personal

ကိုယ့်အတွက် အကျိုးစီးပွါး
အခုရော၊ ရေရှည်အတွက်ပါမရှိဘဲ
လာဘူနေတဲ့သူတွေကို
ဖယ်နိုင်စွမ်းက ဘာနဲ့မှမလဲနိုင်ဘူး။

လူမှုကွန်ယက် social media မှာအကြိုက်ဆုံးက ban လုပ်နိုင်တာ။ကိုယ့်အတွက် အကျိုးစီးပွါးအခုရော၊ ရေရှည်အတွက်ပါမရှိဘဲလာဘူနေတဲ့သူတွေကိုဖယ်နိုင်စွမ်းက ဘာနဲ့မှမလဲနိုင်ဘူး။X မှာတော့ block လို့ရတာဖယ်မယ်ပြောတယ်။ လူတွေက မွဲနေရင်မပျော်ဘူး။ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်ရင်မပျော်ဘူး။အချစ်မရှိရင်လဲ မပျော်ဘူး။ပလစ်ခံရရင်လဲ မပျော်ဘူး။မပျော်ရင် ဒီအပူကိုတခြားသူကိုပေးချင်တယ်။ဂရုစိုက်ရတယ်။ ချစ်ကျွမ်းဝင် romantic ဖြစ်နေတဲ့သူနူးညံ့နေတာကြည့်ရင်ပျော်တဲ့သူက အပျော်တွေပေးနိုင်တယ်။ဘူမွဲက ဘူတာ၊ မွဲတာပေးနိုင်တယ်။ကိုယ့်အကြောင်းထက် သူများအကြောင်းပိုစိတ်ဝင်စားမယ်။လူတွေက အမှိုက်ရှိမှ အမှိုက်လိုက်ပစ်တာ။လက်မခံဖို့လိုတတ်တယ်။ Phyo Paing @ Derek

ကိုယ့်အတွက် အကျိုးစီးပွါး
အခုရော၊ ရေရှည်အတွက်ပါမရှိဘဲ
လာဘူနေတဲ့သူတွေကို
ဖယ်နိုင်စွမ်းက ဘာနဲ့မှမလဲနိုင်ဘူး။
Read More »

ကိုယ့်ဘဝ ကိုယ်တာဝန်မယူနိုင်ဘူးဆိုတာ
ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်လို့။

ကိုယ်လိုချင်တာ မရရင်ဘယ်သူ့မှ အပြစ်တင်မနေဘူး။ကိုယ်အသုံးမကျသေးလို့ပဲတိုးတက်ဖို့လိုနေသေးလို့ပဲခံယူတယ်။ ဒါကတော့ ဗုဒ္ဓအဆုံးအမကြောင့်လို့ပြောရင်လဲ မမှားဘူး။ အခြေခံအကျဆုံးဖြစ်တဲ့ အရွယ်ရောက်ပြီးကိုယ့်ဘဝ ကိုယ်တာဝန်မယူနိုင်ဘူးဆိုတာကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်လို့။ ကိုယ်လိုချင်တာမရတာ ကိုယ်အရည်အချင်း မပြည့်မှီသေးလို့။ Phyo Paing @ Derek

ကိုယ့်ဘဝ ကိုယ်တာဝန်မယူနိုင်ဘူးဆိုတာ
ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်လို့။
Read More »

ကိုယ့်ဘဝရဲ့ အကောင်းဆုံး
ဖန်တီးမှုက “ကိုယ်” ပဲ။

နေ့စဥ် “သေချာ” ဖန်တီးနေဖို့လိုတယ်။ မနက်ဖြန်မှာဖြစ်လာမည့် “ကိုယ်” လောက်ရင်ခုန်စရာများများစားစား သိပ်မရှိဘူး။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ အကောင်းဆုံး
ဖန်တီးမှုက “ကိုယ်” ပဲ။
Read More »

