life experience

အမြင်မမှန်ရင် အမြန်မမြင်ဘူး။

လူတွေနဲ့ ပတ်သက်တဲ့အမြင်မမှန်ရင်လူတွေကြောင့် စိတ်ညစ်ရလိမ့်မယ်။ ယောကျာ်းတွေနဲ့ ပတ်သက်တဲ့အမြင်မမှန်ရင်ယောကျာ်းတွေကြောင့် စိတ်ညစ်ရမယ်။ မိန်းမတွေနဲ့ ပတ်သက်တဲ့အမြင်မမှန်ရင်မိန်းမတွေကြောင့် စိတ်ညစ်ရလိမ့်မယ်။ စီးပွားရေးအမြင်အမှန်ရင်စီးပွားရေးကြောင့် စိတ်ညစ်ရမယ်။ ဝန်ထမ်းရေးရာအမြင်မမှန်ရင်ဝန်ထမ်းကြောင့် ထပ်ခါထပ်ခါစိတ်ညစ်ရမယ်။ ငွေကြေးအမြင်မမှန်ရင်ငွေကြေးကြောင့်အမြဲစိတ်ညစ်ရမယ်။​ ကိုယ့်ကိုကိုယ်နားမလည်လို့အမြင်မမှန်ရင်ကိုယ့်အကြောင်းကိုယ်စဥ်းစားလောကကြီးကို အားမရအမြဲစိတ်ညစ်ရလိမ့်မယ်။ အမြင်မမှန်ရင် အမြန်မမြင်ဘူး။ မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ ကသိပ်ကို အရေးကြီးတယ်။ Phyo Paing @ Derek

အမြင်မမှန်ရင် အမြန်မမြင်ဘူး။ Read More »

လူတိုင်းက ကိုယ်နဲ့ထိုက်တန်တာကိုဘဲ
ရတတ်ကြတယ်။

အရမ်းတော်တဲ့ဝန်ထမ်းတစ်ယောက်ခပ်ညံ့ညံ့လုပ်ငန်းရှင်ဆီရောက်ရင်ကြာကြာခံမှာမဟုတ်ဘူး။ အရမ်းတော်တဲ့အမျိုးသား၊အမျိုးသမီးတစ်ယောက်ခပ်ခြာခြာပါတနာနဲ့နေတာများလာတဲ့အခါခြေကျင်းကြိုးနဲ့ ဒရွတ်တိုက်သွားနေရသလိုရှေ့ရောက်သင့်သလောက်မရောက်မောပန်းနေမှာပဲ။ အရမ်းစွမ်းတဲ့ အေအိုင်မတွေးတတ်တဲ့ ငတုံးနဲ့တွေ့တဲ့အခါငတုံးလိုဘဲ ဖြစ်နေမှာပဲ။​ လူတိုင်းက ကိုယ်နဲ့ထိုက်တန်တာကိုဘဲရတတ်ကြတယ်။ ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကပိုကောင်းလာလေလေကိုယ့်ကိုကိုယ် ပိုကောင်းအောင်လုပ်လာရလေပဲ။ Phyo Paing @ Derek

လူတိုင်းက ကိုယ်နဲ့ထိုက်တန်တာကိုဘဲ
ရတတ်ကြတယ်။
Read More »

