antifragility လို့ခေါ်တယ်။
လိုချင်တာကို လွယ်လွယ်မရတဲ့ငယ်ဘဝကို ပိုင်ဆိုင်တာ ကောင်းတဲ့အချက်ပဲ။ လိုချင်တာ လွယ်လွယ်မရတဲ့အခါလိုချင်တာ ရဖို့ “ကြံတတ်၊ ဖန်တတ်” လာတယ်။ ဒီနေ့ခေတ်ကလေးတွေကခြေမွေးမီးမလောင် လက်မွေးမီးမလောင်လိုချင်တာ အကုန်အလွယ်တကူရခြင်းကအကောင်းဆုံးပြုစုပျိုးထောင်မှုမဟုတ်ဘူးလို့ထင်တယ်။ အန္တရာယ်ရေးရာပိုင်းလေ့လာတဲ့ ဆရာကြီးNassim Nicholas Taleb နဆင်းနီကိုးလပ်တဲလက်ကဥပမာ သုံးခုနဲ့ပြတယ်။ ဖိအားရှိတဲ့အခါ ကွဲတဲ့ပစ္စည်း။ ဥပမာ ဝိုင်ခွက်ဖိအားကြောင့် ဘာမှမဖြစ်တဲ့ပစ္စည်း။ ဥပမာ ရာဘာဘောဖိအားကြောင့် ပိုကောင်းလာနိုင်တဲ့အရာ။ ဥပမာ ကြွက်သား စနစ်တွေရဲ့ ပုံစံက မတူကြဘူး။ လူဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ စနစ်တစ်ခုပဲ။လုပ်ငန်းဆိုတာ မတူညီတဲ့လုပ်ငန်းဆောင်တာနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ဒီအဖွဲ့အစည်းတွေက အခက်အခဲအပြင်ကလာတဲ့ ပြဿနာတွေကို ကောင်းမွန်စွာတုန့်ပြန်နိုင်တဲ့အခါ“ကိုယ့်ကို မသေစေတဲ့အရာတွေကပိုသန်မာလာစေတယ်တဲ့။” ဒီ အိုင်ဒီယာကို antifragility လို့ခေါ်တယ်။ Fragile ဖြစ်တယ်ဆိုတာ ကျိုးပျက်လွယ်တာ။ အခုလို အသက်အရွယ်မှာ နိုင်ငံရေး၊ စီးပွားရေး ပြဿနာပေါင်းစုံကြုံတွေ့ရခြင်းကို ကျော်လွှားနိုင်ရင်နောက် […]
antifragility လို့ခေါ်တယ်။ Read More »