Dr. Phyo Paing

https://yec.company

“နာမည်တစ်လုံး တည်ဆောက်ဖို့”လိုတယ်။

ပိုက်ဆံရှာတဲ့အဆင့်ပြီးသွားရင်ပိုက်ဆံ ကိုယ့်ကို လာရှာတဲ့အဆင့်ဖြစ်အောင်လုပ်။ ဘာကြောင့်လဲဆို ပိုက်ဆံရှာရတာ မောတယ်။လာရှာတာက အဲ့လောက်မမောတော့ဘူး။ဘဝက အထာကျသွားပြီ။ ဖုန်းတွေအရမ်းဆက်ရောင်းစရာမလိုတော့ဘူး။အိန္ဒြေရရနဲ့ စီးပွားရေးတည်ဆောက်လို့ရပြီ။ ဒီိလို မရှာဘဲ လာအောင်လုပ်တာကို “အမှတ်တံဆိပ် တည်ဆောက်ခြင်း”Branding လို့ခေါ်တယ်။ ဒီလိုလုပ်ဆောင်ဖို့“နာမည်တစ်လုံး တည်ဆောက်ဖို့”လိုတယ်။ ကိုယ်က ဘာကို ကိုယ်စားပြုသလဲ။ဘယ်နယ်ပယ်ကလဲ။ ဘယ်လိုလူတွေ အတွက်လဲ။ဘယ်လိုလူတွေအတွက် မဟုတ်ဘူးလဲ။ ကိုယ့်ထုတ်ကုန်ကိုဝယ်မယ်ဆို ဘယ်လို “အထာ” လေးတွေရှိသလဲ။ ဒါတွေက အမှတ်တံဆိပ်တည်ဆောက်ခြင်းပဲ။ ဖောက်သည်ရှာရတာမောနေရင်မရှာဘဲ လာအောင်လုပ်တဲ့အမှတ်တံဆိပ်တည်ဆောက်ကြည့်ပါ။ Phyo Paing @ Derek

“နာမည်တစ်လုံး တည်ဆောက်ဖို့”လိုတယ်။ Read More »

“အရင်လို” ကို “အရင်ထက်”နဲ့
အစားထိုးလိုက်။

ဘဝမှာ ဒုက္ခအပေးဆုံးစကားလုံးက“အရင်လို”။အားရှိစေမည့်စကားလုံးက“အရင်ထက်”။ ငါအရင်လို ပြန်ဖြစ်ချင်တယ်ဆိုပစ္စုပ္ပန်က အတိတ်လောက်ပျော်စရာမကောင်းတော့လို့။ “အရင်လို” ကို “အရင်ထက်”နဲ့အစားထိုးလိုက်။ Phyo Paing @ Derek

“အရင်လို” ကို “အရင်ထက်”နဲ့
အစားထိုးလိုက်။
Read More »

ခေတ်၊ စနစ်နဲ့စကေး

ကိုယ့်ဘဝမှာ ပြိုင်ဆိုင်ဖို့စိတ်မဝင်စားဘူး။အဲ့လောက်လဲ မတုံးအဘူး။ကိုယ်စိတ်ဝင်စားတာခေတ်၊ စနစ်နဲ့ စကေးပဲ။ ဘယ်ခေတ်မှာဘယ်စနစ်ဖြစ်မလဲ။ကိုယ့်မှာ ဘာစကေးရှိရမလဲ။ အရင်က လူမှုကွန်ယက်ခေတ်မှာလူမှုကွန်ယက်စကေး။App ခေတ်မှာApp က စီးပွါးရှာစကေး။အခု အေအိုင်ခေတ်အေအိုင်အသုံးချစကေး။ ခေါင်းထဲမှာ အရမ်းရှင်းတယ်။ ဘယ်သူ့ဘဝမှလဲ စိတ်မဝင်စားဘူး။ကိုယ့်ဘဝပဲ ကိုယ်စိတ်ဝင်စားတာများတယ်။ Phyo Paing @ Derek

ခေတ်၊ စနစ်နဲ့စကေး Read More »

