Idea

ပိုကောင်းချင် ဒီ ၇ ခုကို ပြောင်းကြည့်

၁။ အပျက်သဘောမှ အပြုသဘောသို့၂။ အတ္တဆန်မှုမှ ကိုယ်ချင်းစာနားလည်မှုသို့၃။ အကန့်အသတ်ရှိသောအတွေးမှ အကန့်အသတ်မဲ့အတွေးသို့၄။ တစ်ဖက်သတ်အမြင်မှ ဘက်စုံရှုထောင့်သို့၅။ အရှုံးပေးမှုမှ စိန်ခေါ်မှုအဖြစ် ရှုမြင်ခြင်းသို့၆။ ပုံသေကားကျအတွေးမှ ဆန်းသစ်တီထွင်မှုဆီသို့၇။ ရိုးရာဓလေ့ထုံးတမ်းမှ ခေတ်မီဆန်းသစ်သောအမြင်သို့ ကိုယ်တိုင်လဲ နံပတ် ၂ အချက်ကိုကြိုးစားပြင်နေတယ်။ Phyo Paing  @ Derek

ပိုကောင်းချင် ဒီ ၇ ခုကို ပြောင်းကြည့် Read More »

ဒီလိုပဲ ရှေ့ဆက်ရတာပဲ။

အိုင်ဒီယာတွေ စဥ်းစားလိုက်ရင်အရမ်းမိုက်သလိုနဲ့ လမ်းတစ်ဝက်မှာ မမိုက်တော့ဘူး။ဒါကြောင့် အိုင်ဒီယာတစ်ခုကို မြန်မြန်စမ်း၊ မြန်မြန်ပြင်။ မှားသင့်တာ မြန်မြန်မှား။ဒီလိုပဲ ရှေ့ဆက်ရတာပဲ။ Phyo Paing @ Derek

ဒီလိုပဲ ရှေ့ဆက်ရတာပဲ။ Read More »

နေ့တိုင်း အိမ်စာလုပ်
လေ့လာနေရမှာပဲ။

ကိုယ်လုပ်နေတဲ့အလုပ်မှာ တစ်ဖက်ကမ်းခပ်ပြီးအစားထိုးလို့မလွယ်တဲ့သူဖြစ်ဖို့နေ့တိုင်း အိမ်စာလုပ်လေ့လာနေရမှာပဲ။ ကိုယ့်နယ်ပယ်မှာ နာမည်ကြီးပြီးအရမ်းကောင်းတဲ့ အိုင်ဒီယာတွေနည်းစနစ်တွေ သိဖို့ဖတ်မှတ်လေ့လာ၊ အသုံးချ၊ စမ်းကြည့်အမြဲ update ဖြစ်နေဖို့လိုတယ်ထင်တယ်။ဒါမှလဲ ကိုယ့်အလုပ်ကို တန်ဖိုးထားရာကျမှာ။ Phyo Paing @ Derek

နေ့တိုင်း အိမ်စာလုပ်
လေ့လာနေရမှာပဲ။
Read More »

မာစတာကီး

စကားလုံးတွေ အိုင်ဒီယာတွေကသော့တွေနဲ့ တူတယ်။ နောက်တစ်ဆင့်တက်ဖို့ သော့အသစ်တွေလိုတယ်။ တချို့သော့တွေကအဆင့်တော်တော်များများကိုဖွင့်ပေးနိုင်တဲ့ ပါဝါရှိတယ်။ ဒါကို မာစတာကီးလို့ခေါ်ကြတယ်။ ကိုယ့်ဘဝရဲ့ လှေကားထစ်တော်တော်များများတက်နိုင်အောင်တံခါးတွေဖွင့်ဖို့ ကူညီခဲ့ပေးတဲ့ သော့အကြံဥာဏ် အိုင်ဒီယာတစ်ခုဆိုဘာများဖြစ်နေမလဲ? Phyo Paing @ Derek

မာစတာကီး Read More »

အိုင်ဒီယာသစ်၊ အမြင်သစ်၊
အတွေးအခေါ်အသစ်တွေလိုတယ်။

နေ့တိုင်းစာဖတ်တယ်၊သင်တန်းတက်တယ်လို့ မစဉ်းစားနဲ့။Research လုပ်တယ်လို့ စဉ်းစားကြည့်။လုပ်ငန်းတစ်ခုကို ပိုက်ဆံရှာပေးတဲ့အရာ နှစ်ခုပဲရှိတယ်တဲ့။တီထွင်ဆန်းသစ်မှု နဲ့ မားကတ်တင်းတဲ့။ တီထွင်ဆန်းသစ်ဖို့အိုင်ဒီယာသစ်၊ အမြင်သစ်၊အတွေးအခေါ်အသစ်တွေလိုတယ်။ Phyo Paing @ Derek 27 March စမည့် Sapwar Marketing အတွက်ပြည့်စုံအောင်လုပ်ရင်း။

အိုင်ဒီယာသစ်၊ အမြင်သစ်၊
အတွေးအခေါ်အသစ်တွေလိုတယ်။
Read More »

ဒါကြောင့် အိုင်ဒီယာအသစ်တွေနဲ့
ထိတွေ့နေဖို့လိုတယ်။

အိုင်ဒီယာတစ်ခု၊အတွေးအခေါ်တစ်ခုကကိုယ့်ဘဝသွားနေတဲ့လမ်းကြောင်းကိုအကြီးအကျယ် အလင်းပွင့်သွားစေနိုင်တယ်။ အကြီးအကျယ် မြန်နှုန်းမြင့်သွားစေနိုင်တယ်။အကြီးအကျယ် အပြောင်းအလဲဖြစ်သွားစေနိုင်တယ်။ဒါကြောင့် လူတွေ စာဖတ်ကြတယ်။ဒါကြောင့် အိုင်ဒီယာအသစ်တွေနဲ့ထိတွေ့နေဖို့လိုတယ်။ Phyo Paing @ Derek

ဒါကြောင့် အိုင်ဒီယာအသစ်တွေနဲ့
ထိတွေ့နေဖို့လိုတယ်။
Read More »

ဖြစ်အောင် ဒီအချက်အလက်တွေ သတိထားနဲ့၊ မဖြစ်နိုင်ဘူးဆိုတာနဲ့က မတူကြဘူး။

ကိုယ့်အတွက် မဖြစ်နိုင်တဲ့အရာကသူများအတွက် ဖြစ်နေနိုင်တာမျိုးများဖြစ်နေမလား။ ဟင်နရီဖို့ပြောသလိုဖြစ်နိုင်မယ်လို့ထင်ထင်၊မဖြစ်နိုင်ဘူးလို့ထင်ထင်၊မင်းမှန်တယ်တဲ့။ ဒါကြောင့် ကိုယ်လိုချင်တဲ့ရလဒ်ရဖို့မဖြစ်နိုင်ဘူးလို့ လုံးဝယုံကြည်ထားသူတွေနဲ့ခဏခဏ မတွေ့မိအောင်နေတယ်။ အိုင်ဒီယာတွေ ကူးမှာစိုးလို့။ ဖြစ်အောင် ဒီအချက်အလက်တွေ သတိထားနဲ့၊မဖြစ်နိုင်ဘူးဆိုတာနဲ့က mymedic.es မတူကြဘူး။ Phyo Paing @ Derek

ဖြစ်အောင် ဒီအချက်အလက်တွေ သတိထားနဲ့၊ မဖြစ်နိုင်ဘူးဆိုတာနဲ့က မတူကြဘူး။ Read More »