လွတ်လပ်ဖို့
လွတ်လပ်ဖို့ လွတ်ချဖို့လိုတတ်တယ်။ Phyo Paing @ Derek
အလုပ်၊ စီးပွား၊ ငွေကြေးရှာဖွေရတဲ့ရည်ရွယ်ချက်အများကြီးထဲမှာ“လွတ်လပ်မှု” ဆိုတဲ့တစ်ခုပါဝင်တယ်။ မလုပ်ချင်တဲ့အလုပ်ကို လုပ်စရာမလိုတာလွတ်လပ်မှုပဲ။ မသွားချင်တဲ့နေရာကို ငွေအတွက်သွားစရာမလိုတာလွတ်လပ်မှုပဲ။ မပြုံးပြချင်တဲ့သူကို ထမင်းစားဖို့အတွက်ပြုံးပြစရာမလိုတာ လွတ်လပ်မှုတစ်ခုပဲ။ မနေချင်တဲ့နေရာမှာ အသက်မွေးမှုအတွက်နေနေစရာမလိုပဲ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတာရွေးချယ်မှုတစ်ခုပဲ။ ပထမလွတ်မြောက်မှုကမလုပ်ချင်တာ မလုပ်ရဖို့။ နောက်တစ်ပိုင်းကတော့လုပ်ချင်တာလုပ်နိုင်ဖို့။ လုပ်ချင်တဲ့အလုပ်ကိုလုပ်နိုင်ဖို့။ သွားချင်တဲ့နေရာ သွားချင်တဲ့အချိန်သွားနိုင်ဖို့။ တွေ့ချင်တဲ့သူတွေနဲ့ တွေ့နိုင်ဖို့။ လွတ်လပ်မှုကို အကြမ်းသုံးမျိုးပိုင်းကြည့်တယ်။၁။ မလုပ်ချင်တာ မလုပ်ရဖို့၂။ လုပ်ချင်တာ လုပ်ရဖို့။၃။ လုပ်ချင်တာ၊ ရချင်တာ တပ်မက်မှုမရှိတော့ဖို့။ ဘဝဆိုတာ တစ်ဆင့်ချင်းလာရတာပဲ။ မလုပ်ချင်တာ မလုပ်ရဖို့၊လုပ်ချင်တာလုပ်ရဖို့၊ တပ်မက်မှုတွေအလွန်သွားဖို့ ကုသိုလ်၊ ဥစ္စာ၊ ပညာ တစ်ခုခုတော့လုံလောက်မှုလိုတယ်။ Phyo Paing @ Derek
မိုးကလင်းနေပြီ မနက်က မရောက်သေးဘူး။ပိုက်ဆံကတော့ရှိနေပြီခုထိ မချမ်းသာသေးဘူး။ စိတ်တော့ချမ်းသာနေပြီအခုထိ မကျေနပ်သေးဘူး။ လူတွေသတ်မှတ်တဲ့စံနှုန်းတွေကိုကိုယ့်ရဲ့စံနှုန်းတွေလို့ထင်ရင်ဘောင်ထဲကထွက်ဖို့ခက်နိုင်တယ်။ ဘောင်ဆိုတာ အကာအကွယ်ဖြစ်သလိုဘောင်ဆိုတာ ထောင်လဲဖြစ်တတ်တယ်။ ဘဝမှာ ဘောင်တွေကြောင့်လှုံခြုံဖူးသလို ဘောင်တွေကြောင့်မွန်းကြပ်ဖူးလိမ့်မယ်။ ဘောင်ထဲမှာ လှုံခြုံနိုင်သလို၊ဘောင်ပြင်မှာလဲ လွတ်လပ်နိုင်တယ်။ ကိုယ်က လှုံခြုံမှုကိုကြိုက်ရင်ဘောင်ထဲမှာနေ။လွတ်လပ်မှုက ကိုယ့်ရွေးချယ်မှုဆို ဘောင် ပြင်ကို ခြေတစ်လှမ်းလောက်ထွက်ကြည့်။ Phyo Paing @ Derek
လွတ်လပ်မှုက ကိုယ့်ရွေးချယ်မှုဆို
ဘောင်ပင်ကို ခြေတစ်လှမ်းလောက်ထွက်ကြည့်။ Read More »
ကွန်ပြူတာတစ်လုံး၊ အိတ်တစ်လုံးနဲ့ပဲဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်တယ်။ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာသွား။ဘဝကို ချုပ်နှောင်မှုတွေမရှိပဲလွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တယ်။စွန့်ဦးတီထွင်မှု၊ ဒီဂျစ်တယ်မားကတ်တင်း၊စီမံခန့်ခွဲမှုပညာတွေကအိမ်မက်တွေကို ဖြစ်စေခဲ့တယ်။ဘဝမှာ လွတ်လပ်မှုထက်ဘာများပိုအရေးကြီးအုံးမလဲ။ Phyo Paing @ Derek
