“တိုးတက်မှု”
အောင်မြင်မှုထက်တိုးတက်မှုကို ပိုတန်ဖိုးထားတယ်။ အောင်မြင်မှုက အိမ်ငှားသလိုပဲအိမ်ငှားခပေးရတယ်။အဲ့ဒီအိမ်ငှားခက “တိုးတက်မှု”ပဲ။ ဒါကြောင့် တိုးတက်မှုကို အာရုံစိုက်ရင် အောင်မြင်မှုက နောက်ကလိုက်လာလိမ့်မယ်။ Phyo Paing @ Derek
အောင်မြင်မှုထက်တိုးတက်မှုကို ပိုတန်ဖိုးထားတယ်။ အောင်မြင်မှုက အိမ်ငှားသလိုပဲအိမ်ငှားခပေးရတယ်။အဲ့ဒီအိမ်ငှားခက “တိုးတက်မှု”ပဲ။ ဒါကြောင့် တိုးတက်မှုကို အာရုံစိုက်ရင် အောင်မြင်မှုက နောက်ကလိုက်လာလိမ့်မယ်။ Phyo Paing @ Derek
ကိုယ်လုပ်တဲ့အလုပ်တွေရဲ့နောက်ဆုံးပန်းတိုင်က“ပိုကောင်းတဲ့ ကိုယ်ဖြစ်လာဖို့။” အစားအသောက်၊ အပျော်အပါးဒီအတွေ့အကြုံတွေကခဏတာပဲ ခံတယ်။ ကိုယ့်ခန္ဓာကိုယ်ကြီးထဲနေနေရတဲ့“လူသားအတွေ့အကြုံ” က အချိန်နဲ့ အမျှဖြစ်နေတာ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို ဂုဏ်ယူခံစားတာလောက်ကောင်းတဲ့ “လူသားအတွေ့အကြုံ”လောဂီဘဝမှာတော်တော်လေးရှားတယ်။ လူသားအတွေ့အကြုံကိုကောင်းမွန်စေတာကျန်းမာကြံ့ခိုင်ရေးနဲ့ အတွေးပဲ။ ဒါကြောင့် ကျန်းမာအောင်နေ။အတွေးကို ဂရုစိုက်။ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေနေ့စဥ်လုပ်။ လုပ်ငန်းကိုဘဲ မတည်ဆောက်နဲ့ကိုယ့်ကိုယ်ကိုယ်လဲ တည်ဆောက်။ Phyo Paing @ Derek
ကိုယ်တစ်ရက်တစ်ရက်တန်ဖိုးရှိသွားတယ်။ အလုပ်ပြီးသွားတယ်။ အကျိုးရှိသွားတယ်လို့ခံစားရတဲ့အလုပ်တွေ လုပ်နေဖို့လိုတယ်။မဟုတ်ရင် အသုံးမကျတဲ့သူလိုခံစားလာရနိုင်တယ်။ ဒီအလုပ်က ကိုယ့်ကိုတော်စေ၊ ပျော်စေ၊ ဝင်ငွေပွားစေ၊ တခြားသူတွေကိုအကျိုးရှိစေတဲ့အရာဖြစ်ဖို့လိုတယ်။ဒါကြောင့် တော်ပျော်ပွားပေးလို့အတိုချုံ့ထားလိုက်တယ်။ Phyo Paing @ Derek
ရလဒ်ရဖို့ အလုပ်လုပ်ရတယ်။ရလဒ်ကောင်းရတဲ့ အလုပ်လုပ်ဖို့သေချာစဉ်းစား ကြံစည်ရတယ်။ထိရောက်တဲ့ အကြံအစည်ဖြစ်ဖို့အတွေးကောင်းရတယ်။ကောင်းမွန်တဲ့ အတွေးကောင်းဖြစ်ဖို့ဖတ်မှုလေ့လာရတယ်။ အတွေး၊ အကြံ၊ အလုပ်ကောင်းဖို့နေ့စဉ်လေ့လာဖို့လိုတယ်။ လေ့လာမှု မပြုနေရင်တိရစ္ဆာန်သာသာဦးနှောက်နဲ့ဘဝဖြတ်သန်းနေရမှာပဲ။ Phyo Paing @ Derek
တိုးတက်ရေးဆိုတာ အသက်ရှင်မှ လုပ်လို့ရတာ။ အသက်ရှင်အောင်အရင်လုပ်။ပြီးရင် ကျန်းမာအောင်လုပ်။ အသက်ရှင်၊ ကျန်းမာမှလန်းဖြာ၊ ဝမ်းသာ၊ ချမ်းသာဖို့ဘဝကို ဗရမ်းဗတာမနေပဲတိုးတက်ရေးလုပ်လို့ရမှာ။ Phyo Paing @ Derek
