စိတ်မပူနဲ့။
ဘာလုပ်လုပ် ဝေဖန်ခံရမည့် မြန်မာပြည်မှာ ကိုယ်မှန်တယ်ထင်သည်ကိုသာ သတ္တိရှိရှိလုပ်။ Phyo Paing @ Derek
ဘာလုပ်လုပ် ဝေဖန်ခံရမည့် မြန်မာပြည်မှာ ကိုယ်မှန်တယ်ထင်သည်ကိုသာ သတ္တိရှိရှိလုပ်။ Phyo Paing @ Derek
Amateur နဲ့ Professional ကိုကွာခြားစေတာ Experience နဲ့ Skill ဖြစ်တယ်။ Pro ဖြစ်ဖို့ အချိန်နဲ့ ကြိုးစားအားထုတ်မှု Deliberate practice လိုတယ်။ Amateur တွေ golf ရိုက်ရင် ပိုက်ဆံပေးရပြီး Pro တွေကတော့ ပြောင်းပြန်ဖြစ်တယ်။ သင်ရော ဘယ်နယ်ပယ်မှာ Pro ဖြစ်ဖို့ ကြိုးစားနေလဲ? Phyo Paing @ Derek
လုပ်ငန်းစတင်ချိန်မှာ customer ရှာပါ။ကြီးထွားလာတဲ့အချိန် ဝန်ထမ်းကောင်းရှာပါ။စနစ်ကောင်းဖို့ Consultant ရှာပါ။တိုးချဲ့ဖို့ Investor ရှာပါ။ နည်းပညာ လုပ်ငန်းတွေမှာတော့ ရှိတာနဲ့စတာကို bootstrap လို့ခေါ်ပြီး။စတင်ဖို့ ရင်းနှီးငွေရှာတာကိုPre-seed funding လို့ခေါ်ပါတယ်။ယူလေ့ရှိသူတွေက Founder အပြင် 4F လို့သုံးတယ်။ Father, Friends, Family Members, Fools တဲ့။ Company တန်ဖိုးအနေနဲ့Pre-seed မှာ Company တန်ဖိုးဟာ ဒေါ်လာတစ်သန်းအောက်။ Seed funding မှာ ဒေါ်လာ ၁.၅ နဲ့ ၅ သန်းကြား၊Series A မှာ ဒေါ်လာ ၅ သန်းနဲ့ သန်း ၅၀ ကြား၊Series B, C, D မှာ သန်း ၅၀ အထက်
လုပ်ငန်းတစ်ခုရဲ့ ကြီးထွားလာမှုနှင့် လိုအပ်ချက်များ။ Read More »
အမှန်တော့ ကျွန်တော်တို့တွေအပြင်အခြေအနေကို အပြောင်းလဲလုပ်ချင်ကြပြီး ကိုယ့်ကိုကိုယ်အပြောင်းလဲလုပ်ဖို့ ဝန်လေးတယ်။ ဘာ့ကြောင့်လဲ? ၁. အတ္တငါကတော့ ဒီလိုပါပဲ။ ငါ့ပုံစံကို မပြင်နိုင်ဘူး။ ၂. ကြောက်စိတ်ငါပြင်လိုက်မှ ဘာတွေဖြစ်လာမလဲမသိဘူး။ လူတွေငါ့ကို ဝေဖန်နေမလား? ၃. မသိခြင်းဘယ်လိုစပြင်ရမယ်ဆိုတာမသိခြင်း။ နည်းလမ်းသေချာမရှိခြင်း။ ၄. လုပ်ရပ်စဉ်းသာစဉ်းစားပြီး စတင်လုပ်ဆောင်ခြင်းမရှိခြင်း။ ဘယ်လိုပြင်မလဲ? ၁. Autosuggestion လုပ်ပါ။ နေ့စဉ်နေ့တိုင်းငါသည် ကိစ္စ အဘက်ဘက်မှာ ကောင်းသထက်ကောင်းလာနေပြီကို