မနောကံ၊ ဝဇီကံ၊ ကာယကံ
ဂရုစိုက်ဖို့ အရေးကြီးတယ်။

ကိုယ့်ဘဝ ကိုယ်ကြုံတွေ့နေရတဲ့ပြဿနာတိုင်းဟာကိုယ်ဖန်တီးထားတာ။ဒါကတော့ ဗုဒ္ဓဆိုဆုံးမခဲ့တဲ့တရားတော်ပဲ။ ကံသဘောတရားကို သီးသန့်ပြောရရင်“ခုဒ္ဒကနိကာယ်” ထဲက “ဓမ္မပဒ” မှာလည်းရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ ဥပမာ ဓမ္မပဒ ပထမဂါထာမှာ “မနောပုဗ္ဗင်္ဂမာ ဓမ္မာ မနောသေဋ္ဌာ မနောမယာ။မနသာ စေ ပဒုဋ္ဌေန ဘာသတိ ဝါ ကရောတိ ဝါ။တတော နံ ဒုက္ခမန္ဝေတိ စက္ကံဝ ဝဟတော ပဒံ။” ဆိုလိုတာက“စိတ်သည် တရားအလုံးစုံတို့၏ရှေ့သွားဖြစ်၏။စိတ်သည် အမြတ်ဆုံးဖြစ်၏။တရားအလုံးစုံတို့သည် စိတ်ဖြင့်ဖန်ဆင်းအပ်ကုန်၏။ညစ်ညူးသော စိတ်ဖြင့်ပြောဆိုပြုမူလျှင်ဝန်များကို သယ်ဆောင်သောနွားကို ဘီးသည် လိုက်သကဲ့သို့ဆင်းရဲသည်ထိုသူနောက်သို့ လိုက်လတ္တံ့။” အတွေးနောက် စကားပါ။စကားနောက် လုပ်ရပ်ပါ။လုပ်ရပ်နောက် ရလဒ်ပါ။ မနောကံ၊ ဝဇီကံ၊ ကာယကံဂရုစိုက်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek drphyopaing

မနောကံ၊ ဝဇီကံ၊ ကာယကံ
ဂရုစိုက်ဖို့ အရေးကြီးတယ်။
Read More »