လုပ်ငန်းတစ်ခုဆိုတာ
လုပ်ငန်းတစ်ခုဆိုတာ စလုပ်တာကလွယ်တယ်။ဆက်လုပ်ဖို့ပဲ ခက်တတ်တာ။ဒါကြောင့် စပြီးရင် ဆက်နိုင်ဖို့ကြိုတင်စဉ်းစားဖို့လိုတာ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
လုပ်ငန်းတစ်ခုဆိုတာ စလုပ်တာကလွယ်တယ်။ဆက်လုပ်ဖို့ပဲ ခက်တတ်တာ။ဒါကြောင့် စပြီးရင် ဆက်နိုင်ဖို့ကြိုတင်စဉ်းစားဖို့လိုတာ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
လူတွေရဲ့အပြုအမူကို အပြောင်းအလဲလုပ်တဲ့အခါအနုနည်းနဲ့ အကြမ်းနည်းရှိတယ်။ အကြမ်းနည်းကတော့ တရုတ်ပြည်မ နည်း။ အနုနည်းကတော့ အမေရိကန်နည်း။ လူတွေကို မေးကြည့်အန်ကယ်ဆန်နဲ့ တရုတ်ကြီး ဘယ်သူ့ပိုချစ်သလဲဆိုရင်တရုတ်ပြည်မက မဟုတ်တဲ့သူအများစုကအန်ကယ်ဆန်ကိုပဲ ပိုချစ်ကြလိမ့်မယ်။ ဘာကြောင့်လဲ အမေရိကန်က အနုနည်းသုံးတယ်။တရုတ်ကြီးက အကြမ်းနည်းသုံးတယ်။ စီးပွားရေးလုပ်တဲ့အခါ အကြမ်းနည်းသုံးပြီးစီးပွားရှာလို့ရတယ်။ အနုနည်းနဲ့ ရှာလို့ရတယ်။ အကြမ်းနည်းက လွယ်တယ်။ အနုနည်းက ခက်တယ်။ အကြမ်းနည်းက တိုက်ရိုက်ဆန်တယ်။အနုနည်းက ပျော့ပြောင်းတယ်။ပရိယာယ်များတယ်။ ကိုယ်က မားကတ်တင်းတို့၊ HR တို့မှာ ဘာနည်းအသုံးပြုနေလဲ။ အနုနည်း ပိုများလား။ အကြမ်းနည်း ပိုများလား။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay
ကံကောင်းလွန်းရင် အသက် ၁၀၀ နေရမယ်။ အသက် ၈၀ လောက်ဆို အိုမင်းယိုယွင်းပြီ။ ဒါသေချာ ကျန်းမာရေးဂရုစိုက်မှ။မဟုတ်ရင် ဒီထက်စောမယ်။ ကိုယ်က ၃၅၊ ၄၀ ဆို နောက် အနှစ် ၄၀ လောက်တော့ ကျန်းမာရေး သေချာဂရုစိုက်ရင်ဘဝကို ကောင်းကောင်းဖြတ်သန်းလို့ရအုံးမယ်။ လူအများစုအသက်ကြီးတဲ့အခါနောင်တအရဆုံး အရာတစ်ခုက ကိုယ့်ဘဝရဲ့ ဘဝလက်တွဲဖော်ကိုသေချာမရွေးချယ်ပဲ ဆုံးဖြတ်ချက်ချခဲ့တာတဲ့။ ဒုတိယအချက်က မိသားစု ပြဿနာတွေကို သေချာငြိနှိုင်းဆွေးနွေးမှု မပြုတာတဲ့။ တတိယအချက်က ကျန်းမာရေးကိုလျစ်လျူရှုတာ။စတုတ္ထအချက်က စိတ်ဖိဆီးမှုတွေများပြီး ဘဝကို မပျော်နိုင်တာ။ နံပတ်ငါးအချက်က အခွင့်အလမ်းတွေကို လက်လွတ်ပြီးသေချာ အသုံးချခွင့်မရတာ။ အဲ့ဒါကို သိတဲ့အချိန်ကိုယ်က ငါးခု စလုံးလုပ်နေတာတွေ့တော့တစ်ခုချင်းပြန်ပြင်ဖို့ ကြိုးစားရတယ်။ ကိုယ်သွားနေတဲ့ ဘဝလမ်းကြောင်းမှားနေရင်ပြင်လို့ရတယ်လို့ အမြဲယုံကြည်ထားတယ်။ ဒါကတော့ ပြည်တွင်းအတွေးအခေါ်တွေနဲ့တော်တော်လေး ကွာကောင်းကွာမယ်။ ဘဝဆိုတာ နှစ် ၁၀၀
