ကိုယ်မဖြစ်ချင်တဲ့ list
နာမကျန်းဖြစ်တဲ့အခါ အရည်အချင်းမရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုညံ့ဖျင်းတဲ့နေရာမှာ ခံစားပြီး မသေချင်ဘူး။ အသက် ၇၀ လောက်မှာ အိုနာပြီး နာတာရှည်ရောဂါမဖြစ်ချင်ဘူး။ အသက်ကြီးတဲ့အခါ တစ်ယောက်တည်းအထီးမကျန်ချင်ဘူး။ အသက်ကြီးတဲ့အခါ လောကအတွက်အသုံးမဝင်တဲ့သူ မဖြစ်ချင်ဘူး။ အသက်ကြီးမှ ငွေကြေးဒုက္ခရောက်နေတာမျိုးမဖြစ်ချင်ဘူး။ ဘဝကို ပိုက်ဆံအတွက် ရုန်းကန်နေရတာမဖြစ်ချင်ဘူး။ ကိုယ်မကြိုက်တဲ့အလုပ်ကို ပိုက်ဆံအတွက်လုပ်နေရတာ မကြိုက်ဘူး။ လူအများသတ်မှတ်ထားတဲ့ အောင်မြင်မှုဆိုတာကို သက်သေပြဖို့ ကိုယ့်အချိန်တွေ ဖြုန်းပြီး အသက်မရှင်ချင်ဘူး။ တစ်နိုင်ငံထဲပေါ် မူတည်ပြီး တိုင်ပတ်တဲ့အခါ ပြေးပေါက်မဲ့တဲ့ဘဝ မဖြစ်ချင်ဘူး။ လူတွေရဲ့ အထင်အမြင်မှာအသက်မရှင်ချင်ဘူး။ ဘဝမှာ ဘာမလုပ်ရဘူး၊ ဘာပဲလုပ်ရမယ်ဆိုတဲ့ကန့်သတ်ချက်တွေနဲ့ မနေချင်ဘူး။ ဒီ မဖြစ်ချင်တဲ့ အရာတွေကို ကာကွယ်ဖို့ ၁။ အစားအသောက်၂။ ကျန်းမာရေး၃။ အချစ်ရေး၄။ အပေါင်းအသင်း၅။ အလုပ်အကိုင်၆။ စီးပွားရေး ၇။ အနာဂတ် plan […]
