Dr. Phyo Paing

https://yec.company

လိုချင်တာရဖို့
ကိုယ်တိုင် ဖန်တီးယူဖို့လိုတာပဲ။

ကိုယ်ဘာတွေလိုချင်တာလဲ။ဘာကြောင့် ဒါတွေကိုလိုချင်သလဲ။လိုချင်တာရဖို့ ဘာတွေလုပ်ရမလဲ။ဘာတွေလုပ်နေတာရပ်ရမလဲ။ဘယ်အရာတွေက အတားအဆီးတွေလဲ။ဒါတွေကို ဘယ်လိုကျော်ဖြတ်မလဲ။ လိုချင်တာရဖို့ ကိုယ်တိုင် ဖန်တီးယူဖို့လိုတာပဲ။ Phyo Paing @ Derek

လိုချင်တာရဖို့
ကိုယ်တိုင် ဖန်တီးယူဖို့လိုတာပဲ။
Read More »

လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံး
အင်အားကတော့ “အချိန်” ပဲ။

တစ်နာရီကုန်သွားတိုင်းတစ်နာရီထက် ပိုတာပြန်ရမလား။ လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံးအင်အားကတော့ “အချိန်” ပဲ။ ဒီအချိန်ကို ကာယ၊ ဥာဏနဲ့ပေါင်းပြီးဘယ်လိုအသုံးချမလဲဆိုတာ အရေးအကြီးဆုံးပဲ။ အချိန်တစ်နာရီကို အကျိုးမရှိတဲ့အရာတွေနဲ့ အချိန်ကုန်လို့ရတယ်။အချိန် တစ်နာရီကို ကိုယ့်အနာဂတ်အတွက် အသုံးပြုလို့ရမယ်။ဒီတစ်နာရီ ဒီဘဝအတွက်ဖြစ်ရင်ဖြစ်မယ်။ဒီဘဝအတွက်ဆို လောကီ။ သံသရာအတွက်ဖြစ်ရင်ဖြစ်မယ်။ဒါက လောကုတ္တရာ။ ဘယ်လိုပဲဖြစ်ဖြစ် သံသရာမှာလူတွေပိုင်ဆိုင်တာ “အချိန်”။ တချို့ အချိန်ကို မပိုင်ဘူး။ထမင်းစားဖို့။ မိသားစုအရေး။ဒီအချိန်နဲ့ ငွေနဲ့လဲနေရတယ်။ ဒါကိုပြောင်းပြန်လှန်ဖို့ အချိန်ကို အကောင်းဆုံးသုံးနိုင်ဖို့လိုတယ်။ ဒီနေ့အသုံးပြုလိုက်တဲ့အချိန်တိုင်းကအနာဂတ် အချိန်တွေကို ခြွေတာပေးနိုင်ရမယ်။ ဒါကတော့ ကျွန်တော်ခံယူထားတဲ့အချိန်စီမံခန့်ခွဲမှု ဥပဒေသတစ်ခုပဲ။ ဒီနေ့ ကျန်းမာရေးအတွက်အချိန်ပေးတယ်။အိပ်စက်လို့ပိုကောင်းပြီးကျန်းမာအသက်ရှည်တဲ့အတွက် အနာဂတ်အချိန်ပိုထွက်လာမယ်။ နည်းပညာအသစ်တွေကို အသုံးပြုနိုင်တော့အနာဂတ်အချိန်ခြွေတာနိုင်မယ်။ လူတိုင်းက ဘယ်လောက်ချမ်းသာချမ်းသာကိုယ့်အချိန်ကိုယ်မပိုင်ရင်ချမ်းသာမှုအစစ်လို့ သတ်မှတ်လို့မရနိုင်ဘူး။ တစ်နာရီ၊ တစ်ရက်၊ တစ်ပတ်၊ တစ်လ၊ တစ်နှစ်၊ တစ်သက်သာကိုကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေလို့မရဘူး။အလိုလိုပေါက်တာ မြက်ပင်တွေပိုများတယ်။ပန်းကောင်းပန်းမံအတွက် သေချာစိုက်ပျိုးဖို့လိုတတ်တယ်။ Phyo

လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံး
အင်အားကတော့ “အချိန်” ပဲ။
Read More »

လူနဲ့ အရင်းအနှီး

လူတစ်ယောက်ရဲ့ ဘဝအောင်မြင်မှုက သူ့မှာရှိတဲ့ အရင်းအနှီးတွေအပေါ် များစွာမူတည်ပါတယ်။ အရင်းအနှီးတွေ ပိုများလေ၊ ရွေးချယ်စရာ အခွင့်အလမ်းတွေ ပိုများလေပါပဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နေ့စဉ်ဘဝမှာ အရင်းအနှီးတွေ တိုးပွားအောင် အမြဲကြိုးစားနေဖို့ လိုအပ်ပါတယ်။ ၁။ ပညာရေးနဲ့ အသိဉာဏ်ပညာ အရင်းအနှီး ဦးနှောက်ထဲမှာ သိုလှောင်ထားတဲ့ အသိပညာ၊ အတွေးအခေါ်တွေဟာ တန်ဖိုးရှိတဲ့ အရင်းအနှီးတွေပါ။ စာအုပ်စာပေတွေဖတ်ခြင်း၊ လေ့လာသင်ယူခြင်းတွေကနေ ရရှိလာတဲ့ ဗဟုသုတတွေက နောင်တစ်ချိန် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု၊ အတတ်ပညာတွေကို အမြဲတိုးတက်အောင် လုပ်နေဖို့ လိုပါတယ်။ ၂။ ငွေကြေးဆိုင်ရာ အရင်းအနှီး ငွေကြေးချမ်းသာကြွယ်ဝမှုဟာ အရေးကြီးတဲ့ အရင်းအနှီးတစ်ခုဖြစ်ပါတယ်။ ငွေကြေးကောင်းမွန်စွာ စီမံခန့်ခွဲခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ စုဆောင်းခြင်းတွေက ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ စီးပွားရေး

လူနဲ့ အရင်းအနှီး Read More »

ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အယူအဆ (၇)ခု

ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အယူအဆ (၇) ခု ကို မျှဝေချင်ပါတယ် အားတီ၊ အားမေတို့။ 1️⃣ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေပါနဲ့။ Default ပေးထားတဲ့အတိုင်း မနေဘဲ၊ ကိုယ်ဖြစ်ချင်တဲ့ပုံစံအတွက် ဒီဇိုင်းချပါ။ 2️⃣ အနာဂတ်ပြဿနာတွေကို ကြိုတင်ဖြေရှင်းပါ။ Solution ရှိပြီးမှ ပြဿနာနဲ့တွေ့ရင် ဖြေရှင်းရတာ ပိုလွယ်ပါတယ်။ 3️⃣ ကိုယ်ဂုဏ်ယူတဲ့အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။ အလုပ်ကနေ့တိုင်းလုပ်လို့ရပေမယ့် အလုပ်ဖြစ်တဲ့အလုပ်ကတော့ အမြဲတမ်းလုပ်လို့မရပါဘူး။ 4️⃣ Power Law။ တစ်ဦးတစ်ယောက်အပေါ် လိုအပ်ချက် ပိုများနေရင် ဒုက္ခရောက်တတ်ပါတယ်။ လူတစ်ယောက်တည်းအပေါ် မှီခိုအားထားမှု မများစေပါနဲ့။ 5️⃣ ဘူးကောင်တွေကို ရှောင်ပါ။ ကျေးဇူးတင်စိတ်မရှိ၊ အမြဲကွန်ပလိန်းတက်၊ သူများကိုအပြစ်တင်၊ ကိုယ့်ဘဝကိုယ်မပြင်ချင်တဲ့သူတွေနဲ့ ဝေးဝေးနေပါ။ 6️⃣ ကိုယ့်ကိုယ်ကို ဆုလာဘ်လို့သတ်မှတ်ပါ။ ကောင်းတဲ့လူတွေနဲ့ပဲတွေ့ချင်ရင် ကိုယ်ကိုယ်တိုင်က အရင်ကောင်းအောင်လုပ်ပါ။

