စိတ်ဓာတ်မကျဖို့ တွေးတတ်ဖို့အရေးကြီးတယ်။
လုပ်ငန်းရှင်တစ်ယောက်အတွက်စိတ်ဓာတ်မကျဖို့ အင်မတန်အရေးကြီးတယ်။စိတ်ဓာတ်မကျဖို့ တွေးတတ်ဖို့အရေးကြီးတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
လုပ်ငန်းရှင်တစ်ယောက်အတွက်စိတ်ဓာတ်မကျဖို့ အင်မတန်အရေးကြီးတယ်။စိတ်ဓာတ်မကျဖို့ တွေးတတ်ဖို့အရေးကြီးတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ရွှေရောင်းပြီး ဖုန်းငွေဖြည့်ကပ်မဲဖောက်ပေးတဲ့အခါငွေဖြည့်ကပ်မဲပေါက်တာလိုချင်တဲ့လူအများစုပဲ ဖြစ်လာမယ်။အဲ့တော့ ဒီဖောက်သည်တွေကကိုယ်လိုချင်တဲ့ ဖောက်သည်လားပြန်မေးကြည့်လို့ရတယ်။ လူ့အလိုနတ်မလိုက်နိုင်တဲ့အတွက်ဘယ်လိုဖောက်သည်တွေကိုပဲအဓိက ဝန်ဆောင်မှုပေးမယ်ဆိုတာ သတ်မှတ်ကြတယ်။ ဒါကိုတော့ မားကတ်တင်းမှာ ပထမဦးစားပေး ဖောက်သည်အမျိုးအစား၊ ဒုတိယဦးစားပေး ဖောက်သည်အမျိုးအစားPrimary target market, Secondary target market လို့ခေါ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
6 D framework Design, Decide, Delegate, Do, Deal, Dance ၁။ Design ဒီဇိုင်း မိရိုးဖလာ စီးပွါး family type မဖြစ်ဖို့ လုပ်ငန်းကိုသေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။လုပ်ငန်းလည်ပတ်ပုံ။စီးပွါးရေးမော်ဒယ်။ဝန်ထမ်းတွေနေရာချပုံ။စျေးကွက်မှာ အနိုင်ယူမည့်ပုံ။ ၂။ Decide ဘယ်အပိုင်းတွေအရေးအကြီးဆုံးလဲ။ဘယ်အပိုင်းကိုလုပ်ပြီး၊ဘယ်အပိုင်းတွေကို မလုပ်ဖူးလဲ။ဘယ်လိုလူတွေခန့်ပြီး၊ဘယ်လိုလူတွေမခန့်ဘူးလဲ။သေချာဆုံးဖြတ်ရပြီ။ ၃။ Delegate တာဝန်လွဲပြောင်းမှုတွေ၊တာဝန်ခွဲဝေမှုတွေလုပ်ရပြီ။ ၄။ Do ကိုယ်အကောင်အထည်ဖော်မည့်အပိုင်းကိုအဓိက အားရုံစိုက်တဲ့အချိန်။ ၅။ Deal ဘယ်သူတွေနဲ့ ဘယ်လိုပူးပေါင်းမလဲ၊လုပ်ငန်းဘယ်လိုချဲ့မလဲ ညိနှိုင်းမှုတွေလုပ်တဲ့အဆင့်။ ၆။ Dance လုပ်ငန်းကို ကိုယ့်စိတ်ကူးထဲကပုံစံလွဲလို့ရ လည်ပတ်တဲ့အခါလုပ်ချင်တာလုပ် ဒန့်လို့ရပြီ။ 😁 Phyo Paing @ Derek#drphyopaing
