ကားအကြောင်းနားမလည်သူကကားမှန်သမျှ အကုန်ကားပဲ
ကားအကြောင်းနားမလည်သူကကားမှန်သမျှ အကုန်ကားပဲ။စာအုပ်စာပေအကြောင်းနားမလည်သူကစာအုပ်မြင်ရင် စာအုပ်ပဲသိတယ်။လူအကြောင်းနားမလည်သူကလဲလူမြင်ရင် ယောကျာ်း၊ မိန်းမ၊ လူမျိုးဒီလောက်ပဲ သိမယ်။ အပေါ်ယံအသိတွေပဲရှိတဲ့အခါအပေါ်ယံအမြင်တွေပဲရှိမယ်။ အသိ၊ အမြင်ဆိုတဲ့အတိုင်းမသိရင် မမြင်ဘူး။ အခွင့်အလမ်းမမြင်ဘူး။အန္တရာယ်မမြင်ဘူး။ဝေးဝေးကို မမြင်ဘူး။ မှန်ကန်တဲ့အမြင်မရှိရင်မှန်ကန်တဲ့ အတွေးရှိဖို့မလွယ်ဘူး။မှန်ကန်တဲ့အတွေး မရှိရင်မှန်ကန်တဲ့ အလုပ်လုပ်ဖို့ မလွယ်ဘူး။ ကံဆိုတာ အလုပ်အလုပ်ဆိုတာ ကံဖြစ်တဲ့အတွက်အသိခေါက်ခက် အဝင်နက်လို့ရှေးမြန်မာလူကြီးတွေက ဆိုကြတယ်။ အသိကြွယ်ဖို့ သတိနဲ့သင်ယူတိုးတက်နေဖို့လိုနိုင်တယ်။ Phyo Paing @ Derek