ရွှေဥ တော့ဥစေတယ်တယ်။ငန်းမမွေးချင်ဘူး။ အစာပုံမှန်မကျွေးချင်ဘူး။ ငန်းကို ကြီးအောင်မစောင့်ချင်ဘူး။ ခုမွေး၊ ခုကြီး၊ ခု ရွှေဥ ဥစေချင်တယ်။ အဲ့လို မရဘူး။ စီးပွားရေးလုပ်ငန်းဆိုတာပိုက်ဆံရိုက်စက် “Money Making Machine”ဖန်တီးတာ ပဲ။ တချို့တွေက ဒီစက်ကို ဖန်တီးတတ်တယ်။ တချို့က မဖန်တီးတတ်ဘူး။ ဘာကွာသွားလဲဆို စိတ်ရှည်မှု၊ အမြင်၊ နည်းနာ၊ ပြုလွယ်ပြင်လွယ်စိတ်၊ လေ့လာလိုစိတ် ကွာသွားတယ်။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းပေါ်မူတည်ပြီးတော့ငွေကြေးအနည်းအများ ဝင်တာကွာနိုင်ပေမယ့်ဘယ်လုပ်ငန်းလုပ်နေနေ အတွေး၊ အကြံ၊ အလုပ်တွေးပုံ၊ ကြံစဥ်ပုံ၊ အလုပ်လုပ်ပုံမှာစိတ်ရှည်မှုဆိုတာ ထည့်သွင်းစဥ်းစားဖို့လိုမယ်ထင်တယ်။ Phyo Paing @ Derek
ကျောင်းပျော်ကြီးပဲဖြစ်နေလို့မရဘူး။လက်တွေ့ဘဝ အဖြေရှာဖို့သင်တန်းတက်တာ ပိုအရေးကြီးတယ်။ ဒါကတော့ ကျွန်တော့်ခံယူချက်ပြောတာပါ။ သင်တန်းတစ်ခုတက်ရင်အမြဲ ROI (Return On Investment) ရင်းထားတာနဲ့ ပြန်ရတာကို ကြည့်တယ်။ သင်တန်းတစ်ခုက ၁။ အတွေး (တွေးပုံခေါ်ပုံ)၂။ အကြံ (ကြံစဥ် ပလန်ချပုံ)၃။ အလုပ် (လုပ်ဆောင်မှုကို ပိုလွယ်ကူစေခြင်း) ဒီ သုံးခုနဲ့တိုင်းတာကြည့်တယ်။ သင်တန်းတစ်ခု တက်ပြီးတိုင်းနံပတ်တစ်က “အရင်းပြန်ကျေ” ရမယ်။ အရင်းဆိုတဲ့အရာမှာ ငွေကြေးတင်မဟုတ်ဘူး၊အချိန်ပေးလိုက်ရတဲ့အတွက်အချိန်အတွက်ပါ ပြန်ထည့်တွက်တယ်။ Phyo Paing @ Derek
စွမ်းဆောင်ရည်မြင့်ချင်ရင်စက်ရုပ်လိုနေ။ ဘဝအနှစ်သာရ ခံစားချင်ရင်အနုပညာရှင် artist လိုနေ။ ဒီနှစ်ခုကိုပေါင်းစပ်ပြီးတစ်ရက်တာ လုပ်မည့်အလုပ်တွေကိုစက်ရုပ်လို စနစ်ချပြီး၊အထဲမှာ လုပ်ဆောင်တဲ့ ဖန်တီးမှုတွေကိုအနုပညာလိုလုပ်။ ကိုရီးယားကိုပဲ ကြည့်လေ။ K-pop ယဥ်ကျေးမှုက ဒီလိုလုပ်ထားတာ။ တစ်ကမ္ဘာလုံးကို လွမ်းမိုးလာတာလဲမပြောနဲ့။ ကိုယ်တိုင်က K-pop ခရေဇီ မဟုတ်ပေမယ့်ကိုယ်တွေလဲ ဆောင်ဦးရွက်ကြွေချစ်သက်သေကစလို့2NE1 နဲ့ Blackpink တွေထိပဲမဟုတ်လား။ အောင်မြင်တဲ့အနုပညာရှင်တွေကြည့်။ Feel လာမှ လုပ်တဲ့သူတွေမဟုတ်ဘူး။ Feel မလာလဲ ဖန်တီးဖို့ Feel လာအောင်လုပ်ပြီးအနုပညာတွေ ချပြတဲ့သူတွေ။ ဒါကတော့ အမြင်လေးတစ်ခုပါ။မှန်တယ်၊ မမှန်တယ် စဥ်းစားကြည့်ကြည့်ပေါ့။အမြင်ဆိုတော့ opinionတကယ့်အမှန်တရား fact မဟုတ်ဘူး။ ဒီစနစ်နဲ့တော့ ဘဝကို စမ်းသပ်နေတာ သုံးနှစ်ရှိတော့မယ်။ Phyo Paing @ Derek