တိုးတက်မှုဟာ ပျော်ရွင်ခြင်းပဲ။ ဆုတ်ယုတ်မှုက စိတ်ပျက်ခြင်းပဲ။ တိုးတက်နေရင်ပျော်တယ်။ ဆုပ်ယုတ်နေရင် စိတ်ညစ်တယ်။ ကာယ၊ ဥာဏ နဲ့ စိတ္တ တိုးတက်နေဖို့နေ့စဥ် အတွေး၊ အကြံ၊ အလုပ်တွေကိုသေချာ ပြစုပျိုးထောင်ဖို့လိုတယ်။ အောင်မြင်မှုနောက် မလိုက်နဲ့။တိုးတက်မှုနောက်လိုက်။ တိုးတက်မှုက နေ့စဥ်မြင်တွေ့ခံစားရတယ်။အောင်မြင်မှုက နေ့စဥ်မြင်တွေ့မခံစားရဘူး။ တိုးတက်မှုက personal.အောင်မြင်မှုက social. တိုးတက်မှ အောင်မြင်တယ်။Personal ပြီးမှ Social. Phyo Paing @ Derek
ဘယ်တော့မှ မမှားတဲ့အရာတစ်ခုကကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံမှုလုပ်တာပဲ။ ကိုယ့်ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်၊စီးပွားရေးနဲ့ ငွေရေးကြေးရေး၊အချစ်ရေးနဲ့ မိသားစုရေး၊ လူမှုရေး၊ ဘာသာရေး၊ကိုယ်ယုံကြည်တဲ့ သမိုင်းပေးတာဝန်။ တိုးတက်နေရင် ပျော်ရွင်တယ်။ဆုတ်ယုတ်နေရင် မပျော်ဘူး။ Phyo Paing @ Derek
ကြိုးစားရုံနဲ့ မတိုးတက်ဘူး။ တိုးတက်ဖို့ “စ” ၇ လုံးလိုတယ်။ ၁။ စူးစမ်း ၂။ စမ်းသပ်၃။ စိစစ်၄။ စီမံ၅။ စတင်၆။ စံထား၇။ စနစ်ချ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့သတင်းအချက်အလက်၊ ပညာရပ်တွေစူးစမ်းလေ့လာ။ လေ့လာထားတဲ့ အချက်အလက်တွေကိုယ်နဲ့ ကိုက်မကိုက် စမ်းသပ်အသုံးချ။ ရလဒ်တွေကို ပြန်လည်စိစစ်။ရလဒ်ကောင်းတွေကို ရွေးချယ်။ ဒီပေါ်မူတည်ပြီး အနာဂတ်အတွက်စီမံ ပလန်ချ။ စတင်လုပ်ဆောင်။ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ပြီးဘယ်အချိန်မှာ၊ ဘာအလုပ်ကိုဘယ်လိုစံနှုန်းနဲ့လုပ်ရမယ် စံထား။ ထပ်ခါထပ်ခါ လုပ်ဆောင်ရမည့်အလုပ်တွေကိုအချိန်ကုန်၊ လူပန်းသက်သာအောင် စနစ်ချ။ Phyo Paing @ Derek
တိုးတက်မှု ဆယ်ဆဆိုတာ ဒီအတိုင်းမဖြစ်ဘူး။ဖြစ်နေတဲ့ စျေးကွက်အပြောင်းအလဲမှာစျေးကွက်ပြဿနာနဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပြီးမှ ဖြစ်တာ။ဒါကြောင့် စျေးကွက်မှာဖြစ်နေတဲ့ပြဿနာရှာနိုင်တာကလဲပညာပဲ။ To achieve tenfold progress, one must respond to dramatic market changes. Therefore, in the market, the ability to identify and tackle issues is also a form of wisdom. Phyo Paing @ Derek
ကျန်းမာကြံ့ခိုင်ရေးအရ တိုးတက်နေတဲ့ အရသာ။ ငွေရေးကြေးရေးအရတိုးတက်နေတဲ့ အရသာ။ အလုပ်အကိုင် ကျွမ်းကျင်မှုတိုးတက်နေတဲ့ အရသာ။ ဥာဏ်ပညာ တိုးတက်နေတဲ့အရသာ။ တိုးတက် is the way. Phyo Paing @ Derek