မေတ္တာပွားများတတ်မှ
ဘဝက နေပျော်နိုင်မယ်။

မတ်ေတာ မြန်မာနိုင်ငံသားအချင်းချင်းလိုင်စင်မရှိဘဲဆိုင်ဖွင့်လို့ထိုင်းရဲကို တိုင်တယ်တို့၊အချင်းချင်း ရဲတိုင်တယ်တို့မကြာခဏ ကြားလာရတဲ့အခါစိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်တို့ ကိုးကွယ်တယ်ပြောပြီးကျင့်သုံးဖို့ မေ့နေတာဗုဒ္ဓဘာသာများဖြစ်မလားစဥ်းစားမိတယ်။ ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓအဆုံးအမဖြစ်တယ်။ ဗုဒ္ဓက သတ္တာဝါအချင်းချင်းမေတ္တာထားတတ်ဖို့သင်ပေးခဲ့တယ်။ မတ်ေတာဆိုတာမိတ္တ (မိတ်ဆွေ) မှ ဆင်းသက်လာပြီးမိတ်ဆွေကဲ့သို့ ချစ်ခင်မြတ်နိုးခြင်းလို့အဓိပ္ပာယ်ရတယ်။ မေတ္တာဆိုတာ စေတသိတ် ၅၂ ပါးမှာသောဘဏစေတသိက် ၂၅ ပါးမှာပါဝင်တယ်။အတိုင်းအဆမရှိ၊ အကန့်အသတ်မရှိရှုမှတ်ခြင်း၊ သိမှတ်ခြင်း ပွားများနိုင်တဲ့အပ္ပမည္ညာစေတသိက် ၂ ပါးထဲကတစ်ပါးဖြစ်တယ်။ မေတ္တာသုတ်ရဲ့အနက်အဓိပ္ပာယ်ကိုပါဠိနဲ့ မြန်မာအဓိပ္ပာယ်တခါတည်းဖော်ပြလိုက်ပါမယ်။ ယနေ သုတ်တနေ ဘဂဝါ ဘိက်ခူ သီမာသမ်မုတိ ကရဏကာလေ ရက်ခဏတ်ထာယ ဥဂ်ဂဏှာပသေိ။ | ဘုရားရှင်သည် သီမာသတ်မှတ်ခြင်း ပြုရာကာလ၌ ရဟန်းတော်များအား အန္တရာယ်ကင်းစေရန် ဤသုတ်တော်ကို သင်ယူစေတော်မူ၏။ ၁။ ကရဏီယမထန္တဿ၊ | အကျင့်သိက္ခာနှင့် ပြည့်စုံလိုသော ပုဂ္ဂိုလ်သည်၊ယန္တ သန္တံ ပဒံ အဘိသမေစ္စ၊

မေတ္တာပွားများတတ်မှ
ဘဝက နေပျော်နိုင်မယ်။
Read More »

လူတစ်ယောက်ရဲ့ တန်ဖိုးအရှိဆုံး
စွမ်းဆောင်ရည်နှစ်ခုဆိုရင်

အကြိုက်ဆုံးဝါသနာထဲမှာ “သင်ယူခြင်း learning” ပါတယ်။ သင်ယူရင်း တိုးတက်တယ်။တိုးတက်ရင် ပျော်ရွင်တယ်။ သင်ယူဖို့အတားအဆီက “ငွေကြေး”။အကြွေးတွေများ စိတ်ဖိဆီးနေရင်သင်ယူမှုကို ကောင်းကောင်းမလုပ်နိုင်ဘူး။ငွေကြေး ကြပ်တည်းနေရင်သင်ယူမှုကောင်းကောင်းမလုပ်နိုင်ဘူး။အလုပ်မရှိဝင်ငွေမရှိရင်သင်ယူမှုကောင်းကောင်းမလုပ်နိုင်ဘူး။ သင်ယူမှုကို ဒုက္ခပေးနိုင်တဲ့အရာတွေကိုရှောင်တယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးအရှိဆုံးစွမ်းဆောင်ရည်နှစ်ခုဆိုရင်“သင်ယူခြင်း” နဲ့ “ပြန်လည်သင်ကြားပေးနိုင်ခြင်း”ပဲ။ Phyo Paing @ Derek

လူတစ်ယောက်ရဲ့ တန်ဖိုးအရှိဆုံး
စွမ်းဆောင်ရည်နှစ်ခုဆိုရင်
Read More »

အမြင်ကျယ်ဖို့

အမြင်မကျယ်ရင်အကျယ်မမြင်ဘူး။အကျယ်မမြင်ရင်ရွေးချယ်လို့ရတဲ့လမ်းတွေမမြင်ဘူး။ ရွေးချယ်စရာများမှန်းမသိရင်ဘဝမှာ ကျဥ်းထဲကြပ်ထဲရောက်နေတယ်လို့မြင်တတ်တယ်။ပြဿနာတွေကို အထိရောက်ဆုံးအဖြေရှင်းတတ်ဘူး။ အမြင်ကျယ်ဖို့ ၁။ စာကောင်းပေကောင်းနေစဥ်ဖတ်ဖို့လိုတယ်။ ၂။ တခြားနိုင်ငံနဲ့လူမျိုးတွေဆီ ခရီးသွားကြည့်ဖို့လိုတယ်။ ၃။ အသစ်ဖြစ်ပေါ်နေတဲ့ နည်းပညာနဲ့သတင်းတွေကိုလေ့လာနေဖို့လိုတယ် ၄။ ဘာသာစကားနှစ်ခုလောက်တော့ကောင်းကောင်းတတ်ဖို့လိုတယ်။​(အထူးသဖြင့် အင်္ဂလိပ်လိုပါဝင်တယ်။) ၅။ ကိုယ့်အထင်အမြင်တိုင်းအမှန်မဟုတ်ဘူးဆိုတဲ့open-minded ဖြစ်ဖို့ လိုတယ်။ Phyo Paing @ Derek

အမြင်ကျယ်ဖို့ Read More »