Personal Branding ဆိုတာ

လူတွေရဲ့အထင်အမြင်ကိုဂရုမစိုက်ပဲ psychological freedomစိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုရဖို့ကိုယ်နေ့စဥ်နေထိုင်နေတဲ့ဘဝနေထိုင်မှုအတွက် ငွေကြေးကိုတခြားသူတွေ မျက်နှာမကြည့်ပဲပုံမှန်ဝင်နေတဲ့ စနစ်တစ်ခုတည်ဆောက်ထားဖို့လိုတယ်။ Page တွေဖွင့်ပြီး personal branding တို့၊blogging သို့ vlogging လုပ်တဲ့အခါငါရောင်းစရာမလိုပဲ တင်ချင်တာတင်မယ်။ဒီလို အတွေးထားနိုင်ဖို့ကFollower တွေဆီက ငွေမရှာပဲmonetization မလုပ်ပဲ ရပ်တည်နိုင်ဖို့မဟာဗျူဟာစဥ်းစားထားဖို့လိုတယ်။ မဟုတ်ရင် ငါတင်ချင်တာတင်မယ်ဆိုတဲ့authenticity စစ်မှန်မှုကငါ့ဆီမဝယ်တော့ရင် ဘယ်လိုဖြစ်မလဲဆိုတဲ့အဿပြာဆီ အာရုံရောက်ရောက်ပြီးကိုယ့်ကိုကိုယ် express ထုတ်ဖော်နိုင်မှာမဟုတ်ဘူး။​ Personal Branding ဆိုတာလူတွေ အထင်ကြီးအောင်လုပ်နေတာကိုပြောတာထက် “ကိုယ့်ရဲ့ရပ်တည်ချက်”၊“တန်ဖိုးထားမှု”၊ “ဖြစ်တည်မှု”၊“ဘဝဖြတ်သန်းမှု”၊ “ယုံကြည်မှု” ဖြစ်စဥ်ကိုမျှဝေရင်း ကိုယ်နဲ့ အတွေးသူတဲ့လူတွေစုစည်းမိပြီး tribe လူမျိုးစုတစ်စုcommunity လူမှုအပေါင်းအသင်းတစ်ခုဖြစ်သွားတာမျိုးကို ဆိုလိုတာ။ လူတိုင်းက ကိုယ့်လိုစဥ်းစားမှာမဟုတ်ဘူး။လူတိုင်းကိုယ့်ကို သဘောကျနေအောင်လုပ်နေရင်တစ်ခုခုတော့ မှားနေပြီဆိုတာ မှန်တယ်။ Phyo Paing @ Derek

Personal Branding ဆိုတာ Read More »

အပေါ်ယံ relationship တွေနဲ့
deeper level of intimacy ကိုမရဘူး

တချို့သူတွေရဲ့ ငယ်ဘဝဖြတ်သန်းမှုကသူတို့ရဲ့ relationship မှာလွမ်းမိုးမှုရှိတယ်။တချို့က တစ်ယောက်ကို တစ်ရာရာခိုင်နှုန်းယုံပြီးပုံအပ် commit လုပ်ဖို့မသိစိတ်ထဲမှာ ကြောက်နေရတတ်တယ်။နာကျင်မှာ၊ အဆင်မပြေမှာ၊ လွတ်လပ်မှုတွေ ဆုံးရှုံးသွားမှာ။ဒီတော့ အပေါ်ယံ relationship တွေနဲ့deeper level of intimacy ကိုမရဘူး။ဒါက ငယ်ငယ်က နာကြင်မှုTrauma response လို့ဆိုကြတယ်အားတီ၊ အားမေတို့။ ℙ𝕙𝕪𝕠 Paing @ Derek

အပေါ်ယံ relationship တွေနဲ့
deeper level of intimacy ကိုမရဘူး
Read More »

Professional မှာ ကိုယ်ပေးတဲ့
ကတိတည်ရမယ်

အသိ၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ရင်းနှီးမိတ်ဆွေ၊စီးပွါးရေးပါတနာ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးမှု အတိုင်းအတာမတူသလိုဝင်ပါလို့ရတဲ့ စည်းမတူဘူး။ဒါကို နားလည်ဖို့လိုတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာစေတနာဆိုတဲ့စကားနဲ့ ကိုယ်နဲ့မဆိုင် ဝင်ပါချင်ကြတာသတိထားရမည့် အပိုင်းပဲ။ Personal, Professional နဲ့ Business ကိုမရောမိဖို့လိုတယ်။ကိုယ့်စည်းနဲ့ ကိုယ်ပဲ။သူများပိုက်ဆံယူပြီးရင်Professional မှာ ကိုယ်ပေးတဲ့ ကတိတည်ရမယ်။စိတ်ပါတာ မပါတာ အရေးမကြီးဘူး။ကိုယ့်စည်း ကိုယ်စောင့်ဖို့အရေးကြီးတယ်။ ℙ𝕙𝕪𝕠 Paing @ Derek

Professional မှာ ကိုယ်ပေးတဲ့
ကတိတည်ရမယ်
Read More »

