ကိုယ်တိုင်က ဘူကောင်မဖြစ်စေနဲ့။
ဘူကောင်တွေကိုလဲရှောင်။
တစ်ခုသတိထားမိတာ ကျွန်တော်တို့ဆီမှာလူတွေရဲ့စိတ်ကိုဆွပြီးလွှမ်းမိုးမှုတည်ဆောက်တဲ့နည်းတွေသုံးတာများတယ်။ ဟဲ့နင်ဝလာတယ်နော်။နင်မျက်နှာလဲမကောင်းဘူးဘာများဖြစ်သလဲ။ ပိန်သွားလိုက်တာ ကျန်းမာရေးကောင်းရဲ့လား။ သူများတွေပြောနေကြတယ်နော်။အခြေအနေကောင်းရဲ့လား။ မိသားစုအဆင်ပြေရဲ့လား။သတင်းတွေကြားတယ်နော်။စိတ်ညစ်နေမှာပေါ့။သူများတွေကျော်တတ်ကုန်ပြီနော်။ကိုယ်ကြိုးစားလို့အောင်မြင်သွားရင်ကံကောင်းလိုက်တာနော်။ နောက်ကိုယ်မကြိုက်တဲ့စကားကိုထပ်ခါထပ်ခါပြောပြီးကိုယ့်ကိုဒေါသထွက်အောင်လုပ်တာမျိုး။ ဒါက လွှမ်းမိုးမှုတည်ဆောက်တဲ့အခါမှာအဆင့်အနိမ့်ဆုံးအဆင့်negging လို့ခေါ်တယ်။negative feedback အနုတ်သဘောဆောင်တဲ့နည်းနဲ့ကိုယ့်ကိုစိတ်မလှုံခြုံအောင်လုပ်ပြီးထိန်းချုပ်ဖို့ကြိုးစားတာ။ တချို့ကလဲ ဒါကို အဆင့်နိမ်လွှမ်းမိုးမှုလုပ်နည်းလို့သိချင်မှသိလိမ့်မယ်။ ဒါပေမယ့် ဒီနည်းနဲ့အလုပ်ဖြစ်တော့ဒါကိုပဲ ဆက်တိုက်သုံးတတ်ကြတယ်။ နောက်တစ်နည်းက ကိုယ်ကအလုပ်တစ်ခုလုပ်တော့မယ်။ဒီအလုပ်လုပ်တဲ့အတွက်တစ်ဖက်လူထက်ကျော်သွားမယ်။ဒီလိုကျော်သွားမှာကြောက်တဲ့အခါမှာတဖက်လူလုပ်နေတဲ့အလုပ်ကိုဂုဏ်မယူအောင်ရှက်စရာကောင်းတဲ့ပုံဖြစ်အောင်လုပ်ကြတယ်။ အလုပ်ကြိုးစားမှာပေါ့။သခင်အားရ ကျွန်ပါးဝလေ။ မျက်နှာကြီးပြပြီး ငွေမရှာချင်ပါဘူး။မျောက်ပြဆန်တောင်းမလုပ်ချင်ဘူး။ငါ့အလုပ်လေးနဲ့ကိုယ်အေးဆေးနေပါရစေ။ ဒီကောင်မ အရမ်းကိိုတက်ကြွနေတာဘယ်အချိန်ပြုတ်ကျမလဲမသိဘူး။ ဒါမျိုးတွေ ကြားဖူးလိမ့်မယ်။ နှစ်ပေါင်းများစွာ ဘူတောထဲကလူတောတိုးအောင် လူတွေအကြောင်းလူ့သဘောမနောတွေလေ့လာရင်းသတိပြုမိလာတာတစ်ခုရှိတယ်။ လူတွေက အစွမ်းအစသေးသိမ်လေလေကိုယ့်အိမ်ကိုအထပ်မြင့်အောင်တည်ဆောက်ဖို့ထက်ဘေးနားက အိမ်တွေကိုဖြိုချချင်လေလေ။ဒီစကားလဲခဏခဏ ကြားဖူးမှာပါ။ ဒါကြောင့် ဒီလို အောက်လုံးတွေသုံးပြီးကိုယ့်ကို ထိန်းချုပ်ချင်သူတွေကိုသတိပြုပါ အားတီ၊ အားမေတို့။ကိုယ်တိုင်က ဘူကောင်မဖြစ်စေနဲ့။ဘူကောင်တွေကိုလဲရှောင်။ Phyo Paing @ Derek
ကိုယ်တိုင်က ဘူကောင်မဖြစ်စေနဲ့။
ဘူကောင်တွေကိုလဲရှောင်။ Read More »
