တစ်နေ့တစ်လံ
လူတွေ လုပ်တဲ့အလုပ်တွေရဲ့ အကျိုးရလဒ်နှစ်ခုဘဲရှိတယ်။ တစ်ခုက ရည်မှန်းချက်ပန်းတိုင်နဲ့ ပိုနီးစေတာ။ တစ်ခုက ပိုဝေးသွားစေတာ။ ဒီနေ့ ဘယ်တစ်ခု လုပ်မှာလည်း? Phyo Paing @ Derek
လူတွေ လုပ်တဲ့အလုပ်တွေရဲ့ အကျိုးရလဒ်နှစ်ခုဘဲရှိတယ်။ တစ်ခုက ရည်မှန်းချက်ပန်းတိုင်နဲ့ ပိုနီးစေတာ။ တစ်ခုက ပိုဝေးသွားစေတာ။ ဒီနေ့ ဘယ်တစ်ခု လုပ်မှာလည်း? Phyo Paing @ Derek
အမှန်တော့ လူအများစုဟာ အဆင်သင့် ဖြစ်မည့်နေ့ကို မျှော်ရင်းမလုပ်ဖြစ်တော့ဘူး။ လုပ်ငန်းတစ်ခုစဖို့အတွက် ဒါလိုမယ်။ ဟိုဟာလိုအုံးမယ်။ မစဖြစ်တော့ဘူး။ အောင်မြင်ဖို့အတွက် ငယ်သေးတယ်။ လုပ်ငန်းတစ်ခုစဖို့ ဘာ qualification ညာ qualification လိုအုံးမယ်။ ဒီ အဆင်သင့်ဖြစ်မှ စမယ်ဆိုတဲ့ အတွေးအခေါ်က ထင်တာထက်ကို ပိုပြီး မကောင်းကျိုးများစေတယ်။ Phyo Paing @ Derek
လက်တွေ့စစ်မြေပြင်မှာ အောင်မြင်ဖို့အတွက် လေ့ကျင့်မှုပြီးဆုံးကြောင်းလက်မှတ်သာဖြစ်တယ်။ ဘယ်မှာ train ခဲ့ train ခဲ့ စစ်မြေပြင်မှာ ဘယ်လောက်စွမ်းတာနဲ့ဘဲတိုင်းတာတယ်။ Phyo Paing @ Derek
တက္ကသိုလ်က ဘွဲ့လက်မှတ်ဆိုတာ အောင်မြင်မှုမဟုတ်ပါဘူး။ Read More »
၁. အခွင့်အလမ်းကို မမြင်ဘူး။၂. အခွင့်အလမ်းကို အထင်သေးအမြင်သေးဖြစ်တယ်။၃. မြင်တယ်။ နားမလည်ဘူး။၄. ရထားကြီးထွက်ခွာသွားပြီ။ မမှီတော့ဘူး။ Jack Ma
Day 1 – ကိုယ်သွားမည့် market niche ကိုသိပါ။ အရာရာတိုင်းမှာ တပြိုင်တည်းအောင်မြင်နိုင်မှာ မဟုတ်ဘူး။ ကိုယ်ပစ်မှတ်ထားမည့်စျေးကွက်ကိုသိပါ။ Day 2 – အလားအလာရှိတဲ့ ဖောက်သည်တွေအတွက် အခမဲ့ပေးခြင်းဖြင့် ဖောက်သည်အဖြစ်ပြောင်းလဲဖို့လုပ်ပါ။ ဥပမာ အကြံပေးတဲ့ ဆောင်းပါးတစ်ခုဖြစ်နိုင်ပါတယ်။ Day 3 &4 – Facebook Page တစ်ခု သို့ Website တစ်ခုလုပ်ပါ။ Day 3 & 4 မှာ free ပေးပြီး စိတ်ဝင်စားတဲ့ customer တွေရဲ့ data တွေကိုမှတ်ထားပါ။ Free ပေးပါ။ Day 5 – စတင်ကြော်ငြာပါ။ Facebook မှာ boost သို့ Google မှာ
စွန့်ဦးတီထွင်လူငယ်များအတွက်
The One Week Marketing Plan Read More »