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ဖြတ်သန်းဖို့

၁။ တစ်ခုခုဆို တည့်ဒိုးပြော။ အဆင်ပြေရင် ပြေတယ်။မပြေရင်မပြေဘူး။အိညောင်၊ အိညောင်မလုပ်နဲ့။ ၂။ ဘူကောင်တွေကို ရှောင်။ ပျော်လဲမပျော်၊ အမြဲလဲစိတ်တိုင်းမကျ၊မလိုချင်တာတွေပဲမြင်တဲ့ ဘူပိတ်နေတဲ့သူ။ ၃။ ကိုယ့် personal နဲ့ အလုပ်ကိုခွဲထား။ကိုယ့် personal ကို ဝင်ရောက်အစွက်ဖက်မခံနဲ့။ ၄။ ကိုယ့်အလုပ်ကို သေချာ design လုပ်။ ၅။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူတွေကိုသေချာ ဂရုပြု။ အဖြစ်လုပ်ပြီး အလုပ်မဖြစ်တဲ့သူတွေကိုရှောင်။ ၆။ ကိုယ်သွားနေတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလာမေးခွန်းထုတ်တာမျိုးမလုပ်ခိုင်းနဲ့။ ၇။ ဘာလုပ်လုပ် အကန့်ခြားထား။Boundaries လိုတယ်။မဟုတ်ရင် လူမလေး၊ ခွေးမခန့်။ ℙ𝕙𝕪𝕠 Paing @ Derek

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ဖြတ်သန်းဖို့ Read More »

တချို့လူတွေက သတ်မှတ်ချက်
ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်

ဆယ်ကျော်သက်အရွယ်မှာကျတော့မြင်မြင်သမျှ အသစ်ပဲ။Fresh ဖြစ်နေတယ်။လောက ကြီးကစူးစမ်းချင်စရာကြီး။ နှစ်ဆယ်၊ နှစ်ဆယ့်ငါးကျော်လာတော့သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းမှာအံဝင်ဂွင်ကျဖြစ်အောင် လုပ်လာရပြီ။ အဲ့ဒီသတ်မှတ်ချက် လှေကားထစ်ကိုတစ်ဆင့်ချင်းတတ်ဖို့ နည်းလမ်းရှာကြရပြီ။ သုံးဆယ်ကျော်လာတဲ့အခါကျဗိုက်ကလေးက ပူလာပြီ။စူပါ၊ မနေနေဂျာဖြစ်လာပြီ။လုပ်ငန်းလုပ်တော့မယ်ဆိုရင်လည်းနှစ်ဆယ်ကျော်လောက်က ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ တစ်ခုခုဆို မျက်စိမှိတ် ယုံကြည် ချမယ်ဆိုတဲ့စိတ်ပျောက်လာပြီ။ အသက်လေးဆယ်ကျော်တဲ့အခါကိုယ့်နယ်ပယ်မှာ လူတော်တော်များများနဲ့လည်းသိလာပြီ။အိုးနဲ့ အိမ်နဲ့ သားရေး၊ မယားရေးနဲ့လူရိုသေရှင်ရိုသေ နေရာလေးလည်းရလာတတ်တဲ့အချိန်။ လောလောပြီးကနေရတာ လောကထဲ။ တချို့လူတွေက အဲ့ဒီသတ်မှတ်ချက်ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်။အမြဲတမ်းစူးစမ်းပြီးကိုယ့်ဘဝရဲ့ အတန်းသင်ခန်းစာဘဝ curriculum ကိုကိုယ်တိုင်တည်ဆောက်ကြတယ်။ အဲ့ဒီ ဘောင်တွေက လူတွေကိုသိုးတစ်ကောင်လိုဖြစ်အောင်ထိန်းချုပ်ထားတာမျိုးဖြစ်စေတယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲမှုကဘောင်ထဲမှာနေပြီး ဖြစ်လာဖို့မလွယ်ဘူး။ Phyo Paing @ Derek

တချို့လူတွေက သတ်မှတ်ချက်
ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်
Read More »

