း ရည်မှန်းချက်ကို တိုးသွားတာ Stretch goals ထားတာ ပိုကောင်းတယ်။ Phyo Paing @ Derek

Stretch Goals & Go with the flow Read More »

Life-style entrepreneur

လူငယ်အများစုဟာ ချမ်းသာချင်တယ်ဆိုတာထက် လိုချင်တဲ့ဘ၀နေထိုင်မှုပုံစံကို တည်ဆောက်လိုတာဖြစ်ပါတယ်။ အောင်မြင်နာမည်ကြီးပြီး မပျော်တာထက်စာရင် ဝါသနာပါတဲ့ အလုပ်လေးကိုလုပ်ပြီး ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးမှာ ပုံမှန်လေးနဲ့ သွားချင်တဲ့နိုင်ငံကို သွားလည်ချင်တာမျိုးဖြစ်ပါတယ်။ ဒီလို life-style လိုချင်လို့ ကိုယ်တိုင်စီးပွားရေး အများစုစကြပါတယ်။ ဒါကို life-style entrepreneur လို့ခေါ်ပါတယ်။ Sharing economy Gig economy နဲ့အတူ အများအပြား ပေါ်ပေါက်လာမှာ Life-style entrepreneur တွေပါ။ Phyo Paing @ Derek

Life-style entrepreneur Read More »

ပိုခက်တာကိုလုပ်ပါ။

ငွေရှာရတာက သုံးရတာထက်ပိုခက်တယ်။ အလုပ်ဖြစ်အောင်လုပ်ရတာက ဝေဖန်ရတာထက်ပိုခက်တယ်။ လက်တွေ့ဖြစ်အောင်လုပ်ရတာက အိမ်မက်မက်ရတာထက်ပိုခက်တယ်။ စဉ်းစားတွေးခေါ်ရတာက မျက်စိမှိတ်ယုံကြည်တာထက် ပိုခက်တယ်။ ဘ၀တိုးတက်ရေးအတွက် လေ့လာရတာက အချိန်ဖြုန်းပါတီတက်ရတာထက် ပိုခက်တယ်။ Phyo Paing @ Derek

ပိုခက်တာကိုလုပ်ပါ။ Read More »