People

လူတွေက မျက်နှာဖုံးတွေအုပ်ထားတယ်။

မှန်ကန်တဲ့ဆုံးဖြတ်ချက်ချချင်ရင်မြေပြင်နဲ့အနီးစပ်ဆုံးမြင်ဖို့လိုတယ်။ လူတွေက မျက်နှာဖုံးတွေအုပ်ထားတယ်။အရာရာပြထားတာ အမှန်မဟုတ်ဘူး။တစ်လွှာချင်းကြည့်ပြီး သိဖို့လိုတယ်။ Phyo Paing @ Derek

လူတွေက မျက်နှာဖုံးတွေအုပ်ထားတယ်။ Read More »

အထောက်အပံ့မရှိရင်
ကိုယ်ရောင်တောက်ပဖို့မလွယ်ဘူး။

ကိုယ်ကအရမ်းတော်လို့အောင်မြင်ကြတာထက်ပတ်ဝန်းကျင်နဲ့ လူတွေနဲ့သဟဇာတဖြစ်လို့အောင်မြင်ကြတာမျိုး။အထောက်အပံ့မရှိရင်ကိုယ်ရောင်တောက်ပဖို့မလွယ်ဘူး။ ကိုယ့်ရဲ့အားထုတ်မှုအပြင်ဖြည့်ခဲ့တဲ့ပါရမီ၊ ပတ်ဝန်းကျင်၊လူတွေနဲ့သဟဇာတဖြစ်မှု အရေးပါတယ်။ဘူမိနက်သံဖြစ်ဖို့လဲလိုတယ်။အရာရာ အမှီသဟဲပဲ။ Phyo Paing @ Derek

အထောက်အပံ့မရှိရင်
ကိုယ်ရောင်တောက်ပဖို့မလွယ်ဘူး။
Read More »

“မပြိုင်ဘဲ နိုင်အောင်လုပ်ပါ”
ဒီအတွေးအခေါ်လိုပဲ။

တခြားတစ်ယောက်နဲ့ တိုက်ရိုက်ပြိုင်ရအောင် ကိုယ့်ရည်မှန်းချက်က အဲ့လောက် မနိမ့်ဘူး။ ဒါကတော့ ကျွန်တော်စဥ်းစားတဲ့ပုံစံတစ်ခုပေါ့။ ဘာကြောင့်လဲဆိုတော့ကျောင်းတုန်းက အဆင့် ၁ ပြိုင်ပြီးအဆင့် ၁ ရခဲ့တဲ့သူတွေအခုဘယ်ရောက်သွားပြီလဲ။ အလုပ်ခွင်တုန်းက ရာထူးတိုးဖို့ စကားတွေဟိုပို့ဒီပို့ရုံးတွင်းပါဝါပြိုင်တဲ့သူတွေဘယ်ရောက်သွားပြီလဲ။ ဆိုင်ဖွင့်တုန်းက အမြဲကိုယ့်ဆိုင်လာစျေးမေးပြီးပြိုင်တဲ့သူတွေ ဘယ်ရောက်သွားပြီလဲ။ ကိုယ်ဖွင့်နာမည်ပေးခဲ့တဲ့ဒီပလိုမာပုံစံမျိုးကိုပဲနာမည်တူလိုက်ပေးပြီးတူယောင်လိုက်ကူးတဲ့သူတွေဘယ်ရောက်သွားပြီလဲ။ ကိုယ့်သင်တန်းအပေါ်မှာကိုယ်ဖွင့်တဲ့သင်တန်းနဲ့တစ်ပုံစံထဲကသင်တန်းကြေး တစ်ဝက်နဲ့သင်တဲ့ကျောင်းတွေဘယ်ရောက်သွားပြီလဲ။ ကိုယ်တင်တဲ့ ပိုစ့်တိုင်းကိုပေ့နောက်တစ်ခုထောင်အကုန်လိုက်ကူးတဲ့ ပေ့တွေဘယ်ရောက်သွားပြီလဲ။ အဲ့လိုမျိုးပဲ စဥ်းစားလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ “မပြိုင်ဘဲ နိုင်အောင်လုပ်ပါ” ဒီအတွေးအခေါ်လိုပဲ။ လူတိုင်းသွားနေတဲ့လမ်းကြောင်းတွေမတူကြဘူး။ ကိုယ်ဖြစ်ချင်တာနဲ့ တခြားသူဖြစ်ချင်တာမတူဘူး။ ကိုယ်သွားတဲ့လမ်းမှာ ကိုယ့်မဟာဗျူဟာရေရှည်ရည်မှန်းချက်ပန်းတိုင်နဲ့ကိုယ်ပဲ။ တခြားသူတစ်ယောက်နဲ့တိုက်ရိုက်ပြိုင်ရအောင်ကိုယ့်ရည်မှန်းချက်က အဲ့လောက်မနိမ့်ဘူး။ ဒါကြောင့် မပြိုင်ဘဲနိုင်အောင်လုပ်ပါဒီအတွေးအခေါ်ကို လက်ကိုင်ထားမိတယ်။ Phyo Paing @ Derek