ယောကျာ်းနဲ့ မိန်းမကွာခြားချက်တစ်ခု

အမျိုးသမီးများစု ပြဿနာတစ်ခုစိတ်ညစ်စရာတစ်ခုရှိရင်သူငယ်ချင်းတွေနဲ့ မျှဝေရင်ဖွင့်ပြီးအချိန်တစ်ခုရောက်ရင် မေ့မေ့ပျောက်ပျောက် ဖြစ်တတ်ကြတယ်။ ယောကျာ်းအများစုကျတော့ ကိုယ့်ရဲ့ lowest point ရောက်တာကိုဝန်ခံချင်တဲ့စိတ်နည်းကြတယ်။အများစုက အတွင်းကြေပဲသွားတတ်ကြတယ်။ဖွင့်ပြောမှု သိပ်မပြုတတ်ကြဘူး။ဖွပ်ပြီးကြိတ်ခံစားဖြေရှင်းတတ်ကြတယ်။ အမျိုးသားတစ်ယောက်ရဲ့ ပါဝါကလူ့အဖွဲ့အစည်းတစ်ခုမှာလူရိုသေရှင်ရိုသေဖြစ်ဖို့ အတွက်အလုပ်အကိုင်စွမ်းရည်၊နေရာ ရာထူး၊ ငွေရှာနိုင်စွမ်း၊ပညာနဲ့ အပေါင်းအသင်းစဉ်းစားစရာတွေ အများကြီးရှိတယ်။ ဒါတွေကို အမျိုးသားတွေကမပြောတာပဲရှိတယ်။အနည်းနဲ့ အများအကုန်နားလည်ထားကြတယ်။ ဒီ social structure တစ်ခုထဲမှာဝင်ဆန့်ဖို့နဲ့ နေရာတစ်ခုရဖို့မပြောတာပဲရှိတယ်။စဉ်းစားကြံဆနေကြတာကြီးပဲ။ ဒါကြောင့်တခါတလေ အမျိုးသမီးအများစုက သတိမထားမိတာ၊အကြံမလိုအပ်ပဲ အကြံပေးတာ၊အားမလိုအားမရဖြစ်တာမျိုးပြတာ၊ပြောတာ၊ စိတ်ကောက်အပြစ်ပေးတာ၊ဒါမျိုးသတိမပြုမိပဲ လုပ်မိတတ်တယ်။ စဉ်းစားမိတာတစ်ခုက Alpha male အမျိုးသားတစ်ယောက်အတွက်အရေးအကြီးဆုံးက သူ့ lowest point ရောက်တိုင်း နားလည်ပေးတာ။သူနဲ့အတူ လောကဓာတ်ကို ရင်ဆိုင်ဖို့အသင့်ဆိုတာမျိုးဖြစ်တတ်တယ်။ အမျိုးသားတွေရဲ့ ရင်တွင်းဖြစ်ရေးတဲ့စာဘယ်နှစ်ခုများတွေ့ဖူးကြလို့လဲ။အများစုက အမျိုးသမီးအကြောင်းတွေအများစုကို တွေ့ရလိမ့်မယ်။ ကိုယ့်ကိုကိုယ်သတ်သေတဲ့နှုန်းမှာအမျိုးသားတွေက အမျိုးသမီးထက်လေးဆ လောက်ပိုများတာအားလုံးအသိ။ Phyo Paing @ Derek

ယောကျာ်းနဲ့ မိန်းမကွာခြားချက်တစ်ခု Read More »

ဒီ Best Self တည်ဆောက်ရေးကတော့
ကျွန်တော့် တစ်ဘဝလုံး ဒီထဲမှာ
မြုပ်နှံထားမှာပဲ။

ကိုယ့်ကိုကိုယ် တန်ဖိုးရှိမရှိတော့ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်မှာကိုယ်ရှိတဲ့အခါနဲ့ မရှိတဲ့အခါ ဘာလေးတွေကွာခြားသွားနိုင်မလဲစဥ်းစားကြည့်တယ်။ ကိုယ့်ရဲ့ Best Self ဖြစ်အောင်ဖန်တီးရင်း ဒီအတွေ့အကြုံကိုပြန် share ပေးတာဟာ ဒါ ကုသိုလ်ရတာပဲလို့ယူဆထားတယ်။ Best Self ဖြစ်ဖို့Personal အတွက်ဆို စိတ်နဲ့ ကိုယ်ကျန်းမာရေး၊ တိုးတက်ရေး၊ စဥ်းစားတွေးခေါ်နိုင်ရေး၊ ပေါင်းသင်းဆက်ဆံရေး၊တစ်ကိုယ်ရေ စီမံခန့်ခွဲမှုတွေပါတယ်။ လူတွေ မမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲနိုင်တဲ့ အချက်တွေပေါ့။ Professional မှာတော့ ကိုယ်လုပ်တဲ့အလုပ်ကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ဖို့ mastery level ရောက်အောင်ကြိုးစားအားထုတ်မှုတွေပါမယ်။ Business မှာတော့လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ဝန်ထမ်းစီမံခန့်ခွဲတာ၊ စျေးကွက်ရှာပညာ၊စာရင်းဇယား၊ မဟာဗျူဟာနဲ့ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တာတွေပါမယ်။ ကျန်တာတော့ များများစားစားကျွန်တော်လဲသိချင်မှ သိလိမ့်မယ်။ ဒီ Best Self တည်ဆောက်ရေးကတော့ကျွန်တော့် တစ်ဘဝလုံး ဒီထဲမှာ မြုပ်နှံထားမှာပဲ။ ဒါကြောင့် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်အတွက်အကျိုးရှိလိမ့်မယ်လို့တော့ ယူဆတာပဲ။

ဒီ Best Self တည်ဆောက်ရေးကတော့
ကျွန်တော့် တစ်ဘဝလုံး ဒီထဲမှာ
မြုပ်နှံထားမှာပဲ။
Read More »