နိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်ရှစ်ပါးထဲကနှစ်ပါး
လောဘက သောကဖြစ်စေတယ်။မောဟက မာနဖြစ်စေတယ်။ သမာဓိက အာရုံကိုတည်ကြည်စေတာ။ မှန်ကန်တဲ့ သတိ၊အာရုံသမာဓိရှိတာကနိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်ရှစ်ပါးထဲကနှစ်ပါးပဲ။ Phyo Paing @ Derek
လောဘက သောကဖြစ်စေတယ်။မောဟက မာနဖြစ်စေတယ်။ သမာဓိက အာရုံကိုတည်ကြည်စေတာ။ မှန်ကန်တဲ့ သတိ၊အာရုံသမာဓိရှိတာကနိဗ္ဗာန်ရောက်ကြောင်းမဂ္ဂင်ရှစ်ပါးထဲကနှစ်ပါးပဲ။ Phyo Paing @ Derek
တစ်ခုခုကို အားကုန်ထည့်မဝုန်းခင်ဝုန်းသင့်မဝုန်းသင့်အချိန်ပေး၊စမ်းသပ်၊ လေ့လာပါ။Discovery before Dedication. မဝုန်းခင် မရှုံးအောင်လေ့လာပါ။ Phyo Paing @ Derek
ရေရှည်ဆုံးဖြတ်ချက်ကိုရေတိုခံစားချက်နဲ့မချနဲ့။ Phyo Paing @ Derek
လောကကြီးက မတရားဘူး။ကျင့်သားရအောင်လုပ်။ဒါက ဘီဂိတ်တစ်ခါကပြောခဲ့တဲ့နာမည်ကြီး စကားပဲ။“Life is not fair, get used to it.” စတိုးဝတ် အတွေးအခေါ်Stoic Philosophy အရဆိုဘဝကြီးကမတရားဘူး။ငါထိန်းချုပ်လို့ရတာကိုပဲငါအာရုံစိုက်မယ်။ဒီလိုစဥ်းစားတယ်။ ဘဝမှာ ထိန်းချုပ်လို့မရတာအများကြီးပဲ။ စတိုးဝတ် Stoics တွေတန်ဖိုးထားတာ လေးခုရှိတယ်။ ၁။ မှန်ကန်တဲ့အမြင်ဒါကို ဥာဏ်ပညာ (Wisdom) လို့ခေါ်တယ်။ ဗုဒ္ဓဘာသာရဲ့ သမ္မာဒိဋ္ဌိနဲ့တူပေမယ့်အဓိပ်ပာယျမတူဘူး။ ဗုဒ္ဓဘာသာရဲ့ သမ္မာဒိဋ္ဌိက ပညာ။သစ္စာလေးပါးဖြစ်တဲ့ဘဝဆိုတာ ဒုက်ခ။ဒုက္ခဆိုတာ တပ်မက်မှုတွေကလာတယ်။အဆုံးသတ်တဲ့နေရာရှိတယ်။ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။သူကို မဂ္ဂင်ရှစ်ပါးနဲ့သွားတယ်။ကံ ကံ၏အကျိုးသိရမယ်။ စတိုးဝတ်အတွေးအခေါ်Stoic Philosophy ရဲ့မှန်ကန်တဲ့အမြင် (ပညာ)ကလောကမှာ ထိန်းချုပ်လို့ရတဲ့အရာရှိတယ်။ထိန်းချုပ်လို့မရတဲ့အရာရှိတယ်။ထိန်းချုပ်လို့ရတဲ့အရာကိုအဓိက အာရုံစိုက်။ ဥပမာ အတိတ်ကို သွားပြင်လို့မရဘူး။အဓိပ္ပာယ်ဖွင့်တာကိုပဲပြောင်းလို့ရတယ်။မနေ့ကကို သွားပြင်လို့မရဘူး။ဒီနေ့ကိုပြင်လို့ရသေးတယ်။ ၂။ သတ္တိ (အကြောက်တရားတွေကိုရင်ဆိုင်ပါ။)Courage သတ်တိဆိုတာကြောက်နေတာကိုကြောက်ကြောက်နဲ့လုပ်ဆောင်ခြင်း။ဒီမှာပြောတဲ့ သတ္တိဆိုတာအကြောက်တရားကင်းမဲ့တာကိုပြောတာမဟုတ်ပဲဆင်ခြင်တုံးတရားရှိရှိရှေ့ဆက်ခြင်းလို့အဓိပ္ပာယ်ရတယ်။ ဥပမာ စင်ပေါ်တက် စကားပြောရမှာကြောက်ကြောက်နဲ့ လုပ်စရာရှိတာအကောင်းဆုံးသတ္တိရှိရှိလုပ်တာ။