ဒီနောက်ပိုင်းဘဝကို မချဲ့တော့ဘူး။
ချုံ့ဖို့ဘဲ စဥ်းစားလာမိတယ်။

ဒီနောက်ပိုင်းဘဝကို မချဲ့တော့ဘူး။ချုံ့ဖို့ဘဲ စဥ်းစားလာမိတယ်။ တစ်ရက်တစ်ရက်အလုပ်တွေ အများကြီးလုပ်တာထက်လုပ်တဲ့အလုပ် အရေအတွက်ကိုနည်းနိုင်သမျှနည်းအောင်လုပ်လာတယ်။ လူအများကြီးနဲ့တွေ့ဖို့ထက်လူနည်းနိုင်သမျှနည်းအောင်နည်းနည်းနဲ့ဘဲတွေ့နိုင်အောင်စီစဥ်မိတယ်။ ကိုယ်ပျော်တဲ့အလုပ်၊တော်တဲ့အလုပ်နဲ့ဘဝကို တန်ဖိုးထားတဲ့လူနည်းနည်းနဲ့ဒီလိုဘဲ ဘဝကို ဖြတ်သန်းရင်းဘဝရဲ့ အနှစ်သာရကိုခံစားမိလာသလိုလိုရှိလာတယ်။ အနာဂတ်မှာကလဲAgentic AI တို့၊ Physical AI တို့လာမယ်ဆိုတော့လူအများကြီးရှိဖို့လဲ လိုချင်မှလိုမယ်။ Phyo Paing @ Derek

ဒီနောက်ပိုင်းဘဝကို မချဲ့တော့ဘူး။
ချုံ့ဖို့ဘဲ စဥ်းစားလာမိတယ်။
Read More »

ကိုယ့်ဘဝ ကိုယ်တာဝန်မယူနိုင်ဘူးဆိုတာ
ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်လို့။

ကိုယ်လိုချင်တာ မရရင်ဘယ်သူ့မှ အပြစ်တင်မနေဘူး။ကိုယ်အသုံးမကျသေးလို့ပဲတိုးတက်ဖို့လိုနေသေးလို့ပဲခံယူတယ်။ ဒါကတော့ ဗုဒ္ဓအဆုံးအမကြောင့်လို့ပြောရင်လဲ မမှားဘူး။ အခြေခံအကျဆုံးဖြစ်တဲ့ အရွယ်ရောက်ပြီးကိုယ့်ဘဝ ကိုယ်တာဝန်မယူနိုင်ဘူးဆိုတာကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်လို့။ ကိုယ်လိုချင်တာမရတာ ကိုယ်အရည်အချင်း မပြည့်မှီသေးလို့။ Phyo Paing @ Derek

ကိုယ့်ဘဝ ကိုယ်တာဝန်မယူနိုင်ဘူးဆိုတာ
ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်လို့။
Read More »

အောက်ကျနောက်ကျမဖြစ်
တိုးတက်နေအောင်လုပ်ဖြစ်တယ်။

ဘဝမှာ အရှက်ဆုံးကအောက်ကျနောက်ကျဖြစ်ရတဲ့ခံစားချက်။ဒါကြောင့် ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေကိုအောက်ကျနောက်ကျမဖြစ်တိုးတက်နေအောင်လုပ်ဖြစ်တယ်။ကိုယ့်အနီးဆုံးလူတွေပြင်လို့မရရင်တော့ရင်ထားခဲ့ရတာ သဘာဝဖြစ်တတ်တာပဲ။ Phyo Paing @ Derek

အောက်ကျနောက်ကျမဖြစ်
တိုးတက်နေအောင်လုပ်ဖြစ်တယ်။
Read More »

နေ့စဥ် “တော်၊ ပျော်၊ ပွား၊ ပေး”။

တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ ၁ သိန်းဒီအထိက ဝင်ငွေတိုးတက်လာလေ ပျော်လေလို့သုတေသနအများစုက တွေ့ရှိထားကြတယ်။ ဒီထက်ကျော်သွားတဲ့အခါများများတိုးတက်သလောက်များများပျော်တာနည်းသွားတယ်။ဒါကို diminishing return လို့ခေါ်တယ်။ ဒါက ဝင်ငွေများတဲ့ high income economy တွေမှာ။ တချို့ social democracy ကျင့်သုံးတဲ့Finland (ဖင်လန်), Denmark (ဒိန်းမတ်), Norway (နော်ဝေ) နှင့် Sweden (ဆွီဒင်) Scandinavian နိုင်ငံတွေကလူနေမှုအဆင့်အတန်း အမြင့်မားဆုံးထဲပါပြီးပျော်ကြတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင် အခြေခံစားဝတ်နေရေးအတွက် $250 အလယ်အလတ်ဆို $500 – $1000ပေါပေါများများနေဖို့ဆို $2500တစ်နှစ် $20000 – $30000 လောက်လိုတယ်။ ပျော်ရွင်မှုကို အထူးခံစားဖို့ အမှတ်တွေကမြန်မာအတွက် $30,000ထိုင်းအတွက်ဆို တစ်နှစ်$60,000 USD မလေးအတွက်ဆို $70,000ဂျပန်အတွက်ဆို $100,000 စလုံးအတွက်ဆို

နေ့စဥ် “တော်၊ ပျော်၊ ပွား၊ ပေး”။ Read More »