လူတွေက လောကကြီးကိုကိုယ့်ပုံပြင်ထဲ ဝင်စေချင်ကြတယ်။ ကိုယ့်မိဘရဲ့ ပုံပြင်နဲ့ကိုယ့်ပုံပြင် မတူတဲ့အခါ။ ကိုယ်ချစ်တဲ့သူနဲ့ကိုယ့်ရဲ့ ပုံပြင်မတူတဲ့အခါ။ ဝန်ထမ်းတွေနဲ့အုပ်ချုပ်သူရဲ့ ပုံပြင်မတူတဲ့အခါ။ Alignment လွဲတတ်ကြတယ်။ ကမ္ဘာကြီးကို အဓိပ္ပာယ်ဖွင့်ဖို့ပုံပြင်နဲ့ မြင်ကြတဲ့အခါပြောနေတဲ့ ပုံပြင်တွေ တူဖို့တော်တော်အရေးကြီးတယ်။ ဒါမှ ဘဝရဲ့ အခန်းဆက်တွေမှာတူတူရှေ့ဆက်လို့ရမှာ။ Phyo Paing @ Derek
တိုးတက်ရေးနည်းစနစ်ရှာဖွေမျှဝေတယ်။ စီးပွားရေးပညာသင်တယ်။ နည်းပညာလုပ်ငန်းလုပ်တယ်။လုပ်ငန်းရှင်တွေကို အကြံပေးတယ်။လူမှုကွန်ယက်မှာ ရေးချင်တာရေးတယ်။ Phyo Paing @ Derek
တခါတလေ အဲ့ဒီတစ်ခုခုထဲ အာရုံအရမ်းရောက်သွားတော့သေဖို့ စောင့်နေတယ်ဆိုတာ မေ့သွားတတ်တယ်။ တစ်ဘဝကို ထာဝရထင်ပြီးငါလုပ်ရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့God-like mood တွေ ခံစားရဖူးမယ်။ဘဝကသွားပြီကွာလို့ ယူကြုံမရ ခံစားချက်တွေ ခံစားဖူးလိမ့်မယ်။လမ်းတွေလဲ အကြိမ်ကြိမ်ပျောက်လိမ့်မယ်။ပြန်တွေ့လိုက်၊ ဖြစ်ခဲ့တာ ပြန်မေ့လိုက်နဲ့ဘဝထဲမှာ လမ်းပျောက်လိုက်၊လမ်းဖောက်လိုက်နဲ့၊ တစ်ခုခုလုပ်ရင်း သေဖို့ စောင့်နေတယ်ဆိုတာ မေ့သွားတယ်။ Phyo Paing @ Derek
လူတိုင်းက သေဖို့ကို
တစ်ခုခုလုပ်ရင်း စောင့်နေကြတာပဲ။ Read More »
သေချာရှာရင် လူတိုင်းမှာ မွေးရာပါ ပါရမီသုံးခုလောက်ပါတတ်တယ်။ အဲ့ဒီစူပါ ပါဝါကိုသုံးနိုင်ရင်ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာလူရိုသေရှင်ရိုသေ နေရာတစ်ခုရမယ်။ ကိုယ်ဘေးနားက ကျွမ်းကျင်သူတွေမှာလဲဒီလို စူပါပါဝါတွေရှိတယ်။ဒါတွေကို ပေါင်းစပ်နိုင်ရင်ကြီးကျယ်ခမ်းနာတဲ့ အရာတွေဖန်တီးနိုင်တယ်။ ဒီ စူပါပါဝါတွေ ပေါင်းစပ်ဖို့မတူညီတဲ့ အမြင်တွေနဲ့ ကြည့်ပေးနိုင်ဖို့လိုတယ်။စာနာနားလည်ပေးတတ်ဖို့လိုတယ်။ တဖက်လူရဲ့ အားသာချက်ကို မြင်တတ်ဖို့လိုတယ်။ကိုယ့်ဖက်က အရင် ပေးတတ်ဖို့လိုတယ်။ တဖက်လူ အားနည်းချက်ကိုဖော့ပြီး တွေးပေးတတ်ဖို့လိုတယ်။ ဘဝခရီးလမ်းမှာ ပြင်ဖို့အခက်ဆုံးလူကကိုယ်တိုင် ဖြစ်နေတတ်တယ်။ If you can change your mind, you can change your life တဲ့။စိတ်ပညာရှင် William James ကဆိုခဲ့တယ်။ Phyo Paing @ Derek
ဘဝခရီးလမ်းမှာ ပြင်ဖို့အခက်ဆုံးလူက ကိုယ်တိုင် ဖြစ်နေတတ်တယ်။ Read More »