နေတဲ့နေရာ၊တွေ့တဲ့လူ၊ဖတ်တဲ့စာအုပ်၊ခေါင်းထဲထည့်တဲ့အတွေးအခေါ်၊လုပ်တဲ့လုပ်ရပ်ပေါ်မူတည်ပြီးဘဝတွေကွာသွားတယ်။ Phyo Paing @ Derek
ကိုယ်လုပ်ချင်တာကိုလုပ်ပြီးဖြစ်ချင်တာကို ဖြစ်နေရင်တော့ဒါက အောင်မြင်မှုအစစ်ပဲ။ ကိုယ်မလုပ်ချင်တာကိုလုပ်ပြီးဖြစ်ချင်တာဖြစ်နေရင်လဲဒါက မဆိုးဘူး။ ကိုယ်လုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာမဖြစ်ရင်တော့တစ်ခုခုတော့လွဲနေပြီ။ ကိုယ်မလုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာမဖြစ်ရင်တော့အဆိုးဆုံးပဲ။ Phyo Paing @ Derek
ကိုယ်လုပ်ချင်တာကိုလုပ်ပြီးဖြစ်ချင်တာကို ဖြစ်နေရင်တော့ဒါက အောင်မြင်မှုအစစ်ပဲ။ Read More »
လုပ်သမျှဖြစ်ချင်ရင်ဖြစ်သမျှလိုက်မလုပ်ပါနဲ့။ အရေးမပါတာကိုအရာပေးမိတာလောက်အလုပ်မဖြစ်တာမရှိဘူး။ ဘဝမှာ ရွေးချယ်မှုကကြိုးစားမှုထက်ပိုအရေးကြီးပါတယ်။ ဒါကြောင့် ကံ၊ ဥာဏ်၊ ဝိရိယတစ်ခုချင်းစီလာတယ်။နေ့စဥ်မှန်ကန်တဲ့ရွေးချယ်မှုတွေပြုလုပ်ရတယ်။ မှန်ကန်တဲ့ စိတ်ထား မနောကံ၊မှန်ကန်တဲ့ အပြောအဆို ဝဇီကံ၊မှန်ကန်တဲ့လုပ်ဆောင်မှု ကာယံကံကံသုံးပါးကောင်းဖို့လိုတယ်။ သုတမယဉာဏ် (စာပေသင်ကြားမှုမှရရှိသော ဉာဏ်)စိန္တာမယဉာဏ် (တွေးခေါ်ဆင်ခြင်ခြင်းမှရရှိသော ဉာဏ်)ဘာဝနာမယဉာဏ် (ကျင့်ကြံအားထုတ်ခြင်းမှရရှိသော ဉာဏ်)ဥာဏ်သုံးပါးကိုလဲကောင်းအောင်အားထုတ်ဖို့လိုတယ်။ စံဝရဝိရိယမကောင်းမှုဒုစရိုက်များမှရှောင်ကြဉ်ရန် အားထုတ်ခြင်း။ပဟာနဝိရိယဖြစ်ပျက်နေပြီးသော အကုသိုလ်လောဘ၊ ဒေါသ၊ မောဟကိုပယ်ဖျောက်ရန် အားထုတ်ခြင်း။ဘာဝနာဝိရိယဒါန၊ သီလ၊ ဘာဝနာကိုပွားများဖို့အားထုတ်ခြင်း။အနုရက္ခဏာဝိရိယရရှိပြီးတဲ့ ကုသိုလ်၊ ပညာ၊ သမာဓိကိုထိန်းသိမ်းဖို့အားထုတ်ခြင်း။ဝိရိယလေးပါးကိုလဲကျင့်ဖို့လိုတယ်။ ကံလဲမကောင်း၊ဥာဏ်လဲမကောင်း၊ဝိရိယလဲမကောင်းရင်သံသရာတစ်ကွေ့ဒီတစ်နေ့ကတော့တိုင်ပတ်မှုအပေါင်းသရဖူဆောင်းနေမှာပဲ။ Phyo Paing @ Derek
ဘဝမှာ ပင်ပင်ပန်းပန်းကြိုးစားဖူးတယ်။ပင်ပန်းသလောက်လက်ထဲငွေမကျန်ဖြစ်တယ်။ ဘာအတွက်အသက်ရှင်နေသလဲဆိုတဲ့မေးခွန်းတောင်မေးဖူးတယ်။ဘယ်တော့များ ငါလုပ်ချင်တာလုပ်ရမလဲစဥ်းစားတယ်။ တစ်နေ့တစ်နေ့ အလုပ်သာလုပ်နေတာ။အရှေ့က ရောက်တယ်။အပေါ်မတက်သွားဘူး။ ဘာကြောင့်လဲဆိုတော့လမ်းလွဲကြီးမှာ တင်းခံနေလို့ဖြစ်နိုင်ပါတယ်။ အထာကျကျ ဆရာကျကျဘဝကို မပင်မပန်းနဲ့ဖြတ်သန်းပြီးရေမြင့်လေ ကြာသင့်လေဖြစ်ဖို့Flow