ရွတ်ဆိုပါ။ ၂. Incantation ပြုလုပ်ပါ။ ရည်မှန်းချက်ပန်းတိုင်နှင့် ကိုယ်လိုချင်တဲ့ Identity ကို ချရေးထားပြီး ခန္ဓာကိုယ်ရှုပ်ရှားမှုနှင့်တကွ ပြုလုပ်ပါ။ ၃. Hypnosis စိတ်ညို့တာTrance ထဲဝင်ပါ။ ဒါကတော့ ကျွမ်းကျင်မှုလိုတယ်။ ၄. Outcome-thinking ကိုယ်ဘာလိုချင်တာလဲ တိတိကျကျချရေးပါ။ မြင်ယောင်ပါ။ ဘာ့ကြောင့်လိုချက်တာလဲ whys ချရေးပါ။
အိုင်းစတိုင်းသည် နူးကလိယစွမ်းအင်ဆိုတာ ဘယ်လိုမှ ထုတ်ယူနိုင်မှာ မဟုတ်ဘူးလို့ဆိုခဲ့ဖူးတယ်။ IBM Chairman Thomas Watson ကကမ္ဘာ့ Computer စျေးကွက်ဟာကွန်ပျူတာငါးလုံးသာရောင်းရနိုင်တယ်လို့ ခန့်မှန်းခဲ့ဖူးတယ်။ William Preece, British Post Office ကအမေရိကန်တွေကသာ Telephone လိုတာငါတို့မှာ messenger boy တွေရှိတဲ့အတွက် မလိုဘူးလို့ဆိုခဲ့ဖူးတယ်။ Lessons သင့်ကို တခြားသူတွေ မယုံကြည်ရင်တောင်ကိုယ့်ကိုကိုယ်ယုံကြည်ပါ။ Phyo Paing @ Derek
အောင်မြင်တဲ့သူတွေဟာ ဥယျာဉ်ကြီးတစ်ခုဖြစ်အောင်ကြိုးစားရင်း သူဘေးမှာ လိပ်ပြာတွေဝဲကြတယ်။ သင်ဘေးမှာ အားပေးသူလိပ်ပြာတွေဝဲဖို့ ဥယျာဉ်စတင်တည်ဆောက်ပါ။ Phyo Paing @ Derek
Never Outshine Your Masterကိုယ့်ရဲ့ဆရာကို ဆရာသွားမလုပ်နဲ့။ သိနေရင်တောင် သူတို့လောက်မသိကြောင်းပြပါ။ ပေါင်းသင်းဆက်ဆံရေးမှာလည်း တူတူပဲ။ ကိုယ့်ရဲ့မိတ်ဆွေထက် လည်ကြောင်း တတ်ကြောင်းပြတဲ့အခါ ကိုယ့်ကို threat တစ်ခုလို့မြင်လာပြီး အခွင့်အလမ်းတွေ ဆုံးရှုံးတတ်တယ်။ Let’s keep it secret between you and meဘယ်သူ့မှ မပြောနဲ့နော် ဒါ ငါတို့နှစ်ယောက်ကြားပဲ သိတာ။ လူနှစ်ယောက်ရင်းနှီးမှုကိုပိုစေတယ်။ များများသုံးပေးပါ။ Robert Greene ရဲ့48 Laws of Power Phyo Paing @ Derek
လျှာပေါ်မြက်ပေါက်ပါစေ မဖားဘူး။ ကိုယ့်အစွမ်းအစနဲ့ ကိုယ်လမ်းဖောက်တယ်။ ယူတာနဲ့ အနည်းဆုံးတော့တန်အောင်ပြန်ပေးတယ်။ ဒါဒို့လူငယ်။ Phyo Paing @ Derek