အလုပ်လုပ် ပိုက်ဆံရှာပြီးရှာတဲ့ ပိုက်ဆံနဲ့ လွတ်မြောက်ရာစိတ်အပန်းဖြေလို့ရတယ်။ ကိုယ့်အတွက် လွတ်မြောက်မှုဖြစ်တဲ့ အလုပ်ကိုလုပ်ပြီး လွတ်လပ်မှုလဲရှာငွေလဲရှာလို့ရနိုင်တယ်။ အလုပ်ဆိုတာ လွတ်မြောက်မှုတစ်ခုပဲ။တချို့လူတွေအတွက် အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။ Phyo Paing @ Derek
လူတချို့က ငယ်ငယ်တုန်းကလဲပင်ပင်ပန်းပန်းနဲ့ မလုပ်ချင်တဲ့အလုပ်တွေလုပ်ခဲ့ရတယ်။ နောက်စိတ်ဖိဆီးမှုများများနဲ့မကြိုက်တဲ့ဒေသမှာကိုယ်မနှစ်မြိုနဲ့သူတွေကိုပြုံးပြပြီး ဘဝကြီးကိုအံဝင်ဂွင်ကျဖြစ်အောင် ဖြတ်သန်းနေခဲ့ဖူးတယ်။ ဝါသနာမပါတဲ့ အသိ၊ အတတ်ပညာတွေကိုဘောင်ဝင်အောင်လေ့လာရင်းမကျက်ချင်တဲ့စာတွေကျက်ပြီးဖြတ်သန်းခဲ့ရတယ်။ ကြေကွဲစရာ၊ ဝမ်းနည်းစရာတွေကြား၊trauma response တွေကြောင့်ဘဝကို ဒေါင်ကျကျဖြတ်သန်းရင်းကိုယ့်ဘဝကိုကိုယ် enjoy လုပ်ဖို့မေ့နေတတ်တယ်။ တခါတလေ အကြွေးယူပြီးလုပ်ငန်းတွေ စမိရင် မပြီးတော့တဲ့ပူပင်မှုတွေနဲ့။ အိမ်ထောင်ရေး၊ သားရေးသမီးရေးနဲ့လောလောပြီး ကနေရတဲ့လောကထဲမှာ လွတ်လပ်မှုရဲ့အဓိပ္ပာယ်ပျောက်နေတဲ့ သူတွေရှိတတ်တယ်။ ဘဝမှာ လွတ်လပ်မှုသုံးမျိုးလိုတယ်။ခန္ဓာကိုယ်အချုပ်အနှောင်ကင်းဖို့physical freedomစိတ်ခံစားမှုအချုပ်အနှောင်ကင်းဖို့psychological freedomအတွေးအခေါ် ဝါဒတွေကိုကျော်လွန်ပြီးလွတ်မြောက်မှုရဖို့spiritual freedom ကိုယ့်ကိုကိုယ် လွတ်လပ်ခွင့်ပေးလိုက်ပါ။အကြွေးတွေကိုတတ်နိုင်သလောက်ရှောင်ပါ။အကြွေးရှိရင် လွတ်မြောက်မှုရဖို့မလွယ်ဘူး။နောက်ဘဝရှင်သန်ဖို့အတွက်financial plan သေချာလုပ်ဖို့လိုတယ်။အသုံးစရိတ်တွေကို ဘာမှမလုပ်ပဲနှစ်နှစ်လောက်အနည်းဆုံးနေနိုင်အောင်စီမံထားဖို့လိုတယ်။ဒါမှလဲ physical freedom ကလွတ်မြောက်မှာ။ နောက် တွယ်တာတာတွေကိုလျော့။attachment တွေက emotional freedom ကိုပျောက်စေတယ်။သဝန်တိုတာ၊ ဒေါသထွက်တာတွေဖြစ်စေတယ်။သူများနဲ့ နှိုင်းယှဥ်ပြီး ကိုယ့်ကိုကိုယ်အားမလိုအားမရဖြစ်တာလျော့ဖို့လိုတယ်။ နောက်ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့အာရုံတွေ ကိုယ်နဲ့ကပ်နေဖို့spiritual freedom လိုတယ်။ ကိုယ့်ကိုကိုယ်
အမြဲဗိုက်ပြည့်နေတဲ့သူကဗိုက်ပြည့်တဲ့အရသာစစ်စစ်ကိုသိချင်မှ သိမယ်။အမြဲလွတ်လပ်နေသူက လွတ်လပ်မှုအနှစ်သာရစစ်စစ်ကိုသိချင်မှ သိမယ်။Planned suffering တမင်တကာကိုယ့်ကိုကိုယ် သက်သောင့်သက်သာမရှိအောင်လုပ်ဖို့လိုတဲ့အချိန်တွေလိုတယ်။သာယာမှုတွေကို ခဏဖြတ်တာမျိုး။ Phyo Paing @ Derek
အမြဲလွတ်လပ်နေသူက
လွတ်လပ်မှုအနှစ်သာရစစ်စစ်ကို
သိချင်မှ သိမယ်။ Read More »