ကံကောင်းတာထက် ပိုကောင်းတာရှိတယ်။

ကံကောင်းလိုက်တာနော်။ဒါမျိုးကို အားကျတတ်ကြတယ်။ ကံကောင်းတာထက် ပိုကောင်းတာရှိတယ်။ဒါကတော့ ဒူပေဒဏ်ပေခံသွားတာဖြစ်ပါတယ်။ အင်္ဂလိပ်လိုဆို antifragile ဖြစ်ပါတယ်ဖိအားတွေ၊ စိတ်ဖိစီးမှုတွေ၊ မသေချာမရေရာမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ပိုပြီးတော့တောင် သန်မာအားကောင်းလာတဲ့ သဘောသဘာဝကို ဆိုလိုပါတယ်။ ဒီသဘောတရားကို Nassim Nicholas Taleb က စတင်တီထွင်ခဲ့တာပါ။ ဥပမာများနဲ့ရှင်းပြရရင် – ၁။ ကြွက်သားစနစ် – ဝိတ်မတဲ့အခါ ကြွက်သားတွေဟာ အရင်ကထက် ပိုကြီးထွားလာပါတယ်။ ဒါဟာ antifragile ရဲ့ ဥပမာတစ်ခုပါ။ ၂။ ကုမ္ပဏီတစ်ခုဟာ စီးပွားရေးအကျပ်အတည်းကို ကျော်ဖြတ်ပြီးတဲ့အခါ ပိုပြီးခိုင်မာလာတာမျိုး ၃။ စိတ်ဓာတ်ရေးရာမှာဆိုရင် အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီးတဲ့အခါ ပိုပြီးတောင့်တင်းလာတာမျိုး အန်တီဖရာဂိုင်းက “ကံကောင်းချက်” နဲ့မတူပါဘူး။ ကံကောင်းချက်က ဖိအားတွေကြောင့် ပျက်စီးသွားနိုင်ပေမယ့် အန်တီဖရာဂိုင်းက ဖိအားတွေကြောင့် ပိုအားကောင်းလာတဲ့သဘောပါ။ ဒီသဘောတရားကို နားလည်ထားခြင်းအားဖြင့်

ကံကောင်းတာထက် ပိုကောင်းတာရှိတယ်။ Read More »

“ကိုယ်မပျော်တဲ့ ဂိမ်းကို
ရေရှည်မကစားနဲ့။

ဘဝရဲ့ ပေးထားချက်တွေကြားမှာကိုယ်ကြိုက်တဲ့ မေးထားချက်ကို ရွေးချယ်ဖြေလို့ရတယ်။ ကိုယ်ဘယ်ကို ဖြေမလဲဘယ်လိုဖြေမလဲ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။” တစ်ခါတစ်လေ ဘဝကို ဂိမ်းတစ်ခုလို မြင်ကြည့်ကြရအောင်။ဂိမ်းတစ်ခုကို ငယ်ငယ်တုန်းက ကျွန်တော်တို့ ကစားဖူးကြမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းဆိုရင် တစ်ညလုံး အိပ်ရေးပျက်ပြီး ဆော့ချင်တယ်။ မနက်စာ စားဖို့တောင် မေ့နေတက်ကြတယ်မဟုတ်လား။ ဒါပေမယ့် မကြိုက်တဲ့ဂိမ်းဆို ၅မိနစ်တောင် မဆော့ချင်ဘူး။ ပျင်းစရာကြီးလို့ ပြောပြီး ဖယ်ထားလိုက်မယ်။ အဲ့လိုပါပဲ – လူ့ဘဝမှာလည်း ကိုယ်မပျော်တဲ့ အလုပ်တွေ၊ ပတ်ဝန်းကျင်တွေ၊ ဆက်ဆံရေးတွေကို အချိန်ကြာကြာ လုပ်နေမယ်၊ နေနေမယ်ဆိုရင် ကိုယ့်ဘဝ တစ်ခုလုံး ပျော်ရွှင်မှု ကင်းမဲ့သွားနိုင်တယ်။ ဥပမာ – စိတ်မပါတဲ့ အလုပ်ကို နှစ်နဲ့ချီပြီး လုပ်နေတာမျိုး၊ မတည့်တဲ့သူတွေနဲ့ နေ့တိုင်းတွေ့နေရတာမျိုး၊ မကြိုက်တဲ့နေရာမှာ နှစ်အတော်ကြာ နေနေရတာမျိုးပေါ့။

“ကိုယ်မပျော်တဲ့ ဂိမ်းကို
ရေရှည်မကစားနဲ့။
Read More »

