job

အလုပ် ၄ မျိုး

တာဝန်ရှိတဲ့အလုပ်၊လုပ်သင့်တဲ့အလုပ်၊ကိုယ်လုပ်ချင်တဲ့အလုပ်၊ကိုယ်ဂုဏ်ယူတဲ့အလုပ်။ ကိုယ့်သားသမီး၊ မိဘ၊မိသားစု၊ အသိုင်းအဝိုင်း၊နေထိုင်တဲ့ပတ်ဝန်းကျင်ဒါက တာဝန်ရှိတဲ့အလုပ်။ ကျောင်းတက်ဘွဲ့ရ၊အလုပ်ခွင်ဝင် ပိုက်ဆံရှာအတွေ့အကြုံယူ၊အစားအသောက်ဆင်ခြင်၊လေ့ကျင့်ခန်းလုပ်၊ပေါင်းတတ်သင်းတတ်ဖို့လုပ်။ဒါက လုပ်သင့်တဲ့အလုပ်။ ဝါသနာပါတဲ့အရာ၊ကိုယ့်ကိုပျော်စေတဲ့အရာ၊ရင်ခုန်စေတဲ့အရာ၊မလုပ်ရမနေနိုင်တဲ့အရာဒါက ကိုယ်လုပ်ချင်တဲ့အလုပ်။ စဥ်းစားတိုင်း ပီတိဖြစ်စေတာ၊ငါဘယ်သူဆိုတဲ့ ခံစားမှုပေးတာ၊ကိုယ့်ဘဝအဓိပ္ပာယ်ရှိစေတာကိုယ်ဂုဏ်ယူတဲ့အလုပ်။ သားရေးသမီးရေး၊မိဘ၊ အမျိုး၊ နေထိုင်ရာအတွက်ကျန်းမာရေးအတွက်၊စားဝတ်နေရေး၊ဘဝအဓိပ္ပာယ်အတွက်အလုပ်လေးမျိုး နေ့စဥ်လုပ်နေရတတ်တယ်။ Phyo Paing @ Derek

အလုပ် ၄ မျိုး Read More »

အလုပ်ဆိုတာ လွတ်မြောက်ရာပဲ။

ကိုယ့်ဘဝရဲ့ ထွက်ပေါက်ကကိုယ်ချစ်ရ၊ မြတ်နိုးရတဲ့ အလုပ်ပဲ။ဒါကြောင့် ကမ္ဘာကြီးပျက်နေလဲကမ္ဘာပျက်ထဲက ထွက်ဖို့ အလုပ်ကမ္ဘာမှာ ရင်ခုန်စရာ၊ ပျော်စရာ၊ စူးစမ်းစရာတွေနဲ့ ပြည့်နက်နေတတ်တယ်။ အဲ့ဒီ အလုပ်တွေ့တဲ့အခါဘဝနဲ့ ကိုယ်နဲ့ တစ်သားတည်းကျသွားတယ်။Work-life balance ဆိုတဲ့ စကားမလိုတော့ဘူး။ အလုပ်ဆိုတာ လွတ်မြောက်ရာပဲ။ Phyo Paing @ Derek

အလုပ်ဆိုတာ လွတ်မြောက်ရာပဲ။ Read More »

အချိန်ကုန်လို့ကုန်မှန်းမသိ

ကိုယ်လုပ်နေတဲ့ အလုပ်ကိုမချစ်ဘူး၊ တန်ဖိုးမထားဘူး၊မမြတ်နိုးဘူးဆိုရင်တစ်ရက်ကို ဆယ်နာရီ၊ဆယ့်နှစ်နာရီကိုအချိန်ကုန်လို့ကုန်မှန်းမသိလုပ်နေနိုင်ဖို့ မလွယ်ဘူး။ If you don’t love, value, or respect the work you’re doing, it’s not easy to spend ten or twelve hours a day without realizing where the time has gone. Being engaged in such work can be challenging. Phyo Paing @ Derek

အချိန်ကုန်လို့ကုန်မှန်းမသိ Read More »

Job, Career, Calling

တချို့က ခဏတာငွေရဖို့အလုပ်လုပ်တယ်။ဒါကို Job အလုပ် လို့ခေါ်တယ်။ တချို့က ဘဝအတွက်အသက်မွေးဝမ်းကျောင်းပညာတည်ဆောက်ပြီးဒီအပေါ်အခြေခံပြီး ရေရှည်အသက်မွေးတယ်။ဒါကို Career လို့ခေါ်တယ်။ တချို့က နှလုံးသားရဲ့ခေါ်သံ၊ဘဝရဲ့သမိုင်းပေးတာဝန်ကိုဖြည့်ဆည်းဖို့ကိုယ်ရဲ့ပါရမီ၊ အားသာချက်၊​ဝါသနာတွေကိုတွေနဲ့ လုပ်ဆောင်တယ်။ဒါကို Calling လို့ခေါ်တယ်။ Phyo Paing @ Derek

Job, Career, Calling Read More »

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။

နယ်ပယ်တိုင်းမှာအောင်မြင်နေတဲ့သူတွေဘာအလုပ်လုပ်လဲ? ကိုယ်မတွေးပဲ မနေနိုင်တဲ့ အလုပ်ကိုလုပ်ကြတာများတယ်။ တွေးဖို့ သီးသန့်အချိန်ပေးနေစရာမလိုဘူး။သိစိတ်၊ မသိစိတ် နှစ်ခုလုံးအလုပ်လုပ်နေတယ်။ Phyo Paing @ Derek

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။
Read More »