ဆိုတာလိုတယ်။ အလုပ်လုပ်လို့ လုပ်မှန်းမသိ၊ကိုယ်လုပ်လိုက်တဲ့အလုပ်ကလဲကြာလေ အစွမ်းထက်လေ။အချိန်ဆိုတာ မကြည့်မိဘဲနေ့ရက်တိုင်းက စျာန်ဝင်နေတာမျိုး။ အသက်ရှင်ပြီး အသက်ဝင်နေတာမျိုးပေါ့။လူတွေက အချစ်နဲ့စတွေ့တဲ့အချိန်မှာလဲအသက်ရှင်ပြီး အသက်ဝင်တယ်။အလုပ်နဲ့ ဘဝ ထပ်တူကျတဲ့အခါလဲအသက်ရှင်ပြီး အသက်ဝင်တယ်။ ဒီ Flow ကို သိဖို့ကိုယ့်ကိုကိုယ် ပြန်ရှာဖွေပြီးဒီဇိုင်းလုပ်မှရမယ်။ ဒီအချက်နားလည်သွားတဲ့အချိန်ကိုယ့်ဘဝ ဘာနဲ့မှ မလဲချင်တော့ဘူး။ ကိုယ့် Flow ကိုယ်ဆရာကျကျလုပ်ဆောင်နိုင်ရင်သံသရာတစ်ကွေ့ဒီတစ်နေ့အတွက်ကတော့လူဖြစ်ရကျိုးနပ်နေမှာအမှန်ပဲ။ Phyo Paing @ Derek
ဒီအချက်နားလည်သွားတဲ့အချိန်
ကိုယ့်ဘဝ ဘာနဲ့မှ မလဲချင်တော့ဘူး။ Read More »
အလုပ်ဖြစ်တာကိုလိုက်ရှာတာကအလုပ်ကြိုးစားတာထက်ပိုခက်တတ်တယ်။ အလုပ်ဖြစ်တယ်ဆိုတာကနည်းနည်းလုပ်လိုက်ပြီးများများပြန်ရတာကိုဆိုတာ။ဥပမာ ၁ ဆအားထည့်ပြီး၁၀ ဆ၊ အဆ ၁၀၀ ပြန်ရတာမျိုး။ ဒီလိုနည်းနည်းလုပ်များများရတာကိုleverage လို့အသုံးပြုပါတယ်။ ကိုယ်တွေလို ကိုယ့်ဘဝကိုယ်တည်ဆောက်ရသူတွေအတွက်ဒီ leverage က အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ခုန်ပျံကျော်လွှားမှမကြီးရင်အချိန်အများကြီးမရှိဘူး။ ဥပမာအနေနဲ့ပြောရရင်၂၀၁၄ ကာလကနေ၂၀၂၀ လောက်ထိကကြော်ငြာ Facebook Ads တွေနည်းနည်းကြော်ငြာများများရတဲ့ကာလ။ ၂၀၁၇ Live ကာလ။၂၀၁၈ နှောင်းပိုင်းမှာcontent ဖန်တီးတာတွေကလူမှုကွန်ယက်သုံးdigital leverage လုပ်လို့ရတဲ့ကာလ။ ဒါက ဒီဂျစ်တယ်မားကတ်တင်းပိုင်းမှာ။ ဘဝမှာ အဲ့လိုနည်းနည်းလုပ် များများရကာလတွေရှိတယ်။ဒီနေ့ခေတ်ကတော့ အေအိုင်ဆိုပါတော့။ ဂုဏ်ထူးထွက်ဖို့ စာများများကျက်စရာမလိုဘူး။အလုပ်ဖြစ်တဲ့ မေးနိုင်တဲ့စာကိုဖတ်မှတ်လေ့လာနိုင်ဖို့ပဲလိုတယ်။ ဘဝမှာလဲ အများကြီးကျွမ်းကျင်စရာမလိုဘူး။အလုပ်ဖြစ်တာကို ကျွမ်းကျင်ရင်ရပြီ။ စာဖတ်တယ်ဆိုတာအလွယ်လမ်းနဲ့ ဘယ်အရာကိုယ့်အတွက် အလုပ်ဖြစ်သလဲလိုက်ရှာတာပဲ။ အဲ့ထက်မြန်တဲ့နည်းသိပ်မတွေ့ဖူးသေးဘူး။ လူတစ်ယောက်ရဲ့အတွေးရဲ့အရည်အသွေးကလူတစ်ယောက်ဘဝရဲ့ အရည်အသွေးပဲ။ ခရီးသွား၊ လူသစ်တွေ့၊စာဖတ်၊ စမ်းကြည့်၊ လေ့လာ။အလုပ်ဖြစ်တာတွေ့ရင်ဝုန်းသာဝုန်း။ အလုပ်ကတစ်သက်လုံးလုပ်လို့ရတယ်။အလုပ်က တစ်သက်လုံးဖြစ်မနေဘူး။ Phyo Paing
အလုပ်ကတစ်သက်လုံးလုပ်လို့ရတယ်။
အလုပ်က တစ်သက်လုံးဖြစ်မနေဘူး။ Read More »