ကျွန်တော်တို့ လူငယ်တွေမှာ ရှိတာ အချိန်ပဲ။ ဒါဟာ လူငယ်တိုင်းရဲ့အခွင့်အရေးဖြစ်သလိုနောက်တစ်ခုက အင်တာနက်ဖြစ်ပြီးသူငယ်တန်းထဲက အင်္ဂလိပ်လိုသင်လာတဲ့အတွက်ဒါဟာလည်း အားသာချက်တစ်ခုထပ်ဖြစ်စေတယ်။ အခုစျေးကွက်မှာ အလုပ်အကိုင်ရှားပါးကောင်းရှားပါးလိမ့်မယ်။ Skill ကိုသာကျွမ်းကျင်အောင်လုပ်ပါ။ Marketable skillset ရှိလို့ ပြည်တွင်းမှမဟုတ်ဘူးပြည်ပကိုလည်း ရောင်းလို့ရတာပဲ။ ဥပမာ design တစ်ခုကိုပြည်တွင်းမှာအပ်တယ်။ အဆင်မပြေဘူး။ အင်တာနက်က freelancer platform မှာအပ်တယ်။ စက္ကန့်ပိုင်းအတွင်း Project proposal တွေတက်လာပြီး2 နာရီအတွင်းပြီးတယ်။ သုံးဆ ပိုကုန်တယ်။ စိတ်တိုင်းကျတယ်။ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အနာဂတ်ကကျွန်တော်တို့ လူငယ်တွေလက်ထဲမှာဖြစ်တယ်။ တနေ့ သယံဇာတတွေ ကုန်တဲ့အခါပညာနဲ့ ကျွမ်းကျင်မှုကို အသုံးပြုရမှာဖြစ်တယ်။ India နဲ့ China နဲ့အပြင်အိမ်နီးချင်းနိုင်ငံတွေနဲ့ Skill ချင်းယှဉ်တဲ့အခါ သူတို့ထက် သာနေမှ သူတို့ကို ခိုင်းလို့ရမှာဖြစ်တယ်။ ဒီနေ့ခေတ်က စစ်တိုက်ပြီး
စာသင်တာဝါသနာပါလို့ သင်တန်းကျောင်းထောင်တဲ့အခါ စာမသင်ရတော့ဘူး။ ဘာ့ကြောင့်လည်းဆိုတော့ စာသင်တာထက် စီးပွားရေးလုပ်ငန်းတစ်ခုလုံး လည်ပတ်ဖို့အချိန်ပေးရလို့ပါ။ အချက်အပြုတ်ဝါဿနာပါလို့ စားသောက်ဆိုင်ဖွင့်သော အခါ အချက်အပြုတ်မလုပ်ရတော့လေပဲ စီးပွားရေးလည်ပတ်ရန် တခြားလုပ်ငန်းဆောင်တာများကို လုပ်ရလေသည်။ ဖုန်းတွေဂလိရာ ဝါသနာပါရာက ဖောက်သည်တွေလည်းရှိတာနဲ့ ဖုန်းဆိုင်ဖွင့်ရာမှ ဖုန်းမပြင်ပဲ စီးပွားရေးလည်ပတ်ဖို့စဉ်းစားရလေသည်။ အရင်ခေတ်မှာ Financial Freedom ရဖို့ စီးပွားရေးလုပ်ငန်းလုပ်ရမယ်၊ Assets တွေ ဝယ်ယူရမယ်ဆိုတဲ့ အယူအဆတစ်ခုရှိပါတယ်။ ဒီနေ့ခေတ်မှာ Financial Confidence ရဖို့ အတွက် Passion စိတ်အားထက်သန်မှု အခြေပြု လုပ်ငန်းတွေလိုလာပါတယ်။ Bigger is better လို့ထင်လာရာကနေ Small is beautiful ဖြစ်လာပါပြီ။ နည်းပညာကို အသုံးပြုတဲ့အခါ လူနည်းနည်းနဲ့ ကျစ်လစ်တဲ့ lean organization တွေတည်ဆောက်လာနိုင်ပါမယ်။ More people