တခါတလေ ရှိတာလေးနဲ.အဆင်ပြေနေတယ်။ ဝါးလုံးခေါင်းတည်းလသာပြီး ကိုယ့်ရဲ.လက အပြင်ကလထက် လှပါတယ် လုပ်နေလို့အဆင်မပြေနိုင်ဘူး။ လူတွေရဲ. ပင်ကိုယ်စိတ်အရ ဒီနေ. အောင်မြင်နေရင် အမြဲ အောင်မြင်နေမယ်။ ဒီနေ့ ကျရှုံးနေရင် အမြဲ ကျဆုံးမယ်လို့ထင်တတ်ကြတယ်။ လက်ရှိ အလုပ်မှာ ဒါမှ မဟုတ် တစ်ခုခုမှာ အဆင်မပြေဖြစ်လာပြီဆို ………ဒါက ပိုကောင်းတာဖြစ်လာဖို့အတွက် ဖြစ်လာတာပါ။ Phyo Paing @ Derek
အရာရာအဆင်ပြေနေရင် ဒီထက်ပိုကောင်းတာ စဉ်းစားမိမှာ မဟုတ်ဘူး။ Read More »
သမ္မကျမ်းစာထဲက စေတန်အကြောင်းကြားဖူးမှာပေါ့။ အရင်က စေတန်ဟာ လူစီဖာ Lucifer လို့ခေါ်တဲ့ ဘုရားရဲ. အနှစ်သက်ဆုံး နတ်ဘုရားတစ်ပါးဖြစ်ခဲ့တယ်။ အဖဘုရားသခင်ရဲ. အာဏာကို စိန်ခေါ်လို့ အပေါင်းအပါတစ်ချို.နဲ့ ငရဲပို့ခံရ ရာက စေတန်ဖြစ်လာတယ်။ နတ်ဘုရားကနေ မာန်နတ်တွေဖြစ်စေသလို စိတ်သဘောထားကောင်းလွန်းတဲ့သူတွေကို အခြေအနေတစ်ခုမှာ စိတ်သဘောထား ဆိုးလွန်းတဲ့သူကြမ်းကြီးတွေအဖြစ်ပြောင်းနိုင်တယ်။ ဒါကို Lucifer effect လို့ခေါ်ကြတယ်။လူတွေမှားနေတဲ့ အထင်အမြင်တစ်ခုကတော့ တချို.သူတွေက မွေးကတည်းက ဆိုးတယ်။ တချို့သူတွေက ကောင်းတယ်။ အမှန်မှာတော့ ငယ်ငယ်က သင်ဖူးတဲ့ ကြက်တူရွေးညီအစ်ကို နှစ်ကောင်လိုဘဲ မတူညီတဲ့ ပတ်ဝန်းကျင်မှာ မတူညီတဲ့ သူတွေဖြစ်လာတယ်။ ဗုဒ္ဓ ဘာသာမှာတော့ စရိုက်ခြောက်ပါးဆိုတာ မွေးတည်းက ပါတယ်လို.ပြောတယ်။ ဒါပေမယ့် လူတွေရဲ. အမူစရိုက်တွေဟာ ပတ်ဝန်းကျင်အခြေအနေပေါ်မှာ မူတည်ပြီးအနည်းနဲ့အများပြောင်းသွားတယ် လို့လည်း ပညာရှင်တွေက ဆိုကြတယ်။
လူတွေရဲ. အပြုအမူကို မိမိကိုယ်ကိုထင်မြင်မှုကလွမ်းမိုးနေတယ်။ သိပ္ပံပညာရှင်တွေက လူတစ်ယောက်ရဲ. အာရုံကြောအဖွဲ.အစည်းဟာ တကယ်အဖြစ်အပျက်နဲ. စိတ်ခံစားမှုပါတဲ့စိတ်ကူးယဉ်တဲ့အဖြစ်အပျက်ကို ခွဲခြားနိုင်စွမ်းမရှိဘူးလို့ပြောကြတယ်။ ဒါကြောင့် မိမိကိုယ်ကို ဘယ်လိုထင်သလည်းဆိုတာ ကိုယ့်ရဲ့လုပ်ဆောင်မှု အပေါ်အများကြီးလွှမ်းမိုးမှု ရှိတယ်။ ကိုယ့်သူငယ်ချင်းတွေလောက် ကိုယ်က မတော်ဘူးလို့ထင်နေသလား? ဒါမှ မဟုတ် ငါကတော့ အောင်မြင်ဖို့ အသက်ငယ်နေသေးတယ် ထင်နေသလား? ဒါမှ မဟုတ် သင်္ချာနဲ့ ပတ်သက်ရင် အရဘူးလို့ထင်နေသလား? ဒီ Self-image တွေဟာ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းကို အများကြီးလွှမ်းမိုးမှု ရှိတယ်။ဒါကြောင်. ကိုယ့်ကိုကိုယ် အမြဲ …….