ကိုယ့်ဘဝ ကိုယ်နဲ့အဓိကဆိုင်တယ်။

ဒီခံယူချက်ထားမှပဲကိုယ့်ဘဝကိုယ် တာဝန်ယူနိုင်မယ်။ ကမ္ဘာပေါ်မှာ လူပေါင်းသန်း ၈ ထောင်ကျော်မှာ ကိုယ်တစ်ယောက်တည်းဒုက္ခရောက်နေတာမဟုတ်ဘူး။ ဘဝဒုက္ခတွင်းထဲက ထွက်ချင်ရင်ကယ်တင်ရှင်ရှာနေလို့မရဘူး။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးမှပဲရမယ်။ ဘဝမှာ ကြုံတွေ့ရတဲ့ဒုက္ခ အထူအပါးကပေးထားတဲ့ အခြေအနေကို “နားလည် သဘောပေါက်မှု”နဲ့ ဆိုင်တယ်။ ယုံကြည်မှုတစ်ခုတည်းနဲ့ လုပ်လို့မရတာမျိုးဖြစ်တတ်တယ်။ ၁၀ ထပ်တိုက်ပေါ်က ခုန်ချမယ်။ဘာမှ မဖြစ်ဘူးလို့ ယုံကြည်တယ်။ခုန်ချ သေမှာပဲ။ သဘာဝတရားကို သေချာနားလည်သဘောပေါက်ဖို့လိုတယ်။ ဒါကို ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာလဲသမ္မာဒိဋ္ဌိ  မှန်သော အယူအမြင်ရှိရမယ်လို့ဟောကြားခဲ့တယ်။ လောကသဘာဝ နိယာမတွေသိအောင်ရူပဗေဒ physics ကိုသင်ကြားလေ့လာခဲ့တယ်။မတူညီတဲ့ ဒြပ်စင်တွေ ဓာတ်ပြုတာသိဖို့ဓာတုဗေဒ chemistry ကို လေ့လာတယ်။ လူသဘောမနော လူ့အကြောင်းနားလည်ဖို့စိတ်ပညာ psychology လေ့လာတယ်။ ပြဿနာပုစ္ဆာတွေ အဖြေရှာတတ်ဖို့ သင်္ချာ maths လေ့လာတယ်။ လူတိုင်းဘဝမှာ မွေးကတည်းကပေးထားချက်ရှိတယ်။ဘဝရဲ့ အခြေအနေကြောင့် ပေါ်ပေါက်လာတဲ့မေးထားချက်တွေရှိတယ်။

ကိုယ့်ဘဝ ကိုယ်နဲ့အဓိကဆိုင်တယ်။ Read More »

ကိုယ်နဲ့ခင်နေတဲ့သူတွေရုတ်တရက် စိမ်းသွားတာ ကြုံဖူးလား။

ကိုယ်နဲ့ခင်နေတဲ့သူတွေရုတ်တရက် စိမ်းသွားတာ ကြုံဖူးလား။ တခါတလေ ဘဝကအဲ့လိုပဲ။ဘာနဲ့တူလဲဆိုရထားတစ်စင်းတူတူသွားနေတာနဲ့တူတယ်။တချို့က တခြားလမ်းတွေသွားဖို့ဆင်းသွားတယ်။တချို့က တခြားခရီးဆက်တယ်။ ကိုယ်နဲ့ စိမ်းသွားတာကိုယ့်ကို မခင်တော့လို့မဟုတ်ဘူး။​ကိုယ်က အသုံးမကျလို့မဟုတ်ဘူး။​ပေါင်းသင်းဆက်ဆံရေးမကောင်းလို့လဲမဟုတ်သလိုအထင်လွဲတာလဲ ဟုတ်ချင်မှဟုတ်မယ်။​လိုသုံးလုပ်သွားတာလဲ ဟုတ်ချင်မှဟုတ်မယ်။ လာရာတွေတူလဲလားရာမတူရင်ရင်းနှီးမှု မတူကြတော့ဘူး။ Phyo Paing @ Derek

ကိုယ်နဲ့ခင်နေတဲ့သူတွေရုတ်တရက် စိမ်းသွားတာ ကြုံဖူးလား။ Read More »