“မပြိုင်ဘဲ နိုင်အောင်လုပ်ပါ”
ဒီအတွေးအခေါ်လိုပဲ။
Read More »

ပညာရှိ ၊ လူတော် ၊ လူကောင်း ၊ လူယုတ်မာ

ကိုယ်ဘာတကယ်လိုချင်လဲရှင်းရှင်းသိတာ ပညာရှိ။ကိုယ်လိုချင်တာရအောင်ဖန်တီးနိုင်တာလူတော်။ကိုယ့်ကြောင့်သူတပါးကို မနစ်နာစေပဲအကျိုးပြုတာ လူကောင်း။ကိုယ်ချင်တာကို သူတပါးကိုဒုက္ခပေးပြီးရအောင်ယူတာ လူယုတ်မာ။ Phyo Paing @ Derek

ပညာရှိ ၊ လူတော် ၊ လူကောင်း ၊ လူယုတ်မာ Read More »

ကိုယ်အလိုရှိတဲ့သူတွေ
ကိုယ့်အနားမှာရှိနေဖို့

ကိုယ်အလိုရှိတဲ့သူတွေ ကိုယ့်အနားမှာရှိနေဖို့သူတို့လိုချင်တာတွေကိုယ့်မှာရှိနေဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ်အလိုရှိတဲ့သူတွေ
ကိုယ့်အနားမှာရှိနေဖို့
Read More »

ကျွန်တော်တို့ထင်ထားတဲ့သူတွေက
ကျွန်တော်တို့ထင်ထားတဲ့သူတွေ
ဟုတ်ချင်မှ ဟုတ်မယ်။

ကျွန်တော်တို့ထင်ထားတဲ့သူတွေကကျွန်တော်တို့ထင်ထားတဲ့သူတွေဟုတ်ချင်မှ ဟုတ်မယ်။ အချိန်နဲ့အမျှပြောင်းလဲနေတတ်တယ်။မတူတဲ့နေရာ၊ ပတ်ဝန်းကျင်၊မတူတဲ့သူတွေနဲ့တွေ့ပြီး၊မတူညီတဲ့အိုင်ဒီယာနဲ့မတူညီတဲ့ပုံစံတွေတွေးပြီး၊မတူညီတဲ့ယုံကြည်မှုနဲ့ ဆန္ဒဖြစ်ပေါ်ပြီးမတူညီတဲ့လုပ်ရပ်တွေလုပ်တတ်ပြီးမတူညီတဲ့သူတစ်ယောက်အဖြစ်မြင်ရနိုင်တယ်။ ကျွန်တော်တို့ရဲ့အနီးဆုံးလူတွေကထင်ထားတဲ့ လူတစ်ယောက်တည်းကိုယ်ရည်ကိုယ်သွေးတစ်ခုတည်းမဟုတ်ဘူး။ Phyo Paing @ Derek

ကျွန်တော်တို့ထင်ထားတဲ့သူတွေက
ကျွန်တော်တို့ထင်ထားတဲ့သူတွေ
ဟုတ်ချင်မှ ဟုတ်မယ်။
Read More »