ဘဝကို အပြောင်းအလဲဖြစ်စေတဲ့ အယူအဆ (၇)ခု Read More »

ဘဝက ပို အထာကျလာနိုင်တယ်။

အကုန်ပြီးပြည့်စုံမှ မပျော်နဲ့။သေးသေးလေးတွေကပျော်တတ်အောင်ကြိုးစားကြည့်။နေ့စဉ် လုပ်နေကျအလုပ်တွေပြီးရင်ဒီပါမင်းထွက် နိုးကြားစေတယ်။တကယ့်ခင်တဲ့ သူငယ်ချင်း၊အပေါင်းအသင်း၊ ချစ်သူရည်းစားလင်မယား စကားပြောဖြစ်တဲ့အခါပျော်လို့ရတယ်။ဘဝမှာ သေးသေးလေးတွေကပျော်တတ်ဖို့လိုတယ်။ဒုက္ခ free ဘဝကို မျှော်လင့်တဲ့အစားဒုက္ခဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဆိုဘဝက ပို အထာကျလာနိုင်တယ်။ Phyo Paing @ Derek

ဘဝက ပို အထာကျလာနိုင်တယ်။ Read More »

မေးခွန်းပြန်ထုတ်ဖို့

ရုံးကပေးတဲ့ အကောင်းဆုံးဝန်ထမ်းဆုကိုမက်ပြီးအလုပ်တွေကြိုးစားရင်းအလုပ်ထွက်ဖို့ မစဥ်းစားမိတော့ဘူး။ဒါက ကောင်းတာလဲမဟုတ်၊မကောင်းတာလဲမဟုတ်ဘူး။ ဘဝမှာလူတွေအသိအမှတ်ပြုတဲ့ ဘွဲ့တွေ၊ ဂုဏ်တွေနောက်လိုက်ရင်းကိုယ်ဘာကိုလိုချင်တယ်ဆိုတာသတိမထားမိတော့ဘူး။ဘဝရဲ့ ပုံပြင်တွေကြားထဲပိတ်မိပြီးသံသရာဆိုတာ မေ့ပြီးတစ်ဘဝစာ ခဏတာအတွက် မလုပ်သင့်တာတွေလုပ်မိတတ်တယ်။ ဘဝမှာ ကိုယ့်ရဲ့တပ်မက်စွဲလမ်းမှုတွေကိုမေးခွန်းပြန်ထုတ်ဖို့ အချိန်ပေးဖို့လဲ လိုသေးတယ်။ Phyo Paing @ Derek

မေးခွန်းပြန်ထုတ်ဖို့ Read More »

ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။

ဥာဏ်ရှိပြီး ပညာမရှိရင်လိုချင်တာ ရအောင်ယူနိုင်ပြီးရထားတာ လိုချင်အောင်လုပ်ဖို့ ခက်နိုင်တယ်။ ဥာဏ်ရည်မြင့်ပြီး စိတ်မထိန်းနိုင်သူတွေအများကြီးတွေ့ဖူးလိမ့်မယ်။ ပညာရှိပြီး ဥာဏ်မရှိရင်ဘဝမှာ နေတတ်မယ်။ ရောင့်ရဲတတ်မယ်။ ပျော်တတ်မယ်။ ကြီးကျယ်တဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်လွှားဖန်တီးနိုင်ဖို့ အခက်အခဲဖြစ်နိုင်တယ်။ ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။ Phyo Paing @ Derek

ဥာဏ်နဲ့ ပညာ နှစ်ခုစလုံးလိုတယ်။ Read More »

သင်၊ မြင်၊ ပြင်ဖို့

ကိုယ့်ဘဝ၊ အလုပ်စီးပွါးပြဿနာကိုယ်ဖြေရှင်းနိုင်သလောက်ပဲတိုးတက်မှာပဲ။ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်တာမတွေးတတ်၊ မကြံတတ်၊ မလုပ်တတ်သေးလို့။ဒါကြောင့် သင်၊ မြင်၊ ပြင်ဖို့လိုတာ။သင်ယူ၊ အမြင်ဖွင့်၊ ပြင်သင့်ရင်ပြင်။ Phyo Paing @ Derek

သင်၊ မြင်၊ ပြင်ဖို့ Read More »

ကိုယ်လိုချင်တဲ့ဘဝကို
တည်ဆောက်နေတာ
ပိုပြီး လက်တွေ့ကျနိုင်တယ်။

တကယ်လို့ အသက် ၈၂ နှစ်ထိနေရရင်ရက်ပေါင်း ၃၀၀၀၀ နေရမယ်။ တိတိကျကျပြောရရင် ၈၂ နှစ်နဲ့  ၅၁ ရက်။ ဘဝဆိုတာ ရက်ပေါင်း ၃၀၀၀၀ နေရတဲ့ဂိမ်းတစ်ခုသာဆိုရင်ပထမ ရက်ပေါင်း ၁ သောင်းက အသက် ၂၇ နှစ်လောက်ထိနေရမယ်။ ဒုတိယ ရက်ပေါင်း ၁ သောင်းက အသက် ၅၅ နှစ်ထိ နေရမယ်။ တတိယ ရက်ပေါင်း ၁ သောင်းကအသက် ၈၂ ထိ နေရမယ်။ကိုယ်က ကံကောင်းရင်ကျန်းမာရေးလိုက်စားရင်နည်းနည်းပိုနေရကောင်းနေရမယ်။ ပထမ ၂၇ နှစ်ထိက လောကအကြောင်း၊လူတွေအကြောင်းနားလည်အောင် ပညာသင်၊အသည်းကွဲ၊ လေ့လာတဲ့အချိန်။ ဒုတိယ အသက် ၅၅ နှစ်ထိအရွယ်ကဘဝမှာ သန်မာပြီးငွေကြေးလဲမဆိုး၊အပေါင်းအသင်းလဲမဆိုးအကောင်းဆုံးအရွယ်။ တတိယအရွယ် ၅၅ ကျော်ကတော့ ကိုယ်သားသမီးနဲ့ နောက်မျိုးဆက်တွေ လက်ဆင့်ကမ်းတဲ့အရွယ်ဖြစ်ကောင်းဖြစ်မယ်။ ပထမ

ကိုယ်လိုချင်တဲ့ဘဝကို
တည်ဆောက်နေတာ
ပိုပြီး လက်တွေ့ကျနိုင်တယ်။
Read More »

အမြဲယုံကြည်ထားတာတစ်ခုကတော့

2024 ကတော့ အတွေ့အကြုံအများဆုံး နှစ်တစ်နှစ်ပဲ။ ငယ်ငယ်ကတည်းက အိမ်မှာ အမြဲ မသေချာမှုတွေနဲ့ကြီးပျင်းလာတော့ဘဝမှာ ဖြစ်လာနိုင်ခြေရှိတဲ့အဆိုးဆုံးအရာတွေကို အမြဲစဥ်းစားထားတတ်တယ်။ ဖြစ်ချင်တော့ ဘဝမှာကအခွင့်အလမ်းတွေအပြင်အဆိိုးအန္တရာယ်တွေကလဲတစ်လှည့်စီလာတယ်။ အမြဲယုံကြည်ထားတာတစ်ခုကတော့“နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေလို့မရဘူး။” Phyo Paing @ Derek

အမြဲယုံကြည်ထားတာတစ်ခုကတော့ Read More »