အမြဲ အပြုသဘောဆောင်တဲ့ ….အောင်မြင်တဲ့သူ….တစ်ယောက်လို အမြဲ မြင်ပါ။ ဟေးးးးး You are the WINNER ! Ref. Beyond Positive Thinking by Robert
မနက်မှာ လုပ်ဆောင်လေ့ရှိတဲ့ ထုံးတမ်းစဉ်လာဟာ တစ်နေ့လုံးကို လွှမ်းမိုးမှုရှိပါတယ်။ တစ်နေ့တာကို အကောင်းဆုံးဖြစ်ဖို့ 1. မနက်ထထချင်း အိပ်ရာသိမ်းပါ။ 2. ကျေးဇူးတင်သင့်သည် သုံးခုကို စဉ်းစားပါ။ ထထချင်း ဆယ့်ငါးမိနစ်အတွင်း facebook ကို မသုံးပါနဲ့။ (priming your brain) 3. ဘုရားဝတ်ပြုပါ။ 4. တစ်နေ့တာ အကောင်းဆုံးပုံရိပ်ကို ပုံဖော်ပါ။ (visualization) 5. လေ့ကျင့်ခန်းအနည်းဆုံး ငါးမိနစ်လုပ်ပါ။ ရေများများသောက်ပြီး ဝင်လေ ၂ စက္ကန်. နဲ. ထွက်လေ ၄ စက္ကန့် Timing နှင့်အသက်ရှူပါ။ အဘယ်ကြောင့်ဆိုသော် Oxygen သွေးနီဥထဲရောက်ဖို့ ၄ စက္ကန့်အချိန်ယူရပါတယ်။ ( ref. biochemistry) 6. ထမင်းလို ကာဗိုဟိုက်ဒရိတ်တွေထက် ကြက်ဥလို ပရိုတင်းများများစားပါ။
နေ့တစ်နေ့ကို စတင်ဖို့အရေးကြီးတဲ့ Morning Rituals 7 ခု Read More »
အများစုက ငါသေချာ စဉ်းစားပြီးပြီလို့ပြောကြတယ်။ တကယ်ဆုံးဖြတ်ချက်ချတော့ အထင်အမြင်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချကြတယ်။ ဒီမှာ အလွယ်ကူဆုံး စဉ်းစားနည်းတစ်ခုကတော့ PMI – Plus, Minus and Interesting. ဥပမာ စီးပွားရေး လုပ်ငန်းအသစ်တစ်ခု စတော့မယ်ဆိုပါတော့-ကောင်းတဲ့အချက်တွေက ဘာတွေ ရှိလည်း Plus-မကောင်းတဲ့ အချက်တွေ ဘာတွေ ရှိနိုင်လည်း MInus-ဘာဖြစ်မယ်မှန်းမသိ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေက ဘာတွေလည်း Interesting (ဒီ သုံးခု ပေါ်မှာရလာတဲ့ အဖြေကို ကြည့်ပြီးမှ ဆုံးဖြတ်ချက်တစ်ခု ချသင့်ပါတယ်။ PEST တို့ SWOT တို့နဲ့လည်း ရောသုံးလို့ရပါတယ်။ Edward Debono ရဲ. Lateral thinking ထဲက Tool တစ်ခုပါ။) Phyo Paing @ Derek