လူတွေကြားထဲနေပျော်ချင်ရင်
တ်န်ဖိုးရှိတဲ့သူလုပ်။

တန်ဖိုးရှိတဲ့သူဆိုတာ အသုံးချလို့ရတဲ့သူ။ မြန်မာစကားမှာ အသုံးချတယ်ဆိုတာ မကောင်းတဲ့ဖက်သွားတယ်။ အမှန်တော့ အသုံးချလို့ရဖို့အသုံးကျမှရမှာ။ အသုံးကျဖို့က ကိုယ့်မှာ ပြဿနာတစ်ခုဖြေရှင်းနိုင်တဲ့အစွမ်းအစတစ်ခုတော့ အနည်းဆုံးရှိရမယ်။ ဥပမာဗျာပိုက်ဆံများများရှိရင် ငွေကြေးပြဿနာဖြေရှင်းပေးလို့ရတဲ့အတွက် အသုံးကျတယ်။ စျေးကွက်ကျွမ်းကျင်မှုရှိရင် စျေးကွက်ပြဿနာဖြေရှင်းပေးလို့ရတဲ့အတွက်အသုံးကျတယ်။ Phyo Paing @ Derek

လူတွေကြားထဲနေပျော်ချင်ရင်
တ်န်ဖိုးရှိတဲ့သူလုပ်။
Read More »

တခါတလေ လူတွေကိုယ့်ကို
သဘောမကျဘူးဆိုတာ
ကိုယ့်အမှားမဟုတ်ပါဘူး။
သူတို့အတွက် အကျိုးမရှိလို့ပါ။

ကိုယ်စတင်တိုးတက်ပြောင်းလဲလာတဲ့အခါရွဲ့တဲ့တဲ့၊ ခနဲ့တဲ့တဲ့ ကိုယ့်ကိုဆက်ဆံတဲ့သူတွေတွေ့ဖူးလား။ အမှန်တော့ သူတို့လဲမမှားဘူး။ကိုယ်လဲ မမှားဘူး။ ကိုယ်တိုးတက်ပြောင်းလဲတဲ့အခါတချို့အသိတွေအတွက် စိတ်မလှုံခြုံမှုဖြစ်နေတယ်။ ငါတို့ကျန်ခဲ့ပြီလားဆိုတာဖြစ်စေတယ်။ လူတွေက သူတို့ကို စိတ်လှုံခြုံမှုပေးတဲ့သူတွေကိုသဘောကျတယ်။သူတို့အထင်အမြင်ကို ထောက်ခံတဲ့သူတွေကိုသဘောကျတယ်။ ပျော်တတ်၊ ဟာသဥာဏ်ရွင်သူတွေကိုသဘောကျတယ်။ စစ်မှန်တယ်၊ ဟန်ဆောင်မှုကင်းတဲ့သူတွေကိုသဘောကျတယ်။ ယုံကြည်မှုပြည့်ဝတဲ့သူတွေကို သဘောကျတယ်။ ကိုယ့်အတွက်အကျိုးပြုပေးနိုင်တဲ့သူတွေကိုသဘောကျတယ်။ တခါတလေ လူတွေကိုယ့်ကိုသဘောမကျဘူးဆိုတာ ကိုယ့်အမှားမဟုတ်ပါဘူး။ သူတို့အတွက် အကျိုးမရှိလို့ပါ။ Phyo Paing @ Derek

တခါတလေ လူတွေကိုယ့်ကို
သဘောမကျဘူးဆိုတာ
ကိုယ့်အမှားမဟုတ်ပါဘူး။
သူတို့အတွက် အကျိုးမရှိလို့ပါ။
Read More »

ကိုယ့်ကိုကိုယ် ပြန်မေးရမှာ

ကိုယ့်ကိုကိုယ် ပြန်မေးရမှာလွန်ခဲ့တဲ့ သုံးလေးငါးနှစ်ကထက်ဘဝက ပိုကောင်းလာလား၊ပိုဆိုးလာလား။တစ်ကိုယ်ရည်ဘဝအတွက်စိတ်နဲ့ ခန္ဓာဘဝအရည်အသွေးတိုးတက်လာဖို့လိုတယ်လို့ထင်တယ်။ဒီအတွက်လဲ ဘယ်သူ့မှအားကိုးနေလို့မရပြန်ဘူး။ ငှက်ကလေးက သစ်ကိုင်းထက်အတောင်ကိုပိုအားကိုးဖို့လိုတတ်တဲ့အချိန်တွေရှိတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ပြန်မေးရမှာ Read More »