10%, 20% အထက်တိုးတက်ဖို့ လုပ်ငန်းလည်ပတ်မှုကိုစနစ်ကျပြီး ကောင်းအောင်လုပ်ကြတယ်။ 10x, 20x အထက်တိုးတက်ဖို့လုပ်ငန်းအတွက် မဟာဗျူဟာအကွက်ကောင်းကောင်းချပြီး လုပ်ဆောင်ကြတယ်။ ဝန်ထမ်းလုပ်တဲ့အခါလဲ အလုပ်အကိုင် မဟာဗျူဟာလိုတယ်။ လုပ်ငန်းလုပ်တဲ့အခါလဲစီးပွားရေး မဟာဗျူဟာလိုတယ်။ အဆ ၁၀၀၀ ကျော်လောက်ကြီးထွားသွားတဲ့ ပြည်တွင်း၊ ပြည်ပလုပ်ငန်းတွေ အကုန်ကြီးလိုက်ရင်ဒီပုံစံကို တွေ့လိမ့်မယ်။ Nvidia chips တွေက ဂိမ်းလောက၊ခရစ်တို မိုင်းနင်းလုပ်တဲ့အချိန်၊နောက် အေအိုင် AI ပေါ်လာတဲ့အချိန်နဲ့မဟာဗျူဟာကျ ကြိုတင်ပြင်ဆင်မှုနဲ့အခွင့်အလမ်းနဲ့တွေ့တဲ့အခါ $1 trillion ကျော်တန်တဲ့ လုပ်ငန်းကြီးဖြစ်သွားတယ်။ ဒီဂျစ်တယ်မားကတ်တင်းတွေ ကြီးထွားလာတဲ့အခါCanva ကလဲ $40 billion တန်ကုမ္ပဏီကြီးဖြစ်သွားတယ်။ နိုင်ငံရေတံခါးဖွင့်တဲ့အခါ ၁၉၉၆ မှာ စခဲ့တဲ့ Good Morning ပါမုန့်ထုတ်တဲ့ကုမ္ပဏီL & M Mayson က ရှယ်ယာ ၈၀% ကို
Attention + Business + Compounding = Modern Business ဒီနေ့ခေတ် အောင်မြင်တဲ့လုပ်ငန်းရှင်တွေကဒီ ABC ဥပဒေသကို နားလည်တယ်။ ဥပမာ Chatgpt ရဲ့ ပင်မကုမ္ပဏီOpenAI ရဲ့ CEO Sam Altman ကိုပဲကြည့်ကြည့်၊Garyvee တို့၊ ဒီနေ့ခေတ်မှာတက်လာတဲ့Alex Hormozi တို့ပဲကြည့်ကြည့်၊ နောက်ဆုံး Elon Musk တို့ပဲကြည့်ကြည့်။ သူတို့ဘာကို နားလည်လဲ? ၁။ လူတွေရဲ့ အာရုံစိုက်မှုကိုဖန်တီးတယ်။Attention ၂။ အဲ့နောက်မှာ လုပ်ငန်းတည်ဆောက်တယ်။Business ၃။ အောင်မြင်တဲ့လုပ်ငန်းကို ပုံပြင်အဖြစ်ပြန်ဖန်တီးပြီး နောက်လုပ်ငန်း၊ နောက်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေအတွက်ပေါက်ကွဲမှုအားပြန်ယူတယ်။Compounding အဘိုး၊ အဖေ ခေတ် မဟုတ်တော့ဘူး။အားတီ၊ အားမေတို့။ ဆိုင်ဖွင့်ပြီး ဥစ္စာစောင့်လုပ်ရတဲ့ခေတ်မဟုတ်တော့ဘူး။လူမှုကွန်ယက်ခေတ်။အေအိုင်ခေတ်ဖြစ်လာပြီ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay
Attention + Business + Compounding = Modern Business Read More »
ရနေကျ ရလဒ်ကို ထပ်ခါထပ်ခါ ထပ်ရဖို့။ အချိန်ကုန်သက်သာဖို့။ ထပ်ခါထပ်ခါလုပ်ရတဲ့အလုပ်တွေကိုမြန်မြန်နဲ့ မှန်မှန်ပြီးဖို့ “စနစ်” ချရပါတယ်။ လုပ်နေကျတွေကို အစကနေပြန်စဥ်းစားပြီး လုပ်ဆောင်စရာမလိုအောင်စနစ်ချရပါတယ်။ စာဖတ်တဲ့စနစ်၊ စာမှတ်တဲ့စနစ်၊အိုင်ဒီယာ ကွန့်မြူးတဲ့စနစ်၊ပေါင်းသင်းဆက်ဆံတဲ့စနစ်၊ လူရှေ့ဟာ ဟောပြောတဲ့စနစ်၊စာရေးတဲ့စနစ်၊ဦးဆောင်တဲ့စနစ်၊ အမှတ်တံဆိပ်တည်ဆောက်တဲ့စနစ််၊မားကတ်တင်းစနစ်၊ အရောင်းစနစ်၊လုပ်ငန်းလည်ပတ်စနစ်၊ လူတွေစီမံခန့်ခွဲတဲ့စနစ်၊ငွေကြေးစီမံခန့်ခွဲမှုစနစ်၊ ဘဝဖြတ်သန်းမှုစနစ်။ ဘဝကို ဖရိုဖရဲမဖြစ်ဖို့စနစ်နဲ့ ဖြတ်သန်းကြတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay
ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးရမယ်။ဘာကြောင့်လဲဆိုတော့ကိုယ်ကြီးသလောက်ပဲ ကိုယ့်လုပ်ငန်းက ကြီးတာ။ အောင်မြင်တိုးတက်တဲ့လုပ်ငန်းတိုင်းနောက်မှာအောင်မြင်တိုးတက်တဲ့ လုပ်ငန်း”ရှင်”တွေရှိတယ်။ တိုင်ပတ်တဲ့လုပ်ငန်းတိုင်းရဲ့နောက်မှာတိုင်ပတ်လုပ်ငန်းရှင်တွေရှိတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay
လုပ်ငန်းတစ်ခုမှာ ၁။ ပါလေရာ ငပိအဆင့်၂။ တစ်ဝက်လွဲအဆင့်၃။ လည်ပတ်မှုပိုင်း ကိုယ်မပါပဲလည်ပတ်တဲ့အဆင့်၄။ ဦးဆောင်နေတဲ့သူကို အကြံပေးလုပ်ငန်းရှင်အဆင့် ၅။ လုပ်ငန်းကို ရှယ်ယာရောင်း exit လုပ်တဲ့အဆင့်။ သို့ နောက်မျိုးဆက်ကို လက်လွဲတဲ့အဆင့်။နိုင်ငံခြားမှာဆို စတော့စျေးကွက်မှာInitial Public Offering (IPO) လုပ်တဲ့အဆင့်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay
အကြံပေး လုပ်ငန်းရှင်တစ်ယောက်မှာရှိတဲ့ အရည်အသွေး (၇) ချက် ၁။ အမြင်ကျယ်တယ်။၂။ အမျှော်အမြင်ရှိတယ်။၃။ စိတ်ရှည်တယ်။၄။ အကောင်အထည်ဖော်မှုသေသပ်တယ်။၅။ လူအကဲခတ်တတ်တယ်။၆။ သိမ်းသွင်းမှုအားကောင်းတယ်။၇။ အနာဂတ်ခေါင်းဆောင်တွေကို ပြုစုပျိုးထောင်တတ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay
အကြံပေး လုပ်ငန်းရှင်တစ်ယောက်မှာ ရှိတဲ့ အရည်အသွေး (၇) ချက် Read More »
စီးပွါးရေးလုပ်တဲ့အခါ ၁။ ပြည်တွင်းလုပ်ငန်းက ဝန်ထမ်းလုပ်ဖူးမယ်။ ၂။ နိုင်ငံတကာလုပ်ငန်း MNC မှာ ဝန်ထမ်းလုပ်ဖူးမယ်။ ၃။ အလွတ်တန်းပညာရှင်အဖြစ် လုပ်ငန်းတွေကိုဝန်ဆောင်မှုပေးဖူးမယ်။ ၄။ လမ်းပေါ်ကစီပွါးရေးမှာ ကျင်လည်ဖူးမယ်။ ၅။ ကိုယ်တိုင်လုပ်ငန်းလုပ်ဖူးမယ်။ ၆။ စီးပွါးရေးပညာတတ်မယ်။ ၇။ လုပ်ငန်းတွေရဲ့လည်ပတ်ပုံတွေ့ကို လေ့လာနိုင်မယ်။ ဒီခုနှစ်ချက်က လုပ်ငန်းရှင်ကိုတခြားပြိုင်ဖက်တွေနဲ့ယှဉ်တဲ့အခါသူတို့မမြင်တဲ့ရာတွေကို မြင်နိုင်စေမှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay