Problem Solving

စူးစမ်းလိုစိတ်နဲ့ အဖြေရှာလို့ရတယ်။

ပြဿနာမကြုံတဲ့ လူမရှိဘူး။ပြဿနာမကြုံတဲ့ လုပ်ငန်းလဲမရှိဘူး။အခုမကြုံ နောက်ကြုံမှာပဲ။ စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ပိုင်းဆိုင်ရာ၊လူမှုရေးဆိုင်ရာ၊ငွေကြေးဆိုင်ရာ၊အလုပ်အကိုင်ဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာပြဿနာက ရှိမှာပဲ။ ဒါကြီးကို စိတ်ညစ်ညစ်နဲ့ဖြတ်သန်းလို့ရတယ်။ဒါကို စူးစမ်းလိုစိတ်နဲ့ အဖြေရှာလို့ရတယ်။ Phyo Paing @ Derek =========================No one is without problems. No business is without problems. If you’re not facing a problem now, you will in the future. Problems can be related to: Mental well-beingPhysical healthSocial relationshipsFinancesCareerThoughts and mindsetProblems will always exist. You can go through […]

စူးစမ်းလိုစိတ်နဲ့ အဖြေရှာလို့ရတယ်။ Read More »

ပြဿနာဖြေရှင်းနည်း

သွားကြားထိုးတံလေးရဖို့ သစ်တစ်ပင်လုံး ခုတ်စရာမလိုဘူး။ဘဝမှာ ပြဿနာသေးသေးလေးကိုဖြေရှင်းဖို့ အဖြေအကြီးကြီးစဥ်းစားလေ့ရှိတတ်တယ်။ဒီလို စဥ်းစားရင်းကိုယ့်အဖြေအကြီးကြီးက ပြဿနာကြီးပြန်ဖြစ်သွားတတ်တယ်။ တခါတလေ ကိုယ်ကြုံတွေ့နေတဲ့ပြဿနာကိုဖြေရှင်းဖို့ မတူညီကွဲပြားတဲ့ ဖြေရှင်းနည်းCreative Problem-solving skills လိုတယ်။ ဒီ ပြဿနာဖြေရှင်းနည်းကပဲဘဝကို တိုးတက်အောင် လုပ်ပေးနိုင်တာ။ အပ်နဲ့ထွင်းရမယ့်ဟာကို ပုဆိန်နဲ့ ထွင်းရသလိုမဖြစ်ဖို့လိုတတ်တယ်။ Phyo Paing @ Derek

ပြဿနာဖြေရှင်းနည်း Read More »

ပြဿနာတိုင်းမှာ အဖြေရှိတယ်။

ပြဿနာတိုင်းမှာ အဖြေရှိတယ်။အဖြေမရှိသေးတာအဖြေမရှာနိုင်သေးလို့ဖြစ်နိုင်တယ်။ဘဝကို သင်္ချာပုစ္ဆာတွေဖြေရှင်းရတဲ့နေရာလိုပဲ မြင်ကြည့်မိတယ်။ လူမှုရေး၊ ပညာရေး၊အလုပ်အကိုင်နဲ့ စီးပွားရေး၊ငွေရေးကြေးရေး၊အချစ်နဲ့ အိမ်ထောင်ရေး၊စိတ်ငြိမ်းချမ်းရေး။ ပုစ္ဆာကိုဖြေရှင်းဖို့မေးခွန်းကို သေချာနားလည်၊ပေးထားချက်ကို ကြည့်ပြီး၊တွက်နည်းမှန်မှန်နဲ့ ဖြေရှင်းရမှာပဲ။​ လူတိုင်း ဖြေရှင်းနေတဲ့ ပုစ္ဆာအတိမ်အနက်၊ အခက်အခဲ၊ရှိထားတဲ့ အရင်းအမြစ် မတူကြဘူး။ Phyo Paing @ Derek

ပြဿနာတိုင်းမှာ အဖြေရှိတယ်။ Read More »

ပြဿနာ အဖြေရှာ

ပြဿနာရဲ့သဘောတရားကသူ့ကို ဖြေရှင်းနိုင်ရင်ဆုချတာပဲ။ အခွင့်အလမ်းအရှေ့မှာပြဿနာက အမြဲတွဲပါတယ်။ စျေးကွက်ပြဿနာကိုထိုင်ငြီးတဲ့သူနဲ့ ဖြေရှင်းတဲ့သူကွာသွားမှာပဲ။ ဖြေရှင်းဖို့စဥ်းစားရဲဖို့၊အဖြေရဖို့၊ကိုယ့်အဖြေက သာမာန်ထက်ပိုကောင်းဖို့။ ပြဿနာဆိုတာတဲ့အရာကိုကိုယ့်အတွက် အခွင့်အရေးအနေနဲ့သာပြောင်းလို့ရခဲ့မယ်ဆိုရင်ဘယ်လိုပြောင်းလိုက်မလဲ။ Phyo Paing @ Derek

ပြဿနာ အဖြေရှာ Read More »

ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။

တချို့က ပြဿနာကို မြင်တယ်။တချို့က အဖြေကို မြင်တယ်။ တချို့က ပြဿနာကို အပြစ်တင်ဖို့ရှာတယ်။တချို့က ပြဿနာကို အဖြေရှာတယ်။ တချို့က ပြဿနာကပေးမည့် ဒုက္ခကိုအဓိက စဥ်းစားတယ်။တချို့က ဖြေရှင်းပြီးရင်ရမည့် သုခကို အဓိက စဥ်းစားတယ်။ လူတိုင်းက ကိုယ့်အမြင်နဲ့ကိုယ်ပဲ။ မှန်တယ်၊ မှားတယ်မရှိဘူး။ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ Phyo Paing @ Derek

ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ Read More »

ပြဿနာ + စိတ်ခံစားမှု = ဒုက္ခ

ဘဝဆိုတာ သင်္ချာပုစ္ဆာတစ်ခုလိုပဲ။ပေးထားချက်တွေကြားမှာပြဿနာကို အဖြေရှာရတာမျိုး။ ဘဝဆိုတာ ဒုက္ခလို့ဗုဒ္ဓက ဆိုမိန့်တယ်။ ပြဿနာကို စိတ်ခံစားမှုထည့်ရင်ဒုက္ခဖြစ်တယ်လို့ ယူဆတယ်။ ပြဿနာ + စိတ်ခံစားမှု = ဒုက္ခ အသက်ရှင်တုန်း ဒုက္ခရဲ့အီကွေးရှင်းကို ချိန်ဆဖို့ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းမြင့်အောင်နေ့စဉ်လေ့ကျင့်နေသလို၊စိတ်ခံစားမှုတွေကို ကွပ်ကဲထိန်းချုပ်နိုင်အောင်သတိ၊ အသိ၊ ပညာကလဲ အရေးကြီးတယ်လို့ခံယူထားတယ်။ Phyo Paing @ Derek

ပြဿနာ + စိတ်ခံစားမှု = ဒုက္ခ Read More »

ကိုယ့်အရည်အချင်းထက်မြင့်တဲ့
ရည်မှန်းချက်ပန်းတိုင်တွေကို
ချမှတ်ထားဖို့လိုတယ်။

ကိုယ့်အရည်အချင်းထက်ကြီးတဲ့ပြဿနာတွေ ဖြေရှင်းနေဖို့လိုတယ်။ ကိုယ့်အရည်အချင်းထက်မြင့်တဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုချမှတ်ထားဖို့လိုတယ်။ ဘဝမှာ ကိုယ်ဖြေရှင်းတဲ့ ပြဿနာကကိုယ့်skill ထက် သေးနေရင်စိတ်လေလာလိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်အရည်အချင်းထက်မြင့်တဲ့
ရည်မှန်းချက်ပန်းတိုင်တွေကို
ချမှတ်ထားဖို့လိုတယ်။
Read More »